ဗျာဒိတ်တော် 2:23 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား23 ငါသည် သူမ၏ နောက်လိုက်ရို့ကို သီမင်းလက်သို့ အပ်မည်။ ထိုအခါ၌ ငါသည် လူရို့၏စိတ်နှလုံးနှင့် အကြံအစည်တိကို သိမြင်တော်မူသောသူဖြစ်ကြောင်း အသင်းတော်အပေါင်းရို့သည် သိကြလိမ့်မည်။ သင်ရို့ အသီးသီး၏အကျင့်အတိုင်း အကျိုးအပြစ်ကို ငါပီးမည်။ အခန်းကိုကြည့်ပါ။ |
ယေသျှုက “ယောဟန်သား သျှိမုန် သင်သည် ငါ့ကို ချစ်သလော” ဟု တတိယအကြိမ် မိန်းတော်မူပြန်၏။ ယေသျှုက “သင်သည် ငါ့ကို ချစ်သလော” ဟု သူ့အား သုံးကြိမ် သုံးလီ မိန်းလာသောကြောင့် ပေတရုသည် ဝမ်းနည်းလာ၏။ ထို့ကြောင့် သူသည် ကိုယ်တော်အား “အသျှင်၊ ကိုယ်တော်သည် အလုံးစုံကို သိတော်မူ၏၊ ကိုယ်တော့်ကို အကျွန် ချစ်သည်ကို ကိုယ်တော်သိပါ၏” ဟု လျှောက်လေ၏။ ယေသျှုက “ငါ၏ သိုးတိကို စောင့်ရှောက်လော့။
သီလွန်လားသော လူကြီးလူငယ်ရို့သည် ပလ္လင်တော်ရှိ့၌ ရပ်လျက်နိန်ကြသည်ကို လည်းကောင်း၊ စာစောင်များကို ဖွင့်သည်ကိုလည်းကောင်း ငါမြင်ရ၏။ ထို့နောက် အသက်စာစောင်တည်းဟူသော အခြားစာစောင်ကို ဖွင့်လိုက်၏။ သီလွန်လားသောသူရို့သည် ထိုစာစောင်များတွင် မှတ်တမ်းတင်ထားသည့် မိမိရို့၏ အကျင့်များနှင့်အညီ တရားစီရင်ခြင်းကို ခံရကြ၏။
ငါ ကြည့်လိုက်သောအခါ မြင်းမွဲတစ်ကောင်ကို တွိ့ရ၏။ မြင်းစီးသူရဲ၏ နာမည်ကား သီမင်း ဖြစ်၏။ သူ၏နောက်မှ မရဏာနိုင်ငံ လိုက်ပါလာ၏။ သူရို့သည် ကမ္ဘာမြီကြီး၏ လေးပုံတစ်ပုံတွင် ဟိသောလူရို့အား ဒါးဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ရောဂါကပ်ဘေး၊ သားရဲတိရစ္ဆာန်များ၏ ဘေးများဖြင့် သီစီနိုင်သည့် အခွင့်အာဏာကို ပီးအပ်ခြင်း ခံထားရကြ၏။