Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဗျာဒိတ်တော် 14:10 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

10 ဘုရားသခင်၏ အမျက်တော်ဖလားမှ ပြင်းထန်သော ဒေါသတည်းဟူသော စပျစ်ရည်ကို သောက်ရလိမ့်မည်။ ထိုသူသည် သန့်ယှင်းသောကောင်းကင်တမန်တိနှင့် သိုးသူငယ်တော်၏ ရှိ့၌ ကန့်နှင့်ရောသော မီးထဲတွင် နှိပ်စက်ညှည်းဆဲခြင်းကို ခံရလိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဗျာဒိတ်တော် 14:10
45 ပူးပေါင်းရင်းမြစ်များ  

ယေသျှုကလည်း “သင်ရို့ ဇာကို တောင်းနိန်သည်ကို သင်ရို့ မသိကတ်။ ငါ သောက်ရမည့် ခွက်ကို သင်ရို့ သောက်နိုင်ကတ်ဖို့လား” ဟု သူမ၏ သားနှစ်ယောက်ကို မိန့်တော်၏။ သူရို့ကလည်း “အကျွန်ရို့ သောက်နိုင်ပါ၏” ဟု လျှောက်ကြ၏။


“ထို့နောက် မိမိ၏လက်ဝဲဘက်မှာ ဟိသောသူတိကိုကား၊ ‘ကျိန်ခြင်းကို ခံရသောသူရို့ ငါ့အနားက ထွက်လားကတ်။ သင်ရို့သည် မာရ်နတ်နှင့် သူ၏စီတမန်များအတွက် ပျင်ဆင်ထားသော ထာဝရမီးအိုင်ထဲသို့ ဆင်းကြလော့။


ရှိ့သို့ အနည်းငယ်ကြွတော်မူပြီး၊ ပြပ်ဝပ်လျက်၊ “အကျွန်၏အဖ၊ ဖြစ်နိုင်မည်ဆိုလျှင် ဤခွက်ကို အကျွန့်ပါးက ဖယ်ယှားပီးတော်မူပါ။ သို့သော်လည်း အကျွန်၏အလိုအတိုင်း မဖြစ်စီဘဲ၊ ကိုယ်တော်၏အလိုတော်အတိုင်းသာ ဖြစ်စီတော်မူပါ” ဟု ဆုတောင်းတော်မူ၏။


ဖောက်ပြန်၍၊ ဒုစရိုက်တိနှင့် ပြည့်နိန်သော ဤလောက၌ အကြင်သူသည် ငါနှင့် ငါ၏သြဝါဒကို ရှက်လျှင်၊ လူသားသည်လည်း အဖခမည်းတော်၏ ဘုန်းတန်ခိုးတော်ကို ဆောင်၍ သန့်ယှင်းသော ကောင်းကင်တမန်ရို့နှင့် ကြွလာသောအခါ ထိုသူကို ရှက်လိမ့်မည်” ဟု မိန့်တော်မူ၏။


ထိုသူရို့က “ဘုရားသခင်ကို ကြည်ညို၍ ယုဒလူမျိုးအားလုံးက အလွန်လေးစားရသော၊ သူတော်ကောင်းတစ်ယောက်ဖြစ်သူ တပ်မှူး ကော်နေလိက အကျွန်ရို့ကို ရွှတ်လိုက်ပါ၏။ အကြောင်းမှာ သင်၏စကားကို ကြားနာခြင်းငှာ သင့်ကို သူ့အိမ်သို့ ခေါ်ဖိတ်ရန် ဘုရားသခင်၏ သန့်ယှင်းသောကောင်းကင်တမန်တစ်ပါးက သူ့အား ပြောသောကြောင့် အကျွန်ရို့ လာရခြင်းဖြစ်ပါ၏” ဟု ပြန်ပြောကြ၏။


ဆင်းရဲဒုက္ခ ရောက်လျက်ဟိသော သင်ရို့သည်လည်း ငါရို့နည်းတူ သက်သာခြင်း ရစီတော်မူလိမ့်မည်။ အသျှင်ယေသျှုသည် မိမိ၏ တန်ခိုးကြီးသော ကောင်းကင်တမန်တိ ခြံရံလျက် မီးလျှံနန့်တကွ ကောင်းကင်မှ ထင်ရှားလာသောအခါ ဤအမှုအရာများသည် ဖြစ်လာလိမ့်မည်။


သောဒုံမြို့၊ ဂေါမောရမြို့နှင့် ထိုမြို့များ၏ ပတ်ဝန်းကျင်၌ဟိသော မြို့များကို သတိရကြလော့။ ထိုမြို့များမှ မြို့သူမြို့သားရို့သည် အဆိုပါ ကောင်းကင်တမန်တိကဲ့သို့ ကာမဂုဏ်လိုက်စား၍ သဘာဝနှင့်ဆန့်ကျင်သည့် အပျော်အပါးကို လိုက်စားခကြ၏။ သူရို့အား ယှင်းလင်းပြတ်သားစွာ သတိပီးသည့်အနိန်ဖြင့် သူရို့အားလုံးသည် ထာဝရမီးထဲတွင် အပြစ်ဒဏ်ကို ခံရကြ၏။


ထို့နောက် သက်ဟိသတ္တဝါ လေးပါးအနက် တစ်ပါးသည် ကာလအစဉ်အမြဲ အသက်ရှင်တော်မူသော ဘုရားသခင်၏ အမျက်တော်ပြည့်လျက်ဟိသည့် ရွှီဖလားခုနစ်လုံးကို ကောင်းကင်တမန်ခုနစ်ပါးရို့အား ပီးလေ၏။


မြို့ကြီးသည် သုံးပိုင်းကွဲလေ၏။ အလုံးစုံသော တိုင်းနိုင်ငံ၌ ဟိသော မြို့များသည်လည်း ပြိုပျက်ကုန်၏။ ဘုရားသခင်သည် ဗာဗုလုန်မြို့ကြီးကို သတိရတော်မူလျက် မိမိ၏ခွက်ဖလားမှ ပြင်းထန်သော အမျက်တော်တည်းဟူသော စပျစ်ရည်ကို သောက်စီတော်မူ၏။


အကြောင်းမူကား လူမျိုးအပေါင်းရို့သည် ထိုမြို့၏ ကာမဂုဏ်လိုက်စားမှုတည်းဟူသော စပျစ်ရည်နှင့် မူးယစ်နိန်ခသောကြောင့်ဖြစ်၏။ မြီကြီးထက်၌ဟိသော သျှင်ဘုရင်အပေါင်းရို့သည် ဗာဗုလုန်မြို့နှင့်အတူ ကာမဂုဏ်လိုက်စားခကြ၏။ လောက၌ဟိသော ကုန်သည်ရို့သည်လည်း ထိုမြို့၏ ကာမဂုဏ်စည်းစိမ်ခံစားမှုကို အကြောင်းပြု၍ ချမ်းသာကြွယ်ဝ ကြလေ၏” ဟု ကြွေးကြော်လေ၏။


သူမသည် သင်ရို့အား ပြုသည့်အတိုင်း သူမအား ပြုကြလော့။ သူမပြုသော အရာအားလုံးအတွက် နှစ်ဆပီးဆပ်ကြလော့။ သင်ရို့အဖို့ သူမပျင်ဆင်ပီးသော ဖလား၌ နှစ်ဆပြင်းစွာသော သောက်စရာကို သူမအဖို့ ပျင်ဆင်ပီးကြလော့။


လူအမျိုးမျိုးရို့ကို နှိမ်နင်းရန်အတွက် ကိုယ်တော်၏ ခံတွင်းမှ ထက်သောသန်လျက် ထွက်တော်မူ၏။ ကိုယ်တော်သည် ထိုသူရို့ကို သံလှံတံဖြင့် အုပ်စိုးတော်မူလိမ့်မည်။ သူသည်အနန္တတန်ခိုးသျှင် ဘုရားသခင်၏ ပြင်းစွာသော အမျက်တော်တည်းဟူသော စပျစ်သီးနယ်ရာကျင်းကို နင်းတော်မူလိမ့်မည်။


သားရဲနှင့်တကွ သူ၏ရှိ့တွင် နိမိတ်လက္ခဏာများကိုပြသော မိစ္ဆာပရောဖက်သည် အဖမ်းခံရ၏။ ထိုမိစ္ဆာပရောဖက်သည်ကား သားရဲ၏အမှတ်တံဆိပ်ကို ခံယူ၍ သူ၏ရုပ်တုကို ရှိ့ခိုးသူရို့အား နိမိတ်လက္ခဏာများကို ပြခြင်းအားဖြင့် လိမ်လည်လှည့်ဖျားသောသူ ဖြစ်သတည်း။ ထိုသူနှစ်ယောက်စလုံးသည် အသက်ရှင်လျက်ပင် တောက်လောင်နိန်သော ကန့်နှင့်ရောသော မီးအိုင်ထဲသို့ ပစ်ချခြင်းကို ခံရကြ၏။


ထို့နောက် သူရို့အား လမ်းလွဲစီသောသူ မာရ်နတ်သည်လည်း ကန့်နှင့်ရောသော မီးအိုင်ထဲသို့ ပစ်ချခြင်းကို ခံရလေ၏။ မှားယွင်းသော ပရောဖက်ရို့သည် သားရဲနှင့်တကွ ထိုအိုင်ထဲသို့ ပစ်ချခြင်းကို ခံရပြီးဖြစ်၏။ သူရို့သည် ကမ္ဘာအဆက်ဆက် နိ့ညမပြတ် ညှည်းပန်းနှိပ်စက်ခြင်းကို ခံရကြလတ္တံ့။


ထို့နောက် သီမင်းနှင့် မရဏာနိုင်ငံသည် မီးအိုင်ထဲသို့ ပစ်ချခြင်းကို ခံရကြ၏။ ဤမီးအိုင်သည် ဒုတိယသေခြင်း ဖြစ်သည်။


သို့ရာတွင် ကြောက်တတ်သောသူ၊ မယုံကြည်သောသူ၊ စက်ဆုပ်ရွံဖွယ်ကောင်းသောသူ၊ လူ့အသက်ကို သတ်သောသူ၊ အကျင့်ပျက်သောသူ၊ ပြုစားတတ်သောသူ၊ ရုပ်တုကိုးကွယ်သောသူရို့နှင့် လိမ်လည်ပြောဆိုသော သူရို့သည် ကန့်နှင့်ရောသော မီးအိုင်ထဲ၌ ကျရကြလိမ့်မည်။ ဤကား ဒုတိယသီဆုံးခြင်း ဖြစ်သတည်း” ဟု မိန့်တော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ