12 ဤကား ဘုရားသခင်၏ပညတ်တော်ကို နာခံလိုက်လျှောက်၍ ယေသျှု၌ သစ္စာဟိကြသော ဘုရားသခင်၏လူရို့အဖို့ သည်းခံနိုင်ခြင်း ဟိစီရန်ပင် ဖြစ်၏။
ငါသည် အဗြီးပြိုင်ပွဲ၌ အစွမ်းကုန် ကြိုးစားပြီး အဆုံးတိုင်အောင် ဗြီးခပြီးယာ၊ ငါသည် ယုံကြည်ခြင်းတရားကို စောင့်ထိန်းခယာ။
ငါရို့သည် ဘုရားသခင်၏ ပညတ်တော်တိကို လိုက်နာစောင့်ထိန်းလျှင် ကိုယ်တော့်ကို သိကျွမ်းသူများဖြစ်ကြောင်း သေချာစွာ သိကြ၏။
ထိုအခါ နဂါးသည် ထိုမိန်းမကို ဒေါသထွက်သဖြင့် သူမ၏ ကျန်ကြွင်းသော သားမြီးများတည်းဟူသော ဘုရားသခင်၏ ပညတ်တော်များကို နာခံလိုက်လျှောက်ပြီး ယေသျှု ဖော်ပြတော်မူသော သမ္မာတရားတော်ကို စွဲလမ်းသောသူရို့အား တိုက်ခိုက်ရန် ထွက်ခွာလားလေ၏။
အဖမ်းခံရမည့်သူသည် အဖမ်းခံရမည်ဖြစ်၏။ ဒါးဘေးနှင့် သီရမည့်သူသည်လည်း ဒါးဘေးနှင့် သီရမည် ဖြစ်၏။ ဤအကြောင်းကား ဘုရားသခင်၏လူရို့သည် သည်းခံခြင်း၊ ယုံကြည်ခြင်း ဟိစီရန်ပင်ဖြစ်၏။”
သင်သည် ဇာအရပ်၌ နီထိုင်သည်ကို ငါသိ၏။ သင်သည် စာတန်၏ ပလ္လင်ဟိရာအရပ်တွင် နီထိုင်၏။ ငါ့ဖက်၌ သစ္စာဟိစွာ သက်သီခံသောသူ အန္တိပသည် စာတန်မာရ်နတ် နီထိုင်ရာတွင် အသတ်ခံရသောအချိန်၌ပင် သင်သည် ငါ၌ သစ္စာစောင့်၍ သင်၏ယုံကြည်ခြင်းကို မစွန့်။
သင်သည် ငါမှာထားသည့်အတိုင်း စိတ်ရှည်သည်းခံလျက် နိန်ခ၏။ သို့ဖြစ်၍ လောကတစ်ခုလုံးကို စစ်ဆီးရန် ဒုက္ခဆင်းရဲ ကျရောက်လာချိန်၌ သင့်အား ငါ ကာကွယ်စောင့်ရှောက်မည်။
သင် ပြုသည့်အမှုကို ငါသိ၏။ သင်သည် ခွန်အား အနည်းချေသာ ဟိသော်လည်း ငါ့နာမကို မငြင်းပယ်ဘဲ ငါ့သြဝါဒကို လိုက်နာစောင့်ထိန်းခကြောင်းကို ငါသိ၏။ သင်ရို့အတွက် တန်းခါးကို ငါဖွင့်ထားယာ။ ထိုတန်းခါးကို ဇာသူမျှ မပိတ်နိုင်ပေ။