ဗျာဒိတ်တော် 18:23 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား23 သင်သည် ဇာခါမျှ ဆီမီး၏ အလင်းရောင်ကို မြင်ရလိမ့်မည် မဟုတ်။ မင်္ဂလာဆောင်သတို့သားနှင့် သတို့သမီး၏ အသံကိုလည်း ဇာခါမျှ ကြားရလိမ့်မည် မဟုတ်။ အကြောင်းမူကား သင်၏ကုန်သည်ကြီးရို့ကား တစ်လောကလုံး၌ သြဇာအာဏာကြီးမားသော သူရို့ဖြစ်ကြ၏။ သင်သည် လူမျိုးတကာရို့ကို စုန်းအတတ်ဖြင့် ပြုစားကာ မှောက်မှားလမ်းလွဲ စီပြီးဖြစ်ယာ” ဟု ဆိုလေ၏။ အခန်းကိုကြည့်ပါ။ |
အကြောင်းမူကား လူမျိုးအပေါင်းရို့သည် ထိုမြို့၏ ကာမဂုဏ်လိုက်စားမှုတည်းဟူသော စပျစ်ရည်နှင့် မူးယစ်နိန်ခသောကြောင့်ဖြစ်၏။ မြီကြီးထက်၌ဟိသော သျှင်ဘုရင်အပေါင်းရို့သည် ဗာဗုလုန်မြို့နှင့်အတူ ကာမဂုဏ်လိုက်စားခကြ၏။ လောက၌ဟိသော ကုန်သည်ရို့သည်လည်း ထိုမြို့၏ ကာမဂုဏ်စည်းစိမ်ခံစားမှုကို အကြောင်းပြု၍ ချမ်းသာကြွယ်ဝ ကြလေ၏” ဟု ကြွေးကြော်လေ၏။