Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဗျာဒိတ်တော် 17:17 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

17 အကြောင်းမူကား ဘုရားသခင် မိန့်တော်မူသောစကားများ အကောင်အထည်ပေါ်လာသည့်တိုင်အောင် သူရို့သည် မိမိရို့၏ အခွင့်အာဏာများကို သားရဲအား တညီတညွတ်တည်း အပ်ပီးကြစီရန် ကိုယ်တော်သည် သူရို့၏စိတ်နှလုံးထဲ၌ မိမိ၏အကြံအစည်တော်ကို ထည့်ထားတော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဗျာဒိတ်တော် 17:17
28 ပူးပေါင်းရင်းမြစ်များ  

လူသားသည် ဘုရားသခင် ခန့်ခွဲမှတ်သားတော်မူသည်အတိုင်း အသီခံရန် အမှန်ပင်လားရမည်။ သို့သော်လည်း လူသားကို ရန်သူလက်သို့ အပ်နှံသူသည် အမင်္ဂလာဟိ၏” ဟု မိန့်တော်မူ၏။


ထိုအခါ စာတန်သည် တပည့်တော်တစ်ဆယ့်နှစ်ပါး အပါဝင်ဖြစ်သော ယုဒသျှကာရုတ်ထဲသို့ ဝင်လေ၏။


သင်ရို့အား ငါဆိုသည်ကား၊ ‘ထိုသူသည် ပြစ်မှုကျူးလွန်သူများနှင့် ရီတွက်ခြင်းခံရ၏’ ဟု ကျမ်းစာက ပြောသည်အတိုင်း ငါခံရမည်။ ဇာကြောင့်ဆိုသော် ငါ့အကြောင်းကို ရီးသားထားသော ကျမ်းစာအတိုင်း ဖြစ်ပျက်နိန်သောကြောင့်ဖြစ်၏” ဟု မိန့်တော်မူ၏။


ထိုကျမ်းစာ၌ ဖော်ပြထားသည့်အရာများ အမြဲမှန်ကန်ကြောင်းကို သင်ရို့ သိကြ၏။ ဘုရားသခင်၏ ဗျာဒိတ်တော် ခံရသော လူတိကို ‘ဘုရားများ’ ဟု ဖော်ပြ၏။


“သင်ရို့အားလုံးကို ရည်မှတ်ပြီး ငါပြောသည်မဟုတ်၊ ငါရွီးချယ်ထားသော သူတိကို ငါသိ၏။ ယေဒါလည်း ကျမ်းစာတော်မြတ်၌ ‘ငါ့ထမင်းကို စားသောသူသည် ငါ့ကို ခြီနှင့် ပြန်ကျောက်သတည်း’ ဟု ဖော်ပြထားသည်အတိုင်း ပြည့်စုံလာရမည်။


ယေသျှုနှင့် တပည့်တော်ရို့သည် ညစာစားလျက်နိန်ကြ၏။ ယေသျှုကို ရန်သူ့လက်သို့ အပ်နှံရန် မာရ်နတ်သည်သျှိမုန်သျှာကာရုတ်၏သား ယုဒ၏ စိတ်နှလုံးထဲ၌ အကြံအစည်ကို ထည့်ထားပြီး ဖြစ်သတည်း။


စစ်သားတိက “ဤဝတ်ရုံကို မဆုတ်မဖြဲ ကတ်ကေ့။ ရထိုက်သောသူ ရယူစီခြင်းငှာ မဲနှိုက်၍ ဆုံးဖြတ်ကတ်မေ” ဟု အချင်းချင်း ပြောဆိုကြ၏။ ဤကား ကျမ်းစာ၌ ရီးထားသည့်အတိုင်း၊ “သူရို့သည် ငါ၏အဝတ်ကို ပိုင်းဖြတ်ကာ ခွဲဝီ၍ ယူကြပြီးလျှင် ငါ၏ဝတ်ရုံကိုကား မဲနှိုက်၍ ယူကြလေ၏” ဟူသော စကား ပြည့်စုံလာစီရန် ဖြစ်လာခြင်း ဖြစ်၏။ သို့ဖြစ်၍ စစ်သားရို့ ဤသို့ ပြုလုပ်ကြခြင်း ဖြစ်၏။


ယေသျှုသည် ကျမ်းစာပြည့်စုံစီခြင်းငှာ အလုံးစုံကို လုပ်ဆောင်ပြီးဖြစ်ကြောင်းကို သိတော်မူ၍ “ငါ ရီသောက်ငတ်တေ” ဟု မိန့်တော်မူ၏။


ငါရို့သည် သင်ရို့အား ကူညီမစရန် စိတ်အားထက်သန် သကဲ့သို့ တိတု၏ စိတ်နှလုံးထဲ၌ ထည့်သွင်းတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါ၏။


သို့ရာတွင် ဘုရားသခင်သည် မိမိ၏အစီခံ ပရောဖက်ရို့အား ဗျာဒိတ်ပီးတော်မူခသည်နှင့်အညီ၊ သတ္တမကောင်းကင်တမန်သည် မိမိ၏ တံပိုးခရာကို မှုတ်သောအခါ ကိုယ်တော်သည် မိမိ၏နက်နဲသော အကြံအစည်တော်များကို ပြီးမြောက်စီတော်မူမည်” ဟု ဆိုလေသည်။


ထို့နောက် ငါသည် ကောင်းကင်တွင် အံ့သြဖွယ်ကောင်းသည့် အတိတ်နိမိတ်ကြီးတစ်ရပ်ကို မြင်ရပြန်၏။ ထိုအတိတ်နိမိတ်ကား ကပ်ဘေးခုနစ်ပါးကို ယူဆောင်လာသော ကောင်းကင်တမန် ခုနစ်ပါးဖြစ်၏။ ထိုကပ်ရောဂါများသည် ဘုရားသခင်၏ အမျက်တော်ကို အဆုံးသတ် အကောင်အထည် ဖော်ခြင်းပင်ဖြစ်၍ နောက်ဆုံးကျရောက်လာမည့် ကပ်ဘေးများဖြစ်ပေ၏။


ထိုဘုရင်ရို့တွင် ရည်ရွယ်ချက်တစ်ခုတည်း ဟိကြ၏။ သူရို့သည် မိမိရို့၏ တန်ခိုးအာဏာတိကို သားရဲအား ပီးအပ်ကြ၏။


ထို့နောက် ကောင်းကင်တမန်က “သိုးသူငယ်တော်၏ မင်္ဂလာပွဲသို့ ဖိတ်ခေါ်ခြင်း ခံရသောသူရို့သည် မင်္ဂလာဟိကြ၏ဟု ရီးမှတ်ထားလော့” ဟူ၍ လည်းကောင်း “ဤစကားသည် ဘုရားသခင်၏နှုတ်တော်ထွက် စကားအမှန်ပင် ဖြစ်၏” ဟူ၍ လည်းကောင်း ငါ့အား ပြောဆို၏။


ထိုသူရို့သည် ဝတ်လုံဖြူတစ်ထည်စီ ရပြီးလျှင် မိမိရို့နည်းတူ အသတ်ခံရကြမည့် အစီခံရို့နှင့် ညီအစ်ကိုမောင်နှမရို့ အရီအတွက် ပြည့်စုံသည့်တိုင်အောင် တအောင့်ချေ စောင့်နိန်ကြရန် အမိန့်ကို ခံရကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ