8 ထို့နောက် ဒုတိယ ကောင်းကင်တမန်သည် လာပြီး၊ “ဗာဗုလုန်မြို့ကြီး ပြိုကျလားယာ၊ ပြိုကျလားယာ။ ထိုမြို့သည် ကာမဂုဏ်လိုက်စားမှုတည်းဟူသော စပျစ်ရည်ကို လူမျိုးတကာရို့အား တိုက်လေယာ” ဟု ကြွေးကြော်၏။
သူရို့၏ အလောင်းများသည် မြို့ကြီးများ၏ လမ်းမထက်၌ ဟိကြလိမ့်မည်။ ထိုမြို့ကား သူရို့၏သခင်ဘုရားသည် လက်ဝါးကပ်တိုင်တွင် တင်၍အသတ်ခံရာ မြို့ဖြစ်၏။ ယင်းမြို့သည် သောဒုံမြို့ကို ဖြစ်စီ၊ အဲဂုတ္တုပြည်ကို ဖြစ်စီ ပုံဆောင်သောမြို့ဖြစ်သတည်း။
မြို့ကြီးသည် သုံးပိုင်းကွဲလေ၏။ အလုံးစုံသော တိုင်းနိုင်ငံ၌ ဟိသော မြို့များသည်လည်း ပြိုပျက်ကုန်၏။ ဘုရားသခင်သည် ဗာဗုလုန်မြို့ကြီးကို သတိရတော်မူလျက် မိမိ၏ခွက်ဖလားမှ ပြင်းထန်သော အမျက်တော်တည်းဟူသော စပျစ်ရည်ကို သောက်စီတော်မူ၏။
“သင်မြင်ရသည့် မိန်းမကား မြီကြီးထက်၌ဟိသော သျှင်ဘုရင်ရို့ကို အုပ်စိုးသော မြို့ကြီးဖြစ်သတည်း” ဟု ဆို၏။
ကိုယ်တော်၏ တရားစီရင်တော်မူချက်ရို့သည် မှန်ကန်ပြီး ဖြောင့်မတ်ပါ၏။ မိမိ၏ ကာမဂုဏ်ဖြင့် မြီကြီးသားရို့အား ဖောက်ပြန်ပျက်စီးစီသော ပြည့်တန်ဆာမကြီးကို ကိုယ်တော်သည် ပြစ်ဒဏ်ပီးတော်မူ၏။ ကိုယ်တော်၏ အစီခံရို့ကို သတ်ခသောကြောင့် ကိုယ်တော်သည် ထိုမိန်းမအား ဒဏ်ခတ်တော်မူယာ” ဟု ကြွေးကြော်ကြ၏။