Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဗျာဒိတ်တော် 14:13 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

13 တဖန် “ရီးမှတ်ထားလော့။ ယခုအချိန်မှစ၍ သခင်ဘုရား၌ သီလွန်သောသူရို့သည် မင်္ဂလာဟိကြ၏” ဟု ဆိုသော ကောင်းကင်မှ အသံကို ငါကြားရ၏။ ဝိညာဉ်တော်ကလည်း “အမှန်ပင်ဖြစ်၏။ သူရို့သည် ဆင်းရဲပင်ပန်းစွာ လုပ်ဆောင်ခြင်းမှ အနားယူခွင့်ကို ရဟိကြလိမ့်မည်။ အကြောင်းမူကား သူရို့၏ လုပ်ဆောင်သောအကျိုးသည် သူရို့နှင့်အတူ လိုက်ပါလျက် ဟိသောကြောင့်ဖြစ်၏” ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဗျာဒိတ်တော် 14:13
41 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် “ဤသူကား ငါနှစ်သက်မြတ်နိုးသော ငါ၏ချစ်သား ဖြစ်၏” ဟူသော ကောင်းကင်မှ အသံတော် ထွက်လာလေ၏။


“သို့သော်လည်း အာဗြဟံက၊ ‘ငါ့သား၊ သင်သည် အသက်ရှင်နိန်စဉ်က သုခချမ်းသာ ခံစားရပြီး လာဇရုက ဆင်းရဲဒုက္ခ ခံခရသည်ကို အောက်မိ့ပါ။ အဂုမှာ သူသည် သက်သာခြင်းကို ခံစားရပြီး သင်ကား ဒုက္ခဝေဒနာ ခံစားနိန်ရ၏။


“တဖန် ငါဆိုသည်ကား၊ လောကီစည်းစိမ်ချမ်းသာအားဖြင့် အဆွီခင်ပွန်းရအောင် ပြုကြလော့။ သို့ပြုလျှင် စည်းစိမ်ချမ်းသာကုန်ဆုံးသောအခါ သင်ရို့ကို ထာဝရအိမ်တော်၌ ကြိုဆိုလက်ခံလိမ့်မည်။


အသက်ရှင်လျှင် သခင်ဘုရားအတွက် ရှင်ကြ၏။ အသက်သီလျှင် သခင်ဘုရား အတွက် သီကြ၏။ ထို့ကြောင့် ငါရို့သည် အသက်ရှင်ခြင်းဖြစ်စီ၊ သီခြင်းဖြစ်စီ သခင်ဘုရားနှင့်သာ ဆိုင်တော်မူ၏။


ခရစ်တော်၌ အိပ်ပျော်သော သူရို့သည်လည်း ဆုံးယှုံးခြင်းသို့သာ ရောက်ကြပေမည်။


သို့သော် ခရစ်တော်သည် သီခြင်းတရားမှ အမှန်စင်စစ် ရှင်ပြန်ထမြောက်တော်မူပြီး သီလွန်သောသူရို့၌ အဦးဆုံးသော အသီးဖြစ်တော်မူ၏။


ထို့ကြောင့် ချစ်သောညီအစ်ကို မောင်နှမရို့၊ သင်ရို့၏ယုံကြည်ခြင်း၌ တည်တံ့ခိုင်ခန့်စွာ ရပ်ကြလော။ သခင်ဘုရား၏ အမှုတော်ကို ဆောင်ရွက်ခြင်းသည် မည်သည့်အခါမျှ အချည်းနှီးမဖြစ်ကြောင်းကို သိမှတ်ကာ အမှုတော်ကို အစဉ်အမြဲ ဆောင်ရွက်ကြလော့။


ငါရို့သည် ယုံကြည်စိတ်ချမှုနှင့် ပြည့်ဝကြပြီးလျှင် ဤခန္ဓာအိမ်ကို စွန့်ခွါ၍ သခင်ဘုရားနှင့်အတူ အိမ်တော်၌ နီထိုင်ရန် ပို၍ အလိုဟိကြ၏။


သင်ရို့၏ယုံကြည်ခြင်းကို ဘုရားသခင်အား ပူဇော်သော ယဇ်ထက်တွင် ငါ့ကို သွန်းလောင်းပူဇော်သော်လည်း ငါသည် ဝမ်းမြောက်၏။ ထိုသို့ ပြုလုပ်ရမည်ဆိုလျှင်လည်း ငါသည် သင်ရို့နှင့်အတူ ဝမ်းမြောက်၏။


အကြောင်းမူကား ယေသျှုသည် အသီခံတော်မူပြီးနောက် တဖန် ထမြောက်တော်မူသည်ဟု ငါရို့ ယုံကြည်ကြလျှင် ဘုရားသခင်သည် ထိုအသျှင်ကို ယုံကြည်လျက် သီလွန်ပြီးသောသူရို့အား ယေသျှုနှင့်အတူ ပြန်၍ ခေါ်ထုတ်တော်မူလိမ့်မည်။


အကြောင်းမူကား ကြွေးကြော်ခြင်းနှင့်တကွ ကောင်းကင်တမန်မင်း၏ အသံ၊ ဘုရားသခင်၏ တံပိုးမှုတ်သံတိကို ကြားရသောအခါ သခင်ဘုရားကိုယ်တော်တိုင် ကောင်းကင်ဘုံမှ ဆင်းသက် ကြွလာတော်မူလိမ့်မည်။ ခရစ်တော်ကို ယုံကြည်၍ သီလွန်ပြီးသောသူများသည် ဦးစွာ ထမြောက်ကြလိမ့်မည်။


ငါရို့သည် အိပ်ပျော်လျက်ဟိသည်ဖြစ်စီ၊ နိုးလျက်ဟိသည်ဖြစ်စီ ထိုအသျှင်နှင့်အတူ အသက်ရှင်ခြင်းငှာ ကိုယ်တော်သည် ငါရို့အတွက် အသီခံတော်မူ၏။


တချို့သောသူရို့၏ ဒုစရိုက်အပြစ်များသည် သိသာထင်ရှားလျက် သူရို့ထက်ဦးစွာ အပြစ်စီရင်ခြင်းသို့ ရောက်တတ်ကြ၏။ တချို့သောသူရို့၏ ဒုစရိုက် အပြစ်များသည်ကား သူရို့၏ နောက်သို့ လိုက်ပါတတ်၏။


ထိုနည်းတူစွာ တချို့သော သုစရိုက်များသည် ထင်ရှားလျက်ဟိ၏။ မထင်ရှားသိမ့်သော အရာများကိုလည်း အစဉ်အမြဲ ဖုံးကွယ်၍ မထားနိုင်။


ထိုအသံက “သင် မြင်ရသည့်အရာကို စာစောင်တွင် ရီးသား၍ ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလဒေလဖိမြို့၊ လောဒိကိမြို့များ၌ဟိသော အသင်းတော်ခုနစ်ပါးသို့ ပီးပို့လော့” ဟု ဆို၏။


ထိုသို့ မိုးကြိုးခြိမ်းသံခုနစ်ချက် မိန့်မြွက်သည်နှင့်ချက်ချင်း ငါသည် ထိုအရာများကို ရီးမှတ်မည်ပြုစဉ်၊ “ရီးမှတ်မထားကေ့။ မိုးကြိုးခြိမ်းသံ ခုနစ်ချက်က မိန့်မြွက်သည့် စကားကို တံဆိပ်ခပ်ထားလော့” ဟု ကောင်းကင်မှ ထွက်သောအသံကို ငါကြားရ၏။


ထို့နောက် သတ္တမကောင်းကင်တမန်သည် မိမိ၏တံပိုးခရာကို မှုတ်လိုက်သောအခါ “အဂုတွင် လောကကို အုပ်စိုးမည့် အာဏာသည် ငါရို့၏ သခင်ဘုရားနှင့် ကိုယ်တော်၏ မေသျှိယလက်ထဲသို့ ရောက်လာယာ။ ထိုသူသည် ကမ္ဘာအဆက်ဆက်စိုးစံတော် မူလိမ့်မည်” ဟု ကောင်းကင်မှ ကျယ်လောင်စွာပြောသော အသံများကို ကြားရ၏။


ထိုအခါ ကောင်းကင်ဘုံ၌ ဘုရားသခင်၏ ဗိမာန်တော်တံခါးသည် ပွင့်လာသဖြင့် ဗိမာန်တော်ထဲ၌ ပဋိညာဉ်သေတ္တာတော်ကို ငါမြင်ရ၏။ ထို့နောက် လျှပ်စစ်များ ပြက်ခြင်း၊ မိုးခြိမ်းခြင်း၊ ငလျင်လှုပ်ခြင်း၊ ကြီးစွာသောမိုးသီးမုန်တိုင်း ကျရောက်ခြင်းများ ဖြစ်လေ၏။


သတ္တမကောင်းကင်တမန်သည် မိမိခွက်ဖလားကို လီထဲသို့ သွန်ချလိုက်၏။ ထိုအခါ ဗိမာန်တော်၏ အတွင်း၌ဟိသော ပလ္လင်တော်မှ “အမှု ပြီးယာ” ဟု ကျယ်လောင်သော အသံထွက်ပေါ်လာ၏။


ထို့နောက် ကောင်းကင်တမန်က “သိုးသူငယ်တော်၏ မင်္ဂလာပွဲသို့ ဖိတ်ခေါ်ခြင်း ခံရသောသူရို့သည် မင်္ဂလာဟိကြ၏ဟု ရီးမှတ်ထားလော့” ဟူ၍ လည်းကောင်း “ဤစကားသည် ဘုရားသခင်၏နှုတ်တော်ထွက် စကားအမှန်ပင် ဖြစ်၏” ဟူ၍ လည်းကောင်း ငါ့အား ပြောဆို၏။


“ဧဖက်မြို့၌ ဟိသောအသင်းတော်၏ ကောင်းကင်တမန်ပါးသို့ ဤသို့ စာရီးပီးလိုက်လော့။ “ဤသတင်းစကားသည် ကြယ်ခုနစ်လုံးကို လက်ယာလက်ဖြင့် ကိုင်ကာ ရွှီမီးခွက်ခုနစ်ခွက်အကြားတွင် လားလာနိန်သော သူ၏ထံမှ ဖြစ်၏။


“ဝိညာဉ်တော်သည် အသင်းတော်များအား မိန့်တော်မူသော စကားများကို ကြားတတ်သောနား ဟိသောသူသည်ကား ကြားပါစီ။ “ငါသည် အောင်မြင်သောသူအား ဘုရားသခင်၏ဥယျာဉ်တော်၌ ဟိသော အသက်ပင်၏အသီးကို စားရသောအခွင့်ကို ပီးမည်။


ယင်းသို့ ပထမအကြိမ် ရှင်ပြန်ထမြောက်ခြင်းတွင် ပါဝင်သောသူရို့သည် မင်္ဂလာဟိသောသူ၊ သန့်ယှင်းသောသူများ ဖြစ်ကြ၏။ ဒုတိယသီခြင်းသည် သူရို့အား အစိုးမရနိုင်ယာ။ သူရို့သည် ဘုရားသခင်နှင့် ခရစ်တော်၏ ယဇ်ပုရောဟိတ်များဖြစ်၍ ခရစ်တော်နှင့်အတူ အနှစ်တစ်ထောင်တိုင်တိုင် အုပ်စိုးကြရလိမ့်မည်။


ပလ္လင်တော်ထက်တွင် စံတော်မူသောအသျှင်က “ယခုအခါ၌ ခပ်သိမ်းသော အရာများကို ငါ အသစ်ဖန်ဆင်းယာ” ဟု မိန့်တော်မူ၏။ ကိုယ်တော်က “ဤစကားများသည် သစ္စာစကား၊ ဟုတ်မှန်သောစကား ဖြစ်၏၊ ရီးမှတ်၍ ထားလော့” ဟု ငါ့အား မိန့်တော်မူ၏။


ဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက “ကြွလာတော်မူပါ” ဟု ဆိုကြ၏။ ဤရာကို ကြားသောသူမှန်သမျှသည်လည်း “ကြွလာတော်မူပါ” ဟု ဆိုကတ်ပါစီ။ ရီငတ်သောသူသည် လာပါစီ။ အသက်ရီကို အလိုဟိသောသူသည် အခမဲ့ ယူပါစီ။


ထိုသူရို့သည် ဝတ်လုံဖြူတစ်ထည်စီ ရပြီးလျှင် မိမိရို့နည်းတူ အသတ်ခံရကြမည့် အစီခံရို့နှင့် ညီအစ်ကိုမောင်နှမရို့ အရီအတွက် ပြည့်စုံသည့်တိုင်အောင် တအောင့်ချေ စောင့်နိန်ကြရန် အမိန့်ကို ခံရကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ