12 “သင်မြင်ရသည့် ဂြိုဆယ်ချောင်းတိကား မင်းအာဏာစက်ကို မရသိမ့်သော သျှင်ဘုရင် ဆယ်ပါးဖြစ်၏။ သူရို့သည် သားရဲနှင့်အတူ တစ်နာရီစီ သျှင်ဘုရင်အဖြစ် အုပ်စိုးခွင့်ရမည့် သူတိဖြစ်၏။
ထို့နောက် ကောင်းကင်တမန်က “သင်သည် များစွာသော လူ၊ တိုင်းနိုင်ငံ၊ ဘာသာစကား၊ သျှင်ဘုရင်ရို့နှင့် ပတ်သက်၍ ဘုရားသခင်၏ ဗျာဒိတ်တော်ကို နောက်တဖန် ဟောပြောရမည်” ဟု ငါ့အား ဆို၏။
အာကာပြင်တွင် အခြားသော အတိတ်နိမိတ်တစ်ခု ပေါ်လာ၏။ ဦးဂေါင်း ခုနစ်လုံး၊ ဦးဂြို ဆယ်ချောင်းဟိသော နဂါးနီကြီးတစ်ကောင်သည် မိမိ၏ဦးဂေါင်းများတွင် သရဖူ ခုနစ်လုံးကို ဆောင်းထား၏။
ထို့နောက် ပင်လယ်ထဲမှ ဦးဂြိုဆယ်ချောင်းနှင့် ဦးဂေါင်းခုနစ်လုံးဟိသော သားရဲတစ်ကောင် တက်လာသည်ကို ငါမြင်ရ၏။ သူ၏ ဦးဂြိုတစ်ချောင်းစီ၌ သရဖူဆောင်းထား၏။ သူ၏ ဦးဂေါင်းတစ်လုံးစီ၌လည်း ဘုရားသခင်၏ဘုန်းတော်ကို ယှုတ်ချသည့်အမည် ပါဟိ၏။
သင်မြင်ရသော သားရဲနှင့် ဂြိုဆယ်ချောင်းရို့သည် ပြည့်တန်ဆာမကို မုန်းကြလိမ့်မည်။ သူရို့သည် သူမပါးမှ ဟိသမျှကို ချွတ်ယူလျက် အဝတ်မဟိဘဲ ဖြစ်စီကြလိမ့်မည်။ သူမ၏အသားကို စား၍ သူမကို မီးတိုက်ကြလိမ့်မည်။
သူရို့သည် သူမခံရသည့် ဝေဒနာကို ကြောက်ရွံ့၍ အဝီးမှရပ်လျက် “တန်ခိုး ကြီးသောမြို့၊ ကြီးမြတ်သော ဗာဗုလုန်မြို့၊ ဖြစ်ရလေခြင်း၊ ဖြစ်ရလေခြင်း။ သင်သည် တစ်နာရီအတွင်း၌ ပြစ်ဒဏ်စီရင်ခြင်းကို ခံရလေပြီတကား” ဟု ဆိုကြ၏။
ဤစည်းစိမ်ဟိသမျှကို တစ်နာရီအတွင်း၌ ဆုံးယှုံးရပါသည်တကား” ဟု ငိုကြွီးကြလိမ့်မည်။ ခပ်သိမ်းသော သင်္ဘောသူကြီးများနှင့် ခရီးသည် အပေါင်းရို့သည် လည်းကောင်း၊ သင်္ဘောသားများနှင့် ရီကြောင်းကုန်သွယ်မှုကို ပြုကြသူအပေါင်းရို့သည် လည်းကောင်း အဝီးက ရပ်နိန်ကြ၏။
သူရို့သည် မြီမှုန့်များကို မိမိရို့ဂေါင်းထက်၌ ကြဲဖြန့်လျက် “မဟာမြို့ကြီးသည်ကား ဖြစ်ရလေခြင်း၊ ဖြစ်ရလေခြင်း။ ပင်လယ်ကူး သင်္ဘောပိုင်သျှင် အပေါင်းကို ကြွယ်ဝချမ်းသာစီသော မြို့ကြီးသည် တစ်နာရီအတွင်း ဟိသမျှ ဆုံးယှုံးပါသည်တကား” ဟု ငိုကြွီးမြည်တမ်း ကြ၏။