ဗျာဒိတ်တော် 15:4 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား4 အို ဘုရားသခင်၊ ကိုယ်တော်အား မကြောက်ရွံ့ မရိုသီ၊ မချီးမွမ်းဘဲ ဇာသူနိန်နိုင်ပါမည်နည်း။ ကိုယ်တော်တစ်ပါးတည်းသာလျှင် သန့်ယှင်းမြင့်မြတ်တော်မူပါ၏။ ကိုယ်တော်ပြုတော်မူသော အမှုများသည် ဖြောင့်မတ်မှန်ကန်ကြောင်း ပေါ်လွင်ထင်ရှားသဖြင့် လူမျိုးတကာရို့သည် ရှိ့တော်သို့ လာ၍ ပျပ်ဝပ်လျက် ချီးမွမ်းကိုးကွယ်ကြပါလိမ့်မည်” ဟူ၍ ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
ထိုကောင်းကင်တမန်က “ဘုရားသခင်ကို ကြောက်ရွံ့ရိုသီ၍ ဂုဏ်တော်ကို ချီးမွမ်းကြလော့။ အကြောင်းမူကား ကိုယ်တော်၏ တရားစီရင်တော်မူရာ နိ့ရက်သည် ရောက်လာယာ။ ကောင်းကင်နှင့် မြီကြီးကို လည်းကောင်း၊ ပင်လယ်နှင့် စမ်းရီပေါက်များကို လည်းကောင်း ဖန်ဆင်းတော်မူသော အသျှင်ကို ကိုးကွယ်ကြလော့” ဟု ကျယ်လောင်သောအသံဖြင့် ကြွေးကြော်လေ၏။
ထိုသတ္တဝါ လေးပါးစလုံးတွင် အတောင်ခြောက်ခုစီ ဟိကြ၏။ သူရို့၏ကိုယ် အတွင်းအပြင်၌ မျက်စိများနှင့် ပြည့်နှက်လျက် ဟိကြ၏။ သူရို့သည် နိ့နှင့်ညပါ မနားဘဲ၊ “အနန္တတန်ခိုးသျှင် ဘုရားသခင်သည် သန့်ယှင်းတော်မူ၏၊ သန့်ယှင်းတော်မူ၏၊ သန့်ယှင်းတော်မူ၏။ ကိုယ်တော်သည် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ကာလအစဉ် ဟိနိန်တော်မူ၏” ဟု မြွက်ဆိုကြ၏။