ဗျာဒိတ်တော် 14:7 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား7 ထိုကောင်းကင်တမန်က “ဘုရားသခင်ကို ကြောက်ရွံ့ရိုသီ၍ ဂုဏ်တော်ကို ချီးမွမ်းကြလော့။ အကြောင်းမူကား ကိုယ်တော်၏ တရားစီရင်တော်မူရာ နိ့ရက်သည် ရောက်လာယာ။ ကောင်းကင်နှင့် မြီကြီးကို လည်းကောင်း၊ ပင်လယ်နှင့် စမ်းရီပေါက်များကို လည်းကောင်း ဖန်ဆင်းတော်မူသော အသျှင်ကို ကိုးကွယ်ကြလော့” ဟု ကျယ်လောင်သောအသံဖြင့် ကြွေးကြော်လေ၏။ အခန်းကိုကြည့်ပါ။ |
“သင်ရို့သည် ဇာကြောင့် ဤအရာတိကို လုပ်နိန်ကတ်လဲ၊ ငါရို့သည် သင်ရို့ပိုင် လူသားတိရာ ဖြစ်ပါ၏။ ငါရို့သည် သတင်းကောင်းတရားကို ဟောပြောဖို့ ဤနီရာသို့ ရောက်လာခြင်းဖြစ်၏၊ အကြောင်းမှာ သင်ရို့သည် အကျိုးမဟိသော ဤအရာတိကို ဖယ်ယှားပြီးလျင်၊ ကောင်းကင်၊ မြီကြီး၊ ပင်လယ်နှင့်တကွ ခပ်သိမ်းသော အရာတိကို ဖန်ဆင်းတော်မူသည့် အသက်ရှင်တော်မူသော ဘုရားသခင်ထံပါးသို့ ပြောင်းလဲကြစီခြင်းငှာ ဖြစ်ပါ၏။
ကိုယ်တော်၏ အမျက်တော်သက်ရောက်ရာ ကာလသည် လည်းကောင်း၊ သီလွန်သောသူရို့ကို တရားစီရင်တော်မူရာ ကာလသည် လည်းကောင်း ယခုအခါ ကျရောက်လာသည်ဖြစ်၍ မယုံကြည်သောသူအပေါင်းရို့သည် အမျက်ထွက်ကြပါ၏။ ကိုယ်တော်၏ အစီခံများဖြစ်ကြသော ပရောဖက်ရို့၊ ဘုရားသခင်၏လူရို့၊ ကိုယ်တော့်ကို ကြောက်ရွံ့ရိုသီသောသူရို့ အကြီးအငယ်ရို့ကို ဆုလာဘ်ပီးရန် အချိန်ရောက်လာပြီဖြစ်၏။ ကမ္ဘာမြီကြီးကို ဖျက်ဆီးသောသူရို့အား ဖျက်ဆီးခြင်းငှာ အချိန်ကာလသည်လည်း ရောက်ဟိလာပြီဖြစ်၏” ဟု လျှောက်ထားကြ၏။
အို ဘုရားသခင်၊ ကိုယ်တော်အား မကြောက်ရွံ့ မရိုသီ၊ မချီးမွမ်းဘဲ ဇာသူနိန်နိုင်ပါမည်နည်း။ ကိုယ်တော်တစ်ပါးတည်းသာလျှင် သန့်ယှင်းမြင့်မြတ်တော်မူပါ၏။ ကိုယ်တော်ပြုတော်မူသော အမှုများသည် ဖြောင့်မတ်မှန်ကန်ကြောင်း ပေါ်လွင်ထင်ရှားသဖြင့် လူမျိုးတကာရို့သည် ရှိ့တော်သို့ လာ၍ ပျပ်ဝပ်လျက် ချီးမွမ်းကိုးကွယ်ကြပါလိမ့်မည်” ဟူ၍ ဖြစ်၏။