Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဗျာဒိတ်တော် 21:22 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

22 ထိုမြို့တော်ထဲတွင် ဗိမာန်တော်ကို ငါမတွိ့ရ။ အကြောင်းမူကား ထိုမြို့၏ ဗိမာန်တော်သည် အနန္တတန်ခိုးသျှင် ဘုရားသခင်နှင့် သိုးသူငယ်တိပင် ဖြစ်သောကြောင့်တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဗျာဒိတ်တော် 21:22
25 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ယေသျှုက “သင်ရို့သည် ဤအဆောက်အဦးများကို မြင်ကြသလား။ သင်ရို့ကို ငါ အမှန် ဆိုသည်ကား ဤဗိမာန်တော်နီရာ၌ ကျောက်ခဲတစ်လုံးထက်မှာ တစ်လုံး မကျန်ဘဲ အားလုံးကို ဖြိုဖျက်ခြင်း ခံရလိမ့်မည်” ဟု မိန့်တော်မူ၏။


ခမည်းတော်နှင့် ငါသည် တစ်လုံးတစ်ဝတည်း ဖြစ်၏” ဟု မိန့်တော်မူ၏။


ဘုရားသခင်သည် လူသားအားဖြင့် ဘုန်းတန်ခိုးတော် ထင်ရှားတော်မူလျှင်၊ ဘုရားသခင်သည် မိမိကိုယ်တိုင်အားဖြင့် သားတော်အား ဘုန်းထင်ရှားစီတော်မူ၍ သူ၏ဘုန်းတော်ကို ချက်ချင်း ထင်ရှားစီတော်မူလိမ့်မည်။


ယေသျှုက “အသင် မိန်းမ၊ ငါ့ကို ယုံကြည်လော။ ဤတောင်သို့မလာ၊ ယေရုဆလင်မြို့၌ မဟုတ်ဘဲ၊ ခမည်းတော်ကို ကိုးကွယ်ရမည့်အချိန် ရောက်လာလိမ့်မည်။


သို့ပင်သျှောင် ခမည်းတော်ဘုရားအား ကိုးကွယ်သောသူ မှန်သမျှရို့သည် ဝိညာဉ်ဖြင့် လည်းကောင်း၊ သစ္စာနှင့်လည်းကောင်း ကိုးကွယ်ရမည့်အချိန်သည် လာ၍ အဂုပင် ရောက်လျက်ဟိ၏။ အကြောင်းမူကား ထိုသို့ ကိုးကွယ်သောသူရို့ကို ခမည်းတော်သည် အလိုဟိတော်မူ၏။


သို့ဖြစ်၍ ဘုရားသခင်၏ အလိုတော်အားဖြင့် သားတော်သည် ဘုရားဇာတိကို အပြည့်အဝခံယူတော်မူ၏။


အကြောင်းမူကား ဘုရားဇာတိတော်၏ ပြည့်စုံခြင်းအပေါင်းသည် ခရစ်တော်၌ ခန္ဓာအသွင်အားဖြင့် ကိန်းဝပ်တော်မူ၏။


အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကာလ၌ ဟိတော်မူသော အနန္တတန်ခိုးသျှင် ဘုရားသခင်က “ငါသည် အစနှင့်အဆုံး ဖြစ်၏” ဟု မိန့်တော်မူ၏။


“အတိတ်၊ ပစ္စုပ္ပန်ကာလရို့၌ ဟိတော်မူသော အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော အသျှင်ဘုရားသခင်၊ ကိုယ်တော်သည် မိမိ၏ မဟာတန်ခိုးတော်ကို ယူဆောင်တော်မူလျက် လောကကို စတင်အုပ်စိုးတော်မူပြီဖြစ်၍ ကျေးဇူးတော်ကို ချီးမွမ်းပါ၏။


ထိုသူရို့သည် ကာမဂုဏ်ခံစားမှုနှင့် ကင်းလွတ်သော သူတိဖြစ်၍ သိုးသူငယ်တော် လားလေရာ အရပ်သို့ လိုက်ကြ၏။ သူရို့သည် လူတိအထဲက ရွီးနုတ်ကယ်တင်ခြင်းကို ခံရသဖြင့် ဘုရားသခင်နှင့် သိုးသူငယ်တော်၏ အဦးသီးသော အသီးများဖြစ်ကြ၏။


သူရို့သည် ဘုရားသခင်၏ အစီခံ မောသျှေ၏ တေးခြင်းနှင့် သိုးသူငယ်တော်၏ တေးခြင်းကို သီဆိုကြသည်ကား၊ “အနန္တတန်ခိုးသျှင် ဘုရားသခင်၊ ကိုယ်တော်ပြုတော်မူသော အမှုများသည် အလွန်ကြီးမြတ်၍ အံ့သြဖွယ်ကောင်းလှပါသည်တကား။ လူမျိုးတကာရို့၏ ဘုရင်၊ ကိုယ်တော်သျှင်၏ နည်းလမ်းတော်များသည် အလွန်မျှတ မှန်ကန်လှပါသည်တကား။


သူရို့သည် နိမိတ်လက္ခဏာများကို ပြနိုင်သော နတ်မိစ္ဆာများ၏ ဝိညာဉ်များဖြစ်ကြ၏။ အနန္တတန်ခိုးသျှင် ဘုရားသခင်၏ နိ့ရက်ကြီး၌ စစ်ပွဲဝင်ရန် တစ်လောကလုံးတွင်ဟိသော သျှင်ဘုရင်တိကို စုရုံးခြင်းငှာ သူရို့သည် ထွက်လားကြ၏။


ထို့နောက် ယဇ်ပလ္လင်မှ အသံတော်သည်ကား၊ “အနန္တတန်ခိုးသျှင် ဘုရားသခင်၊ ကိုယ်တော် စီရင်တော်မူချက်ရို့သည် မှန်ကန်၍ တရားမျှတပါ၏” ဟု လျှောက်ထားသည်ကို ငါကြားရ၏။


လူအမျိုးမျိုးရို့ကို နှိမ်နင်းရန်အတွက် ကိုယ်တော်၏ ခံတွင်းမှ ထက်သောသန်လျက် ထွက်တော်မူ၏။ ကိုယ်တော်သည် ထိုသူရို့ကို သံလှံတံဖြင့် အုပ်စိုးတော်မူလိမ့်မည်။ သူသည်အနန္တတန်ခိုးသျှင် ဘုရားသခင်၏ ပြင်းစွာသော အမျက်တော်တည်းဟူသော စပျစ်သီးနယ်ရာကျင်းကို နင်းတော်မူလိမ့်မည်။


ထိုသတ္တဝါ လေးပါးစလုံးတွင် အတောင်ခြောက်ခုစီ ဟိကြ၏။ သူရို့၏ကိုယ် အတွင်းအပြင်၌ မျက်စိများနှင့် ပြည့်နှက်လျက် ဟိကြ၏။ သူရို့သည် နိ့နှင့်ညပါ မနားဘဲ၊ “အနန္တတန်ခိုးသျှင် ဘုရားသခင်သည် သန့်ယှင်းတော်မူ၏၊ သန့်ယှင်းတော်မူ၏၊ သန့်ယှင်းတော်မူ၏။ ကိုယ်တော်သည် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ကာလအစဉ် ဟိနိန်တော်မူ၏” ဟု မြွက်ဆိုကြ၏။


ထို့နောက် သိုးသူငယ်သည် သက်ဟိသတ္တဝါလေးပါးရို့နှင့် အကြီးအကဲရို့ ဝန်းရံလျက်ဟိသည့် ပလ္လင်တော်အလယ်၌ ရပ်လျက်နိန်သည်ကို ငါမြင်၏။ သူသည် ယဇ်ပူဇော်ခြင်းငှာ သတ်ရန်ထားသည့် သိုးနှင့်တူ၏။ ထိုသူ၌ ဦးဂြိုခုနစ်ချောင်းနှင့် မျက်စိခုနစ်လုံး ဟိ၏။ ထိုအရာများသည် မြီကြီးတစ်ပြင်လုံးသို့ ဘုရားသခင် စီလွှတ်တော်မူသော ဝိညာဉ်ခုနစ်ပါး ဖြစ်၏။


ထို့ကြောင့် “သူရို့သည် ဘုရားသခင်၏ ပလ္လင်တော်ရှိ့သို့ ရောက်ဟိ၍ ကိုယ်တော်၏ ဗိမာန်တော်တွင် နိ့ညမပြတ် ဝတ်ပြုနိန်ကြခြင်း ဖြစ်၏။ ပလ္လင်တော်ထက်၌ စံနိန်တော်မူသော အသျှင်သည်လည်း သူရို့နှင့်အတူ ဟိတော်မူ၍ ကာကွယ်စောင့်ရှောက်တော်မူလိမ့်မည်။


အကြောင်းမူကား ပလ္လင်တော်အလယ်တွင် ဟိတော်မူသော သိုးသူငယ်တော်သည် သူရို့၏ သိုးထိန်းဖြစ်ကာ အသက်စမ်းရီ ဟိရာအရပ်သို့ ပို့ဆောင်တော်မူမည် ဖြစ်သောကြောင့်တည်း။ ဘုရားသခင်သည်လည်း သူရို့၏ မျက်ရည်ဟိသမျှကို သုတ်ပီးတော်မူလိမ့်မည်” ဟု ဆို၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ