Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဗျာဒိတ်တော် 19:8 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

8 သူမသည် ဝတ်ဆင်ရန် စင်ကြယ်သောပိတ်ချောထည်ကို ရထားယာ” ဟု ဆို၏။ (ထိုပိတ်ချောထည်ကား ဘုရားသခင်လူရို့၏ ကောင်းသောအကျင့်တိကို ဆိုလိုသတည်း။)

အခန်းကိုကြည့်ပါ။ ကော်ပီ




ဗျာဒိတ်တော် 19:8
21 ပူးပေါင်းရင်းမြစ်များ  

ထိုအရပ်၌ တပည့်တော်ရို့ ရှိ့တွင် ယေသျှုသည် အဆင်းသဏ္ဌာန်ပြောင်းလဲလာ၏၊ ကိုယ်တော်၏မျက်နှာတော်သည် နီကဲ့သို့ ထွန်းလင်းနိန်ပြီး၊ ဝတ်ရုံတော်သည် ငွီရောင်ကဲ့သို့ လင်းလက်တောက်ပနိန်၏။


မင်းကြီးက ‘အဆွီ၊ သင်သည် မင်္ဂလာအခမ်းအနားဝတ်စုံ မဝတ်ဘဲ ဤနီရာကို ဇာပိုင် ရောက်လာလဲ’ ဟု ထိုသူအား မိန်းလေ၏။ သို့ရာတွင် ထိုသူက တစ်ခုလည်း ပြန်မပြောဘဲ နိန်၏။


အဝတ်တော်လည်း တောက်ပြောင်လျက် — ဤလောက၌ မည်သည့်ခဝါသည်မှ မတတ်နိုင်အောင် ဖြူဖွီးလျက်ဟိ၏။


ထိုအခြင်းအရာတိကို တွေးမရဖြစ်နိန်ကြစဉ် တောက်ပသည့်ဝတ်ရုံကို ဝတ်ထားသော လူနှစ်ယောက်သည် ရုတ်တရက်ပေါ်လာ သူရို့အနား၌ ရပ်နိန်၏။


ထိုသို့ ကိုယ်တော် ကြွတော်မူစဉ် တမန်တော်ရို့သည် အာကာပြင်သို့ စိ့စိ့ကြည့်နိန်ကြ၏။ ထိုအခါ ဝတ်ဖြူစင်ကြယ်နှင့် လူနှစ်ယောက်သည် သူရို့အနားတွင် ရုတ်တရက် ရပ်လာပြီးလျှင်၊


အပြစ်နှင့် ယှက်နွယ်နိန်သော ကိုယ်ကာယ၏ တပ်မက်စိတ်အလိုနောက်သို့ မလိုက်ကြဘဲ၊ အသျှင်ယေသျှုခရစ်တော်၏ လက်နက်စုံကို ယူဆောင်၍ ဝတ်ဆင်ထားကြလော့။


ဘုရားသခင်သည် ယေသျှုခရစ်တော်၌ ယုံကြည်ခြင်းအားဖြင့် လူတိကို ဖြောင့်မတ်ရာသို့ ရောက်စီတော်မူ၏။ လူအားလုံးသည် ကွဲပြားခြားနားခြင်း လုံးဝမဟိသောကြောင့် ယေသျှုခရစ်တော်၌ ယုံကြည်သောသူအားလုံးကို ဤဖြောင့်မတ်ရာသို့ ရောက်စီတော်မူခြင်းဖြစ်၏။


အို ဘုရားသခင်၊ ကိုယ်တော်အား မကြောက်ရွံ့ မရိုသီ၊ မချီးမွမ်းဘဲ ဇာသူနိန်နိုင်ပါမည်နည်း။ ကိုယ်တော်တစ်ပါးတည်းသာလျှင် သန့်ယှင်းမြင့်မြတ်တော်မူပါ၏။ ကိုယ်တော်ပြုတော်မူသော အမှုများသည် ဖြောင့်မတ်မှန်ကန်ကြောင်း ပေါ်လွင်ထင်ရှားသဖြင့် လူမျိုးတကာရို့သည် ရှိ့တော်သို့ လာ၍ ပျပ်ဝပ်လျက် ချီးမွမ်းကိုးကွယ်ကြပါလိမ့်မည်” ဟူ၍ ဖြစ်၏။


ထိုအခါ ကပ်ဘေးခုနစ်ပါးကို သယ်ဆောင်လာသော ကောင်းကင်တမန် ခုနစ်ပါးသည် ဗိမာန်တော်ထဲမှ ထွက်လာကြ၏။ သူရို့သည် ကြည်လင်တောက်ပသော ပိတ်ချောထည်ကို ဝတ်ဆင်၍ ရွှီရင်စည်းကို ပတ်ထားကြ၏။


ကောင်းကင်ဗိုလ်ခြေရို့သည် စင်ကြယ်သည့် ပိတ်ချောဖြူထည်ကို ဝတ်ဆင်ကာ မြင်းဖြူများစီးလျက် ထိုအသျှင်၏ နောက်တော်မှ လိုက်ကြ၏။


သို့ဖြစ်၍ သင်သည် ချမ်းသာကြွယ်ဝခြင်းငှာ ရွှီစင်ကို ငါ့ထံမှ ဝယ်ယူရန် ငါအကြံပီး၏။ ထို့အပြင် သင်၏ ရှက်စရာကောင်းသော အဝတ်ဗလာဖြစ်မှုကို ဝတ်ဖြူစင်ကြယ်ကို လည်းကောင်း၊ မျက်စိအလင်းရစီရန် မျက်စဉ်းခတ်ဆီးကို လည်းကောင်း ငါ့ထံမှ ဝယ်ယူလော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ