Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဗျာဒိတ်တော် 15:7 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

7 ထို့နောက် သက်ဟိသတ္တဝါ လေးပါးအနက် တစ်ပါးသည် ကာလအစဉ်အမြဲ အသက်ရှင်တော်မူသော ဘုရားသခင်၏ အမျက်တော်ပြည့်လျက်ဟိသည့် ရွှီဖလားခုနစ်လုံးကို ကောင်းကင်တမန်ခုနစ်ပါးရို့အား ပီးလေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဗျာဒိတ်တော် 15:7
13 ပူးပေါင်းရင်းမြစ်များ  

အကြောင်းမူကား သင်ရို့သည် ငါရို့ကို မည်သို့ လက်ခံကြသည်ကို လည်းကောင်း၊ အသက်ရှင်တော်မူ၍ စစ်မှန်သော ဘုရားသခင်၏အမှုတော်ကို ဆောင်ရွက်ရန် ရုပ်တုများကို စွန့်ပစ်၍ ဘုရားသခင်ထံတော်သို့ မည်သို့ ပြန်လှည့်လာကြသည်ကို လည်းကောင်း၊ သူရို့ကိုယ်တိုင် ပြောကြားကြ၏။


ငါသည် အသက်ရှင်တော်မူသော သူဖြစ်၏။ ငါသည် သီခသော်လည်း အဂုတွင် ထာဝရအသက်ရှင်လျက် ဟိ၏။ ငါသည် သီခြင်းတရားနှင့် မရဏာနိုင်ငံကို အစိုးရ၏။


ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူ၍ ကောင်းကင်၊ မြီကြီး၊ ပင်လယ်မှ စ၍ အရာခပ်သိမ်းကို ဖန်ဆင်းတော်မူသော ဘုရားသခင်၏ နာမတော်ကို တိုင်တည်လျက် “ထပ်၍ ကြန့်ကြာမှု ဟိလိမ့်မည်မဟုတ်။


ဘုရားသခင်၏ အမျက်တော်ဖလားမှ ပြင်းထန်သော ဒေါသတည်းဟူသော စပျစ်ရည်ကို သောက်ရလိမ့်မည်။ ထိုသူသည် သန့်ယှင်းသောကောင်းကင်တမန်တိနှင့် သိုးသူငယ်တော်၏ ရှိ့၌ ကန့်နှင့်ရောသော မီးထဲတွင် နှိပ်စက်ညှည်းဆဲခြင်းကို ခံရလိမ့်မည်။


ထို့နောက် ငါသည် ကောင်းကင်တွင် အံ့သြဖွယ်ကောင်းသည့် အတိတ်နိမိတ်ကြီးတစ်ရပ်ကို မြင်ရပြန်၏။ ထိုအတိတ်နိမိတ်ကား ကပ်ဘေးခုနစ်ပါးကို ယူဆောင်လာသော ကောင်းကင်တမန် ခုနစ်ပါးဖြစ်၏။ ထိုကပ်ရောဂါများသည် ဘုရားသခင်၏ အမျက်တော်ကို အဆုံးသတ် အကောင်အထည် ဖော်ခြင်းပင်ဖြစ်၍ နောက်ဆုံးကျရောက်လာမည့် ကပ်ဘေးများဖြစ်ပေ၏။


ပထမကောင်းကင်တမန်သည် လား၍ မိမိ ခွက်ဖလားမှ အမျက်တော်ကို မြီကြီးထက်သို့ သွန်ချလိုက်၏။ ထိုအခါ သားရဲ၏ အမှတ်တံဆိပ်ခတ်နှိပ်ခြင်း ခံရသောသူရို့နှင့် သူ၏ ရုပ်တုကို ကိုးကွယ်ကြသော သူရို့တွင် အလွန်ဆိုးရွားသော အနာစိမ်းများ ပေါက်ကြလေ၏။


ထို့နောက် ဖလားခုနစ်လုံးကို ကိုင်ထားသော ကောင်းကင်တမန် ခုနစ်ပါးအနက် တစ်ပါးသည် ငါ့ထံသို့ လာ၍ “လာလော့၊ မြစ်များအနားတွင် တည်ဟိသော မြို့ကြီးတည်းဟူသော ပြည့်တန်ဆာမကြီး ခံရသည့် အပြစ်ဒဏ်ကို သင့်အား ငါပြမည်။


ထို့နောက် နောက်ဆုံးသော ဘေးဒဏ်ခုနစ်ပါးနှင့် ပြည့်သော ခွက်ဖလား ခုနစ်လုံးကို ကိုင်ထားသည့် ကောင်းကင်တမန် ခုနစ်ပါးအနက် တစ်ပါးသည် ငါ့ထံသို့ လာ၍ “လာကတ်။ သိုးသူငယ်တော်၏ မယားတည်းဟူသော မင်္ဂလာဆောင်သတို့သမီးကို သင့်အား ငါပြမည်” ဟု ဆို၏။


အကြီးအကဲ နှစ်ဆယ့်လေးပါးရို့သည် ပလ္လင်ထက်တွင် စံတော်မှုလျက် ကမ္ဘာအဆက်ဆက်အသက် ရှင်တော်မူသော အသျှင်၏ရှိ့တော်၌ ပျပ်ဝပ်လျက် ကိုးကွယ်ကြကုန်၏။ သူရို့သည် ပလ္လင်တော်ရှိ့တွင် မိမိရို့၏ သရဖူများကို ချလျက်၊


ထိုသို့ ယူလိုက်သောအခါ သတ္တဝါလေးပါးနှင့် အကြီးအကဲနှစ်ဆယ့်လေးပါးရို့သည် သိုးသူငယ်တော်၏ ရှိ့တော်၌ ပျပ်ဝပ်လျက် နိန်ကြ၏။ ထိုသူအသီးသီးရို့သည် စောင်းများကိုလည်းကောင်း၊ ဘုရားသခင် လူစုတော်၏ ဆုတောင်းပတ္ထနာတည်းဟူသော နံ့သာပေါင်းနှင့်ပြည့်လျက်ဟိသည့် ရွှီဖလားများကို လည်းကောင်း တစ်ခုစီ ကိုင်ဆောင်လျက် ဟိကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ