7 ထို့နောက် ယဇ်ပလ္လင်မှ အသံတော်သည်ကား၊ “အနန္တတန်ခိုးသျှင် ဘုရားသခင်၊ ကိုယ်တော် စီရင်တော်မူချက်ရို့သည် မှန်ကန်၍ တရားမျှတပါ၏” ဟု လျှောက်ထားသည်ကို ငါကြားရ၏။
အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကာလ၌ ဟိတော်မူသော အနန္တတန်ခိုးသျှင် ဘုရားသခင်က “ငါသည် အစနှင့်အဆုံး ဖြစ်၏” ဟု မိန့်တော်မူ၏။
အဖမ်းခံရမည့်သူသည် အဖမ်းခံရမည်ဖြစ်၏။ ဒါးဘေးနှင့် သီရမည့်သူသည်လည်း ဒါးဘေးနှင့် သီရမည် ဖြစ်၏။ ဤအကြောင်းကား ဘုရားသခင်၏လူရို့သည် သည်းခံခြင်း၊ ယုံကြည်ခြင်း ဟိစီရန်ပင်ဖြစ်၏။”
ဘုရားသခင်၏ အမျက်တော်ဖလားမှ ပြင်းထန်သော ဒေါသတည်းဟူသော စပျစ်ရည်ကို သောက်ရလိမ့်မည်။ ထိုသူသည် သန့်ယှင်းသောကောင်းကင်တမန်တိနှင့် သိုးသူငယ်တော်၏ ရှိ့၌ ကန့်နှင့်ရောသော မီးထဲတွင် နှိပ်စက်ညှည်းဆဲခြင်းကို ခံရလိမ့်မည်။
ထို့နောက် မီးကို အစိုးရသော ကောင်းကင်တမန်သည် ယဇ်ပလ္လင်တော်မှ ထွက်လာ၏။ သူသည် တန်းစဉ်ကို ကိုင်ထားသည့် ကောင်းကင်တမန်အား “မြီကြီးထက်၌ စပျစ်သီး မှည့်နိန်ယာဖြစ်သောကြောင့် သင်၏ တန်းစဉ်ကို ယူ၍ စပျစ်သီးများကို ရိတ်သိမ်းလော့” ဟု ကျယ်လောင်သောအသံဖြင့် ပြော၏။
ကိုယ်တော်၏ တရားစီရင်တော်မူချက်ရို့သည် မှန်ကန်ပြီး ဖြောင့်မတ်ပါ၏။ မိမိ၏ ကာမဂုဏ်ဖြင့် မြီကြီးသားရို့အား ဖောက်ပြန်ပျက်စီးစီသော ပြည့်တန်ဆာမကြီးကို ကိုယ်တော်သည် ပြစ်ဒဏ်ပီးတော်မူ၏။ ကိုယ်တော်၏ အစီခံရို့ကို သတ်ခသောကြောင့် ကိုယ်တော်သည် ထိုမိန်းမအား ဒဏ်ခတ်တော်မူယာ” ဟု ကြွေးကြော်ကြ၏။
ထို့နောက် သိုးသူငယ်တော်သည် ပဉ္စမ တံဆိပ်ကို ဖွင့်လိုက်သောအခါ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဟောပြောသည့် အတွက်ကြောင့်လည်းကောင်း၊ သစ္စာနှင့်သက်သီခံသည့် အတွက်ကြောင့် လည်းကောင်း အသတ်ခံကြရသောသူရို့၏ ဝိညာဉ်များကို ယဇ်ပလ္လင်အောက်တွင် ငါ မြင်ရ၏။