ဗျာဒိတ်တော် 21:8 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား8 သို့ရာတွင် ကြောက်တတ်သောသူ၊ မယုံကြည်သောသူ၊ စက်ဆုပ်ရွံဖွယ်ကောင်းသောသူ၊ လူ့အသက်ကို သတ်သောသူ၊ အကျင့်ပျက်သောသူ၊ ပြုစားတတ်သောသူ၊ ရုပ်တုကိုးကွယ်သောသူရို့နှင့် လိမ်လည်ပြောဆိုသော သူရို့သည် ကန့်နှင့်ရောသော မီးအိုင်ထဲ၌ ကျရကြလိမ့်မည်။ ဤကား ဒုတိယသီဆုံးခြင်း ဖြစ်သတည်း” ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
သင်ရို့သည် သင်ရို့၏အဖဖြစ်သော မာရ်နတ်၏ သားသမီးများ ဖြစ်ကြသောကြောင့် သင်ရို့အဖ၏ အလိုသို့လိုက်၍ လုပ်ဆောင်ကြ၏။ မာရ်နတ်သည် အစဦးကပင် လူသတ်သမား ဖြစ်၏။ ထိုသူသည် သစ္စာတရားမဟိ၊ သမ္မာတရားဖက်၌လည်း မနီ။ ထိုသူသည် မုသာကိုပြောသောအခါ ပင်ကိုယ်ပကတိအတိုင်း မုသာကို ပြောဆိုတတ်၏။ အကြောင်းမူကား လိမ်လည် ပြောဆိုတတ်သူဖြစ်ပြီး မုသာ၏ ဖခင်လည်းဖြစ်၏။
သားရဲနှင့်တကွ သူ၏ရှိ့တွင် နိမိတ်လက္ခဏာများကိုပြသော မိစ္ဆာပရောဖက်သည် အဖမ်းခံရ၏။ ထိုမိစ္ဆာပရောဖက်သည်ကား သားရဲ၏အမှတ်တံဆိပ်ကို ခံယူ၍ သူ၏ရုပ်တုကို ရှိ့ခိုးသူရို့အား နိမိတ်လက္ခဏာများကို ပြခြင်းအားဖြင့် လိမ်လည်လှည့်ဖျားသောသူ ဖြစ်သတည်း။ ထိုသူနှစ်ယောက်စလုံးသည် အသက်ရှင်လျက်ပင် တောက်လောင်နိန်သော ကန့်နှင့်ရောသော မီးအိုင်ထဲသို့ ပစ်ချခြင်းကို ခံရကြ၏။