ဗျာဒိတ်တော် 21:27 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား27 သို့ရာတွင် မစင်ကြယ်သည့်ဇာအရာမျှ ထိုမြို့တွင်းသို့ ဝင်ရလိမ့်မည်မဟုတ်။ စက်ဆုပ်ရွံဖွယ်ကောင်းသော အမှုကို ပြုသောသူ၊ လိမ်လည်ပြောဆိုသောသူ မှန်သမျှသည်လည်း ဝင်ခွင့်ရလိမ့်မည် မဟုတ်။ သိုးသူငယ်တော်၏ အသက်စာစောင် စာရင်း၌ ပါသောသူများသာလျှင် ဝင်ရကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ငါ၏သစ္စာဟိသော လုပ်ဖော်ကိုင်ဖက်ဖြစ်သူ၊ သင်သည်လည်း ထိုမိန်းမရို့ကို ကူညီမစပါလော့။ ထိုမိန်းမရို့သည် သတင်းကောင်းကို ဟောပြောသက်သီခံရာတွင် ငါနှင့်အတူ အထူးကြိုးစားအားထုတ်လုပ် ဆောင်သောသူတိ ဖြစ်ကြ၏။ ထိုသို့ လုပ်ဆောင်ခသောသူများတွင် ကလေမင်နှင့်တကွ ဘုရားသခင်၏ အသက်စာစောင်စာရင်းတွင် အခြားသော ငါ၏ လုပ်ဖော်ဆောင်ဖက်များလည်း ပါဝင်၏။
သီလွန်လားသော လူကြီးလူငယ်ရို့သည် ပလ္လင်တော်ရှိ့၌ ရပ်လျက်နိန်ကြသည်ကို လည်းကောင်း၊ စာစောင်များကို ဖွင့်သည်ကိုလည်းကောင်း ငါမြင်ရ၏။ ထို့နောက် အသက်စာစောင်တည်းဟူသော အခြားစာစောင်ကို ဖွင့်လိုက်၏။ သီလွန်လားသောသူရို့သည် ထိုစာစောင်များတွင် မှတ်တမ်းတင်ထားသည့် မိမိရို့၏ အကျင့်များနှင့်အညီ တရားစီရင်ခြင်းကို ခံရကြ၏။