19 ထို့နောက် သားရဲနှင့် မြီကြီးထက်၌ဟိသော သျှင်ဘုရင်ရို့နှင့် သူရို့၏စစ်သည် ဗိုလ်ပါရို့သည် မြင်းစီးတော်မူသော အသျှင်နှင့် တိုက်ခိုက်ရန် စုရုံးကြသည်ကို ငါမြင်ရ၏။
သူရို့၏ သက်သီခံဟောပြောသည့်အလုပ် ပြီးစီးသောအခါ၌ တွင်းနက်ကြီးထဲမှ သားရဲသည် တက်လာ၍ သူရို့အား တိုက်ခိုက်လိမ့်မည်။ ထို့နောက် သူသည် ထိုသူရို့ကို အောင်နိုင်၍ အသီသတ်လိမ့်မည်။
ထို့နောက် တတိယ ကောင်းကင်တမန်သည် လာ၍ “သားရဲနှင့် ထိုသားရဲ၏ရုပ်တုကို ကိုးကွယ်ကာ ထိုသားရဲ၏ အမှတ်တံဆိပ်ကို နဖူး၌ ဖြစ်စီ၊ လက်၌ ဖြစ်စီ ရိုက်နှိပ်ထားသောသူသည်၊
သူရို့သည် နိမိတ်လက္ခဏာများကို ပြနိုင်သော နတ်မိစ္ဆာများ၏ ဝိညာဉ်များဖြစ်ကြ၏။ အနန္တတန်ခိုးသျှင် ဘုရားသခင်၏ နိ့ရက်ကြီး၌ စစ်ပွဲဝင်ရန် တစ်လောကလုံးတွင်ဟိသော သျှင်ဘုရင်တိကို စုရုံးခြင်းငှာ သူရို့သည် ထွက်လားကြ၏။
ထို့နောက် ဝိညာဉ်ရို့သည် သျှင်ဘုရင်ရို့အား ဟေဗြဲဘာသာအားဖြင့် အာမဂေဒုန်ဟု နာမည်တွင်သော အရပ်သို့ ခေါ်ဆောင်စုရုံးစီကြ၏။
သူမနှင့် ကာမဂုဏ်စည်းစိမ် ခံစားခကြသော မြီကြီးတစ်ပြင်လုံး၌ ဟိသော ဘုရင်ရို့သည် သူမ၌ လောင်ကျွမ်းလျက်ဟိသည့် မီးမှ မီးခိုးများကို မြင်သောအခါ ငိုကြွီးမြည်တမ်းကြလိမ့်မည်။
ကျန်ကြွင်းသောသူရို့သည်ကား မြင်းဖြူကို စီးတော်မူသော အသျှင်၏ခံတွင်းမှ ထွက်လာသော သန်လျက်ဖြင့် ကွပ်မျက်ခြင်းကို ခံရကြ၏။ ငှက်အပေါင်းရို့သည် သူရို့၏အသားကို ဝစွာ စားကြ၏။