7 အောင်မြင်သောသူသည် ဤကောင်းကြီးမင်္ဂလာ အားလုံးကို ခံစားရလိမ့်မည်။ ငါသည် သူရို့၏ဘုရားဖြစ်မည်။ သူရို့သည်လည်း ငါ၏ သားသမီးတိ ဖြစ်လိမ့်မည်။
ငါ၏အကျိုးကို ထောက်ရှု၍ မိမိရို့၏အိမ်၊ ညီအစ်ကိုမောင်နှမ၊ အမိအဖ၊ သားသမီး၊ လယ်ယာကိုင်းကျွန်း တစ်ခုခုကို စွန့်ထားခသောသူသည် ထိုထက်မက အဆတစ်ရာများပြားစွာ ခံစားရလိမ့်မည်၊ ထိုမျှမက ထာဝရအသက်ကို အမွီခံရလိမ့်မည်။
သခင်က ‘ကောင်းယာ၊ သင်သည် သစ္စာဟိသော အစီခံကောင်းတစ်ယောက် ဖြစ်၏၊ သင်သည် အနည်းငယ်သောအရာ၌ သစ္စာဟိခ၏၊ များစွာသောအရာတိကို စီမံခန့်ခွဲသူအဖြစ် သင့်အား ငါ ခန့်အပ်မည်၊ မိမိသခင်၏ချမ်းသာသုခကို လာ၍ ခံစားလော့’ ဟု သခင်က ဆို၏။
ထို့နောက် သျှင်ဘုရင်က မိမိ၏လက်ယာဘက်၌ ဟိသောသူများကို ‘ငါ့အဖ ကောင်းချီးပီးခြင်းကို ခံရသောသူအပေါင်းရို့၊ လောကကို ဖန်ဆင်းကတည်းက သင်ရို့အတွက် ပျင်ဆင်ထားသော နိုင်ငံတော်၏အမွီကို လာ၍ ယူကြလော့။
တဖန်၊ ယေသျှုသည် လမ်း၌ ကြွတော်မူစဉ် လူတစ်ယောက်သည် အထံတော်သို့ ဗြီးလာ၍ ရှိ့တော်၌ ဒူးထောက်လျက် “ကောင်းမြတ်သောဆရာ၊ အကျွန်သည် ထာဝရအသက်ကို ရစီခြင်းငှာ မည်သို့ လုပ်ရပါမည်နည်း” ဟု မိန်းလျှောက်လေ၏။
ဘုရားသခင်၏ဝိညာဉ်တော် ဆုံးမပဲ့ပြင်မှုကို လိုက်နာသမျှသော သူရို့သည် ဘုရားသခင်၏သား၊ သမီးများ ဖြစ်ကြ၏။
ဖန်ဆင်းထားသမျှသော အရာအားလုံးသည် ပေါ်ထွန်းလာကြမည့် ဘုရားသခင်၏ သားသမီးတိကို အလွန်တောင့်တလျက် စောင့်မျှော် နိန်ကြ၏။
ဘုရားသခင်၏ ဗိမာန်တော်သည် ရုပ်တုများနှင့် မည်သို့ စပ်ဆိုင်နိုင်မည်နည်း။ ငါရို့သည် အသက်ရှင်တော်မူသော ဘုရားသခင်၏ ဗိမာန်တော်ဖြစ်ကြ၏။ ဘုရားသခင်က၊ “ငါသည် ငါ၏ လူစုတော်တွင် ကိန်းဝပ်၍၊ သူရို့ နှင့်အတူ လားလာ နိန်မည်။ ငါသည် သူရို့၏ ဘုရားဖြစ်၍ သူရို့သည်လည်း ငါ၏လူစုတော် ဖြစ်လိမ့်မည်။”
ငါသည် သင်ရို့၏ အဖဖြစ်မည်။ သင်ရို့သည်လည်း ငါ့သားသမီးတိ ဖြစ်ကြလိမ့်မည်ဟု၊ အနန္တတန်ခိုးသျှင် ဘုရားသခင် မိန့်တော်မူ၏” ဟု မြွက်ဆိုတော်မူ၏။
နောင်ကာလတွင် ဣသရေလလူမျိုးတိနှင့် ငါပြုမည့် ပဋိညာဉ်တရားဟူမူကား၊ ငါသည် ငါ၏ပညတ်တရားကို သူရို့၏စိတ်ဝိညာဉ်ထဲသို့ သွင်းပြီးလျှင်၊ ထိုပညတ်တရားများကို သူရို့၏ စိတ်နှလုံးတွင် ရီးထားမည်။ ငါသည် သူရို့၏ဘုရားသခင် ဖြစ်ပြီး သူရို့သည်လည်း ငါ၏လူတိ ဖြစ်ကြလိမ့်မည်ဟူ၍ မိန့်တော်မူ၏။
အဆိုးကို အဆိုးအားဖြင့်လည်းကောင်း၊ ကျိန်ဆဲခြင်းကို ကျိန်ဆဲခြင်း အားဖြင့်လည်းကောင်း၊ မတုံ့ပြန်ကတ်ကေ့။ ထိုသို့ ပြုမည့်အစား ကောင်းကြီးပီးကြလော့။ ဇာကြောင့်ဆိုသော် သင်ရို့သည် ဘုရားသခင် ကတိထားတော်မူသည့် ကောင်းကြီးမင်္ဂလာကို အမွီခံစီရန် ခေါ်တော်မူသောကြောင့်ဖြစ်၏။
“အသင်းတော်များအား ဝိညာဉ်တော်မိန့်တော်မူသော စကားများကို ကြားတတ်သော နားဟိသောသူရို့ ကြားကတ်စီ။ “အောင်မြင်သောသူသည် ဒုတိယသီခြင်းဘေးနှင့် ကင်းလွတ်လိမ့်မည်။
“ဝိညာဉ်တော်က အသင်းတော်ရို့အား မိန့်တော်မူသော စကားများကို ကြားတတ်သောနား ဟိသောသူရို့ ကြားပါစီ။ “အောင်မြင်သောသူအား ဝှက်ထားသောမန္နမုန့်ကို ငါ ပီးမည်။ ကျောက်ဖြူတစ်လုံးကိုလည်း ငါပီးမည်။ ထိုကျောက်ဖြူအထက်တွင် အက္ခရာတင်ထားသည့် နာမည်သစ်ကို ဇာသူမျှ မသိနိုင်ရာ။ ထိုကျောက်ကို ခံယူရဟိ သူသာလျှင် သိဟိနိုင်ပေ၏။
သင်ရို့သည် မိမိရို့၌ ဟိသည့်အရာကို ငါလာသည်တိုင်အောင် စွဲမြဲစွာကိုင် ထားကြလော့။
“ဝိညာဉ်တော်သည် အသင်းတော်များအား မိန့်တော်မူသော စကားများကို ကြားတတ်သောနား ဟိသောသူသည်ကား ကြားပါစီ။ “ငါသည် အောင်မြင်သောသူအား ဘုရားသခင်၏ဥယျာဉ်တော်၌ ဟိသော အသက်ပင်၏အသီးကို စားရသောအခွင့်ကို ပီးမည်။
ငါသည် ပလ္လင်တော်မှ ကျယ်လောင်သော အသံတစ်သံကို ကြားရ၏။ ထိုအသံကား “အဂုအခါ ဘုရားသခင်သည် လူသားရို့၌ ကိန်းဝပ်တော်မူယာ။ ကိုယ်တော်သည် သူရို့နှင့်အတူ ကိန်းဝပ်တော်မူလိမ့်မည်။ ထိုသူရို့သည် ကိုယ်တော်၏လူတိ ဖြစ်ကြလိမ့်မည်။ ဘုရားသခင် ကိုယ်တော်တိုင်ပင်လျှင် သူရို့နှင့်အတူ ဟိနိန်တော်မူပြီး သူရို့၏ဘုရားဖြစ်လိမ့်မည်။