Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဗျာဒိတ်တော် 22:6 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

6 ထို့နောက် ကောင်းကင်တမန်က ငါ့အား “ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သော စကားဖြစ်၏။ ပရောဖက်ရို့အား ဝိညာဉ်တော်နှင့် ပြည့်ဝစီတော်မူသော အသျှင်ဘုရားသခင်သည် မကြာမီဖြစ်ပျက်ရမည့် အမှုအရာများကို မိမိ၏အခိုင်းအစီရို့အား ဖော်ပြရန် ကောင်းကင်တမန်ကို စီလွှတ်တော်မူယာ” ဟု ပြော၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဗျာဒိတ်တော် 22:6
26 ပူးပေါင်းရင်းမြစ်များ  

လူသားသည် မိမိ၏ကောင်းကင်တမန်တိကို စီရွှတ်ပြီး မကောင်းမှုကို ပြုသောသူတိနှင့် အပြစ်သို့ သွီးဆောင်သောသူ အားလုံးကို သူ၏နိုင်ငံတော်ထဲက ရွီးထုတ်ရန် သူ၏ကောင်းကင်တမန်များကို စီရွှတ်လိမ့်မည်၊


ရှီးသန့်ယှင်းသူ ပရောဖက်တိမှတဆင့် ကတိတော် ထားခသည်နှင့်အညီ၊


“ပညတ်ကျမ်းနှင့် ပရောဖက်ကျမ်းများသည် ဗတ္တိဇံဆရာ ယောဟန်လက်ထက် တိုင်အောင် သက်ရောက်လျက် ဟိ၏။ ယောဟန်လက်ထက်မှစ၍ ဘုရားသခင်၏ နိုင်ငံတော်အကြောင်း သတင်းကောင်းကို ဟောပြောလျက်ဟိ၏။ လူအပေါင်းရို့သည် နိုင်ငံတော်သို့ အနိုင်အထက် တိုးဝင်ကြ၏။


ထိုအခါ ပေတရုသည် သူ၌ ဖြစ်ခသည့် အမှုအရာတိကို သဘောပေါက်လာပြီး “သခင်ဘုရားသည် ဟေရုဒ်၏လက်မှ လည်းကောင်း၊ ယုဒလူမျိုးတိ မျှော်လင့်ထားသောအရာတိုင်းမှ လည်းကောင်း၊ ငါ့အား ကယ်တင်ခြင်းငှာ မိမိ၏ကောင်းကင်တမန်ကို စီရွှတ်လိုက်သည်မှာ လုံးဝ မှန်ကန်သည်ကို အဂု ငါ သိရယာ” ဟု ဆိုလေ၏။


မိမိ၏ မေသျှိယသည် ဒုက္ခဝေဒနာ ခံရမည်ဖြစ်ကြောင်းကို အားလုံးသော ပရောဖက်တိအားဖြင့် ကြိုတင်၍ ဘုရားသခင်က ဗျာဒိတ်ထားတော်မူခသော အရာတိကို ပြည့်စုံစီတော်မူယာ။


ကျမ်းစာတော်မြတ်၌ ရီးထားခသည့်အတိုင်း ဘုရားသခင်သည် ရှီးလွန်လေပြီးသော ကာလကပင် သူ၏ပရောဖက်များအားဖြင့် ကတိပီးထားခသော သတင်းကောင်းတရားဖြစ်သည်။


ထိုသတင်းစကားကို ဟောပြောနိုင်သော ဆုကျေးဇူးသည်လည်း ဟောပြောသောသူ၏ ထိန်းချုပ်မှုအောက်၌ ဟိရမည်။


ညီအစ်ကိုမောင်နှမရို့၊ ငါဆိုလိုသည်ကား၊ ကျန်ကြွင်းသော အချိန်ကာလသည် အလွန် တိုတောင်းလှ၏။ ယခုမှစ၍ အိမ်ထောင်သည် ယောက်ျားများသည် လူလွတ်ကဲ့သို့ နီထိုင်အပ်၏။


ဆင်းရဲဒုက္ခ ရောက်လျက်ဟိသော သင်ရို့သည်လည်း ငါရို့နည်းတူ သက်သာခြင်း ရစီတော်မူလိမ့်မည်။ အသျှင်ယေသျှုသည် မိမိ၏ တန်ခိုးကြီးသော ကောင်းကင်တမန်တိ ခြံရံလျက် မီးလျှံနန့်တကွ ကောင်းကင်မှ ထင်ရှားလာသောအခါ ဤအမှုအရာများသည် ဖြစ်လာလိမ့်မည်။


ထို့အပြင် ငါရို့ကို ဆုံးမပဲ့ပြင်သော အသွီးအသားနှင့် စပ်ဆိုင်သော ဖခင်များသည် ငါရို့အားလုံးမှာ ဟိကြ၏။ ငါရို့သည် ထိုသို့ ဆုံးမပဲ့ပြင်ခြင်းကြောင့် ထိုဖခင်ရို့ကို ရိုသီလေးစားကြ၏။ သို့ဖြစ်လျှင် ငါရို့စိတ်ဝိညာဉ်များ၏ဖခင်ကို သာ၍ပင် နာခံ၍ အသက်ရှင်ကြရမည်မဟုတ်ပါလော။


အကြောင်းမူကား မည်သည့် ပရောဖက်ပြုချက်မျှ လူ့အလိုဆန္ဒအရ ပေါ်လာသည် မဟုတ်။ သန့်ယှင်းသော ဝိညာဉ်တော်၏ နှိုးဆော်ခြင်းကို ခံရသောသူရို့သည် ဘုရားသခင် ထံတော်ပါးမှ လာသော ဗျာဒိတ်တော်ကို ဟောပြောခြင်းသာဖြစ်၏။


သန့်ယှင်းသော ပရောဖက်ရို့ အယင်က ဟောပြောခသည့် စကားများကို လည်းကောင်း၊ သင်ရို့၏ တမန်တော်ရို့မှတစ်ဆင့် ပီးအပ်ခသည့် သခင်ဘုရားဟူသော ကယ်တင်သျှင်၏ ပညတ်တော်ကို လည်းကောင်း သင်ရို့ကို ပြန်လည်သတိရစီရန် ဖြစ်၏။


ဤစာအုပ်သည် ယေသျှုခရစ်တော် ဖွင့်ပြတော်မူသည့်အကြောင်းကို မှတ်တမ်းတင်ထားသောစာအုပ် ဖြစ်၏။ မကြာခင် ဖြစ်ပျက်ရမည့် အမှုအရာများကို မိမိ၏အခိုင်းအစီရို့အား သိစီခြင်းငှာ ဘုရားသခင်သည် ကိုယ်တော်အား ဤဗျာဒိတ်တော်ကို ပီးရခြင်း ဖြစ်ပေ၏။ ခရစ်တော်သည် မိမိ၏ အခိုင်းအစီဖြစ်သော ယောဟန်ပါးသို့ မိမိ၏ကောင်းကင်တမန်ကို စီရွှတ်၍ ဤဗျာဒိတ်တော်ကို ဖွင့်ပြတော်မူ၏။


ကောင်းကင်ဘုံသားရို့၊ ထိုမြို့ ပျက်စီးသည့်အတွက် ဝမ်းမြောက်ကြလော့။ ဘုရားသခင်၏လူများ၊ တမန်တော်များ၊ ပရောဖက်များ ဝမ်းမြောက်ကြလော့။ အကြောင်းမူကား ထိုမြို့သည် သင်ရို့အား ပြုခသမျှအတွက် ဘုရားသခင်သည် ထိုမြို့ကို ပြစ်ဒဏ်စီရင်တော်မူယာ။


ထို့နောက် ကောင်းကင်တမန်က “သိုးသူငယ်တော်၏ မင်္ဂလာပွဲသို့ ဖိတ်ခေါ်ခြင်း ခံရသောသူရို့သည် မင်္ဂလာဟိကြ၏ဟု ရီးမှတ်ထားလော့” ဟူ၍ လည်းကောင်း “ဤစကားသည် ဘုရားသခင်၏နှုတ်တော်ထွက် စကားအမှန်ပင် ဖြစ်၏” ဟူ၍ လည်းကောင်း ငါ့အား ပြောဆို၏။


ပလ္လင်တော်ထက်တွင် စံတော်မူသောအသျှင်က “ယခုအခါ၌ ခပ်သိမ်းသော အရာများကို ငါ အသစ်ဖန်ဆင်းယာ” ဟု မိန့်တော်မူ၏။ ကိုယ်တော်က “ဤစကားများသည် သစ္စာစကား၊ ဟုတ်မှန်သောစကား ဖြစ်၏၊ ရီးမှတ်၍ ထားလော့” ဟု ငါ့အား မိန့်တော်မူ၏။


ထို့နောက် နောက်ဆုံးသော ဘေးဒဏ်ခုနစ်ပါးနှင့် ပြည့်သော ခွက်ဖလား ခုနစ်လုံးကို ကိုင်ထားသည့် ကောင်းကင်တမန် ခုနစ်ပါးအနက် တစ်ပါးသည် ငါ့ထံသို့ လာ၍ “လာကတ်။ သိုးသူငယ်တော်၏ မယားတည်းဟူသော မင်္ဂလာဆောင်သတို့သမီးကို သင့်အား ငါပြမည်” ဟု ဆို၏။


ထို့နောက် ကောင်းကင်တမန်သည် ငါ့အား အသက်ရီစီးရာ မြစ်ကိုလည်း ပြ၏။ ထိုမြစ်သည် သလင်းကျောက်ကဲ့သို့ ကြည်လင်တောက်ပကာ ဘုရားသခင်နှင့် သိုးသူငယ်တော်၏ပလ္လင်မှ ထွက်၍၊


“ငါ ယေသျှုသည် အသင်းတော်များ၌ ဟိကြသော သင်ရို့အား ဤအကြောင်းအရာများကို ကြေညာရန် ငါ၏ကောင်းကင်တမန်ကို စီလွှတ်လိုက်၏။ ငါသည် ဒါဝိဒ်၏အနွယ်ဝင်ဖြစ်၏။ တောက်ပသော မိုးသောက်ကြယ်လည်း ဖြစ်၏။”


ယေသျှုကလည်း “နားထောင်လော့၊ ငါသည် မကြာမီ ကြွလာမည်။ ဤကျမ်းစောင်တွင် ပါဟိသည့် ပရောဖက်ပြုထားသော စကားများကို လိုက်လျှောက်သော သူရို့သည် မင်္ဂလာဟိ၏” ဟု မိန့်တော်မူ၏။


ထို့နောက် ငါကြည့်လျှင်၊ ကောင်းကင်တန်းခါးပွင့်လျက် ဟိသည်ကို ငါမြင်ရ၏။ အယင်ဦးစွာ ငါကြားရသော တံပိုးခရာသံနှင့် တူသည့် အသံကား၊ “ဤအရပ်သို့ တက်လာလော့။ နောင်အခါ၌ ဖြစ်လာမည့် အမှုအရာတိကို ငါပြမည်” ဟု ငါ့အား ဆို၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ