Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဗျာဒိတ်တော် 20:10 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

10 ထို့နောက် သူရို့အား လမ်းလွဲစီသောသူ မာရ်နတ်သည်လည်း ကန့်နှင့်ရောသော မီးအိုင်ထဲသို့ ပစ်ချခြင်းကို ခံရလေ၏။ မှားယွင်းသော ပရောဖက်ရို့သည် သားရဲနှင့်တကွ ထိုအိုင်ထဲသို့ ပစ်ချခြင်းကို ခံရပြီးဖြစ်၏။ သူရို့သည် ကမ္ဘာအဆက်ဆက် နိ့ညမပြတ် ညှည်းပန်းနှိပ်စက်ခြင်းကို ခံရကြလတ္တံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဗျာဒိတ်တော် 20:10
12 ပူးပေါင်းရင်းမြစ်များ  

“ထို့နောက် မိမိ၏လက်ဝဲဘက်မှာ ဟိသောသူတိကိုကား၊ ‘ကျိန်ခြင်းကို ခံရသောသူရို့ ငါ့အနားက ထွက်လားကတ်။ သင်ရို့သည် မာရ်နတ်နှင့် သူ၏စီတမန်များအတွက် ပျင်ဆင်ထားသော ထာဝရမီးအိုင်ထဲသို့ ဆင်းကြလော့။


ထို့ကြောင့် ဤသူရို့သည် ထာဝရပြစ်ဒဏ်စီရင်ခြင်းသို့ ရောက်ကြလိမ့်မည်၊ သို့သော်လည်း ဖြောင့်မတ်သောသူရို့သည် ထာဝရအသက်ရှင်ခြင်းသို့ ရောက်ကြလိမ့်မည်” ဟု မိန့်တော်မူ၏။


“မိစ္ဆာပရောဖက်တိကို သတိထားကတ်ပါ။ သူရို့သည် အတွင်း၌ ကြမ်းတမ်းသောမြီခွီး ဖြစ်သော်လည်း အပြင်ဖက်က သိုးကဲ့သို့ အယောင်ဆောင်၍ သင်ရို့ပါးကို လာကြလိမ့်မည်။


ထို့နောက် ဖားနှင့်တူသည့် ညစ်ညူးသော ဝိညာဉ်သုံးပါးကို ငါ မြင်၏။ သူရို့သည် နဂါး၊ သားရဲ၊ မိစ္ဆာပရောဖက်ရို့၏ ခံတွင်းအသီးသီးမှ ထွက်လာကြ၏။


သားရဲနှင့်တကွ သူ၏ရှိ့တွင် နိမိတ်လက္ခဏာများကိုပြသော မိစ္ဆာပရောဖက်သည် အဖမ်းခံရ၏။ ထိုမိစ္ဆာပရောဖက်သည်ကား သားရဲ၏အမှတ်တံဆိပ်ကို ခံယူ၍ သူ၏ရုပ်တုကို ရှိ့ခိုးသူရို့အား နိမိတ်လက္ခဏာများကို ပြခြင်းအားဖြင့် လိမ်လည်လှည့်ဖျားသောသူ ဖြစ်သတည်း။ ထိုသူနှစ်ယောက်စလုံးသည် အသက်ရှင်လျက်ပင် တောက်လောင်နိန်သော ကန့်နှင့်ရောသော မီးအိုင်ထဲသို့ ပစ်ချခြင်းကို ခံရကြ၏။


ဂေါဂနှင့် မာဂေါဂ ဟု ခေါ်သော ကမ္ဘာအရပ်လေးမျက်နှာ၌ဟိသော လူမျိုးအပေါင်းရို့အား လှည့်ဖျားလျက် စစ်တိုက်ရန် စုဝေးစီလိမ့်မည်။ သူရို့သည် အရီအတွက်အားဖြင့် သမုဒ္ဒရာသဲလုံးနှင့်အမျှ များသတည်း။


ထို့အတူ ငါ၏ဗျာဒိတ်ရူပါရုံ၌ မြင်းစီးသူရဲရို့သည် ကန့်ကဲ့သို့သော အဝါရောင်၊ နက်ပြာရောင်၊ မီးလျှံကဲ့သို့သော အနီရောင်ဟိသော ရင်အုပ်တန်ဆာတိကို ဝတ်ဆင်ထားကြသည်ကို ငါ မြင်ရ၏။ မြင်းများ၏ ဦးဂေါင်းများသည် ခြင်္သေ့ဦးဂေါင်းများနှင့် တူ၏။ သူရို့၏ခံတွင်းမှ မီးလျှံ၊ မီးခိုး၊ ကန့်များ ထွက်လာ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ