13 ထိုအသျှင်သည် အသွီး၌ နှိုက်ထားသော အဝတ်ကို ဝတ်ဆင်ထား၏။ သူ၏နာမည်ကား “ဘုရားသခင်၏ နှုတ်ကပတ်တော်” ဟူ၍ ဖြစ်၏။
အစအဦး၌ နှုတ်ကပတ်တော် ဟိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူ ဟိတော်မူ၏။ ထိုနှုတ်ကပတ်တော်သည် ဘုရားသခင် ဖြစ်တော်မူ၏။
နှုတ်ကပတ်တော်သည် လူ့ဇာတိကို ခံယူ၍ ကျေးဇူးတော်နှင့်လည်းကောင်း၊ သစ္စာတော်နှင့်လည်းကောင်း ပြည့်စုံလျက် ငါရို့တွင် နီထိုင်တော်မူ၏။ ငါရို့သည် ထိုသူ၏ ဘုန်းတန်ခိုးတော်ကို ဖူးမြင်ရကြ၏။ ထိုဘုန်းတန်ခိုးတော်ကား ခမည်းတော်၌ တစ်ပါးတည်းသော သားတော်၏ ဘုန်းတန်ခိုးတော်ကဲ့သို့ ဖြစ်၏။
အစအဦးကပင် ဟိတော်မူခသည့် အသက်ရှင်သော နှုတ်ကပတ်တော်အကြောင်းကို ငါရို့ စာရီးလိုက်၏။ ထိုနှုတ်ကပတ်တော်ကို ငါရို့ ကြားခရ၏။ ကိုယ်တိုင်မျက်စိ့နှင့် မြင်ခကြ၏။ ငါရို့ ကြည့်ရှုလျက် လက်နှင့်လည်း တို့ခကြ၏။
သက်သီခံသုံးပါး ဟိ၏။
ထိုစပျစ်သီးများကို မြို့ပြင်တွင် နယ်၍ စပျစ်သီးနယ်ရာ တွင်းမှ မြင်းဇက်ကြိုးထိတိုင်အောင် သွီးချောင်းစီးထွက် လာ၏။ ထိုသွီးချောင်းသည် အလျားမိုင် ၂၀၀၊ အနက် ငါးပေခန့် ဟိသတည်း။