Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဗျာဒိတ်တော် 22:5 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

5 ထိုမြို့တွင် ညမဟိရ။ သူရို့သည် ဆီမီး၏အလင်းရောင်၊ နီ၏အလင်းရောင်ကို လိုအပ်ကြလိမ့်မည်မဟုတ်။ အကြောင်းမူကား အသျှင်ဘုရားသခင်သည် သူရို့အား အလင်းကို ပီးတော်မူမည်ဖြစ်၍၊ သူရို့သည် ထာဝရ အုပ်စိုးရကြလိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဗျာဒိတ်တော် 22:5
22 ပူးပေါင်းရင်းမြစ်များ  

ယေသျှုက “ခပ်သိမ်းသောအရာများသည် အသစ်ဖြစ်လာသောကာလ၌ လူသားသည် မိမိ၏ ဘုန်းတန်ခိုးပလ္လင်တော်ထက်၌ စိုးစံတော်မူသောအခါ ငါ၏ တပည့်တိဖြစ်ကြသော သင်ရို့သည် ဣသရေလလူမျိုး တစ်ဆယ့်နှစ်မျိုးကို တရားစီရင်လျက် ပလ္လင်တစ်ဆယ့်နှစ်လုံးထက်၌ ထိုင်ကတ်ရလိမ့်မည်ဟု သင်ရို့ကို ငါ အမှန်ပြောလိုက်၏။


ထို့နောက် သျှင်ဘုရင်က မိမိ၏လက်ယာဘက်၌ ဟိသောသူများကို ‘ငါ့အဖ ကောင်းချီးပီးခြင်းကို ခံရသောသူအပေါင်းရို့၊ လောကကို ဖန်ဆင်းကတည်းက သင်ရို့အတွက် ပျင်ဆင်ထားသော နိုင်ငံတော်၏အမွီကို လာ၍ ယူကြလော့။


ထို့ကြောင့် ဤသူရို့သည် ထာဝရပြစ်ဒဏ်စီရင်ခြင်းသို့ ရောက်ကြလိမ့်မည်၊ သို့သော်လည်း ဖြောင့်မတ်သောသူရို့သည် ထာဝရအသက်ရှင်ခြင်းသို့ ရောက်ကြလိမ့်မည်” ဟု မိန့်တော်မူ၏။


ထို့အပြင် လူတစ်ယောက်သည် ပြစ်မှားခြင်းဖြင့် ထိုတစ်ယောက်သောသူကြောင့် သီခြင်းတရားသည် စတင်၍ အစိုးရလျှင် ဘုရားသခင်၏ကြွယ်ဝသော ကျေးဇူးတော်နှင့် ဖြောင့်မတ်ခြင်း လက်ဆောင်ကို ခံစားရသောသူရို့သည် ယေသျှုခရစ်တော်တည်းဟူသော တစ်ယောက်သောသူအားဖြင့် အသက်ရှင်ခြင်းတရားသည် သာ၍ အစိုးရပေလိမ့်မည်။


ငါရို့သည် သည်းခံကြလျှင် ကိုယ်တော်နှင့်အတူ အုပ်စိုးကြလိမ့်မည်။ ငါရို့သည် ကိုယ်တော့်ကို ငြင်းပယ်လျှင် ကိုယ်တော်သည်လည်း ငါရို့ကို ငြင်းပယ်လိမ့်မည်။


ထို့နောက် သတ္တမကောင်းကင်တမန်သည် မိမိ၏တံပိုးခရာကို မှုတ်လိုက်သောအခါ “အဂုတွင် လောကကို အုပ်စိုးမည့် အာဏာသည် ငါရို့၏ သခင်ဘုရားနှင့် ကိုယ်တော်၏ မေသျှိယလက်ထဲသို့ ရောက်လာယာ။ ထိုသူသည် ကမ္ဘာအဆက်ဆက်စိုးစံတော် မူလိမ့်မည်” ဟု ကောင်းကင်မှ ကျယ်လောင်စွာပြောသော အသံများကို ကြားရ၏။


သင်သည် ဇာခါမျှ ဆီမီး၏ အလင်းရောင်ကို မြင်ရလိမ့်မည် မဟုတ်။ မင်္ဂလာဆောင်သတို့သားနှင့် သတို့သမီး၏ အသံကိုလည်း ဇာခါမျှ ကြားရလိမ့်မည် မဟုတ်။ အကြောင်းမူကား သင်၏ကုန်သည်ကြီးရို့ကား တစ်လောကလုံး၌ သြဇာအာဏာကြီးမားသော သူရို့ဖြစ်ကြ၏။ သင်သည် လူမျိုးတကာရို့ကို စုန်းအတတ်ဖြင့် ပြုစားကာ မှောက်မှားလမ်းလွဲ စီပြီးဖြစ်ယာ” ဟု ဆိုလေ၏။


ထို့နောက် ငါသည် ပလ္လင်များကို မြင်ရ၏။ ယင်းပလ္လင်များထက်တွင် ထိုင်နိန်သူများမှာ တရားစီရင်ရန် အခွင့်အာဏာဟိသောသူများ ဖြစ်၏။ ထို့ပြင် ယေသျှု ဖော်ပြတော်မူသော သမ္မာတရားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဟောပြောကြေငြာခသည့်အတွက် ကွပ်မျက်ခြင်းကို ခံရကြသောသူရို့၏ ဝိညာဉ်များကိုလည်းကောင်း ငါမြင်ရ၏။ သူရို့သည် သားရဲနှင့် သားရဲ၏ ရုပ်တုကို ရှိ့မခိုးခကြ။ မိမိရို့၏နဖူးနှင့် လက်များတွင်လည်း သားရဲ၏အမှတ်တံဆိပ်ကို မခံယူခကြ။ သူရို့သည် အသက် ပြန်ရှင်လာကြပြီးလျှင် ခရစ်တော်နှင့်အတူ ဘုရင်များအဖြစ်ဖြင့် အနှစ်တစ်ထောင်အုပ်စိုးကြရ၏။


ယင်းသို့ ပထမအကြိမ် ရှင်ပြန်ထမြောက်ခြင်းတွင် ပါဝင်သောသူရို့သည် မင်္ဂလာဟိသောသူ၊ သန့်ယှင်းသောသူများ ဖြစ်ကြ၏။ ဒုတိယသီခြင်းသည် သူရို့အား အစိုးမရနိုင်ယာ။ သူရို့သည် ဘုရားသခင်နှင့် ခရစ်တော်၏ ယဇ်ပုရောဟိတ်များဖြစ်၍ ခရစ်တော်နှင့်အတူ အနှစ်တစ်ထောင်တိုင်တိုင် အုပ်စိုးကြရလိမ့်မည်။


ထိုမြို့သည် ဘုရားသခင်၏ ဘုန်းတော်နှင့် ထွန်းတောက်၍ သလင်းကျောက်သဖွယ် ကြည်လင်သည့် နဂါးသွဲ့ကျောက်မျက်ကဲ့သို့ အရောင်အဝါတောက်ပလျက် ဟိ၏။


ငါသည် အောင်မြင်၍ ငါ့ခမည်းတော်၏ ပလ္လင်ထက်တွင် ခမည်းတော်နှင့်အတူ ထိုင်နိန်သကဲ့သို့ အောင်မြင်သောသူအား ငါ၏ ပလ္လင်ထက်တွင် ငါနှင့်အတူ ထိုင်ရသောအခွင့်ကို ငါပီးမည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ