Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဗျာဒိတ်တော် 14:6 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

6 ထို့နောက် ကောင်းကင်အလယ်တွင် တခြားသော ကောင်းကင်တမန်တစ်ပါး ပျံလျက်နိန်သည်ကို ငါ မြင်ရ၏။ သူသည် တိုင်းနိုင်ငံအသီးသီး၌ဟိသော ဘာသာစကား အမျိုးမျိုးကိုပြောဆိုသော လူအမျိုးအနွယ်ခပ်သိမ်းရို့အား ဟောပြောရန် ထာဝရနှင့်ဆိုင်သော သတင်းကောင်းကို ယူဆောင်လာ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဗျာဒိတ်တော် 14:6
30 ပူးပေါင်းရင်းမြစ်များ  

ငါသည် သင်ရို့အား မှောင်မိုက်ထဲ၌ ပြောသောအရာများကို သင်ရို့သည် အလင်းထဲ၌ ပြန်ပြောကြရလိမ့်မည်။ ဆိတ်ကွယ်ရာ၌ သင်ရို့ကြားရသောစကားကို သင်ရို့သည် အိမ်ခေါင်မိုးထိပ်က ကြွေးကြော်ရလိမ့်မည်။


ထို့နောက် ကိုယ်တော်က၊ “သင်ရို့သည် လောကီနိုင်ငံအရပ်ရပ်သို့ လားပြီးလျှင် လူသတ္တဝါအပေါင်းရို့အား ဧဝံဂေလိသတင်းကောင်းတရားကို ဟောပြောကြလော့။


ဘုရားသခင်၏ဘုန်းတန်ခိုးတော်ကို ငါရို့ ထောမနာပြုကြကုန်အံ့။ အကြောင်းမူကား ငါရို့ ဟောပြောသော ယေသျှုခရစ်တော်၏ သတင်းကောင်းအားဖြင့် လည်းကောင်း၊ လွန်ခသော အချိန်ကာလများစွာကပင် ကွယ်ဝှက်ထားခသည့် နက်နဲသော သမ္မာတရားကို ဖွင့်ပြခြင်းအားဖြင့် လည်းကောင်း ကိုယ်တော်သည် သင်ရို့အား မိမိရို့၏ယုံကြည်ခြင်း၌ ခိုင်မြဲစွာ ရပ်တည်ခြင်းငှာ မစနိုင်တော်မူ၏။


သို့ရာတွင် သင်ရို့ ကြားသိရသည့် သတင်းကောင်း၏ မျှော်လင့်ခြင်းမှ သင်ရို့သည် မယိမ်းမယိုင်စီဘဲ ခိုင်မြဲစွာ အုတ်မြစ်ချထားသည့် ယုံကြည်ခြင်း၌ ဆက်၍ တည်နိန်ကြရမည်။ ထိုသတင်းကောင်းကို မြီကြီးထက်၌ဟိသော လောကီသားတိုင်းအား ဟောပြောနိန်သည်ဖြစ်၍ ငါပေါလုသည် ထိုသတင်းကောင်းအတွက် အခိုင်းအစီ ဖြစ်လာ၏။


ငါရို့၏အသျှင် ယေသျှုခရစ် ကိုယ်တော်တိုင်နှင့် ငါရို့ကို ချစ်တော်မူ၍ ကောင်းမြတ်သည့် မျှော်လင့်ခြင်းနှင့် ထာဝရနှစ်သိမ့်ခြင်းကို မိမိ၏ကျေးဇူးတော်အားဖြင့် ပီးသနားတော်မူသော ငါရို့၏အဖ ဘုရားသခင်သည်၊


ထာဝရပဋိညာဉ် အသွီးတော်ဖြင့် သိုးများ၏ကြီးမြတ်သော သိုးထိန်းဖြစ်တော်မူသော ငါရို့၏ အသျှင်ယေသျှုကို သီဆုံးခြင်းမှ ထမြောက်စီတော်မူသော ငြိမ်သက်ခြင်း၏အသျှင် ဘုရားသခင်သည်၊


ထာဝရဘုရား၏ နှုတ်ကပတ်တော်မူကား ကာလအစဉ်အဆက် တည်၏” ဟူ၍ ဖော်ပြထားသည့်အတိုင်း ဖြစ်၏။ ထိုနှုတ်ကပတ်တော်သည်ကား သင်ရို့အား ကြေညာသည့် သတင်းကောင်းဖြစ်ပေ၏။


ထို့နောက် ကောင်းကင်တမန်က “သင်သည် များစွာသော လူ၊ တိုင်းနိုင်ငံ၊ ဘာသာစကား၊ သျှင်ဘုရင်ရို့နှင့် ပတ်သက်၍ ဘုရားသခင်၏ ဗျာဒိတ်တော်ကို နောက်တဖန် ဟောပြောရမည်” ဟု ငါ့အား ဆို၏။


သို့ရာတွင် ဘုရားသခင်သည် မိမိ၏အစီခံ ပရောဖက်ရို့အား ဗျာဒိတ်ပီးတော်မူခသည်နှင့်အညီ၊ သတ္တမကောင်းကင်တမန်သည် မိမိ၏ တံပိုးခရာကို မှုတ်သောအခါ ကိုယ်တော်သည် မိမိ၏နက်နဲသော အကြံအစည်တော်များကို ပြီးမြောက်စီတော်မူမည်” ဟု ဆိုလေသည်။


သူသည် ဘုရားသခင်၏လူရို့အား တိုက်ခိုက်၍ အနိုင်ရသောအခွင့်နှင့် တိုင်းနိုင်ငံအသီးသီး၌ဟိသော ဘာသာစကားအမျိုးမျိုးကို ပြောဆိုသော လူအမျိုးအနွယ်ခပ်သိမ်းအား အုပ်စိုးပိုင်သောအခွင့်ကိုလည်း ရဟိထား၏။


သင်သည် ငါမှာထားသည့်အတိုင်း စိတ်ရှည်သည်းခံလျက် နိန်ခ၏။ သို့ဖြစ်၍ လောကတစ်ခုလုံးကို စစ်ဆီးရန် ဒုက္ခဆင်းရဲ ကျရောက်လာချိန်၌ သင့်အား ငါ ကာကွယ်စောင့်ရှောက်မည်။


ထို့နောက် သူရို့က၊ “ကိုယ်တော်သျှင်သည် ဤစာလိပ်တော်ကို ယူ၍၊ ခြိပ်တံဆိပ်များကို ဖွင့်ထိုက်သောသူ ဖြစ်ပါ၏။ အကြောင်းမူကား ကိုယ်တော်သျှင်သည် အသီသတ်ခြင်းကို ခံတော်မူသောအားဖြင့်၊ ခပ်သိမ်းသော မျိုးနွယ်စုနှင့် ဘာသာစကားအမျိုးမျိုး၊ ခပ်သိမ်းသော လူမျိုးနှင့် တိုင်းနိုင်ငံအသီးသီးထဲမှ လူတိကို ဘုရားသခင်အဖို့ ရွီးနုတ်တော်မူပါ၏။


ထို့နောက် ငါ ကြည့်လိုက်သောအခါ ကောင်းကင်အလယ်၌ ပျံဝဲလျက်နိန်သော လင်းယုန်ငှက်တစ်ကောင်ကို မြင်ရ၏။ ထိုငှက်က “အခြားသော ကောင်းကင်တမန်သုံးပါး မှုတ်ကြမည့် တံပိုးခရာအသံကြောင့် မြီကြီးထက်၌ ဟိသော သတ္တဝါရို့သည် အမင်္ဂလာ ဟိကြလိမ့်မည်၊ အမင်္ဂလာ ဟိကြ လိမ့်မည်၊ အမင်္ဂလာ ဟိကြလိမ့်မည်” ဟု အသံကျယ်လောင်စွာ ပြောဆိုနိန်သည်ကို ငါကြားရ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ