5 ထိုသားရဲသည် ကြွားဝါ၍ ဘုရားသခင်အား ပြစ်မှားပြောဆိုခွင့်ကို လည်းကောင်း၊ လေးဆယ့် နှစ်လပတ်လုံး အုပ်စိုးပိုင်သောအခွင့်ကို လည်းကောင်း ရဟိထား၏။
ဇာသူသည် ဇာနည်းနှင့်မျှ သင်ရို့ကို မလှည့်ဖြားစီကေ့။ အကြောင်းမူကား နောက်ဆုံးသော ပုန်ကန်မှုကြီးမဖြစ်ခင်နှင့် ပျက်စီးခြင်းခံရမည့် သူတည်းဟူသော မတရားသောသူ မပေါ်ထွန်းခင် ထိုနိ့ရက်သည် ရောက်လာလိမ့်မည် မဟုတ်။
ထိုသူသည် ဘုရားဟု ခေါ်သော အရာ သို့မဟုတ် ဝတ်ပြုကိုးကွယ်သောအရာ မှန်သမျှကို ဆန့်ကျင်၍ ခပ်သိမ်းသောအရာထက်၌ မိမိကိုယ်ကို ချီးမြှောက်လိမ့်မည်။ သူသည် ဘုရားသခင်၏ ဗိမာန်တော်ထဲသို့ ဝင်၍ ထိုင်ကာ မိမိကိုယ်ကို ဘုရားဟု ကြေညာလိမ့်မည်။
ထိုအခါ မတရားသောသူသည် ထင်ရှားလာလိမ့်မည်။ အသျှင်ယေသျှုသည် ထိုသူအား မိမိ၏ နှုတ်မှထွက်သော လီအားဖြင့် ကွက်မျက်ကာ၊ မိမိကြွလာတော်မူသော ဘုန်းရောင်ခြည်တော်ဖြင့် ဖျက်ဆီးတော်မူလိမ့်မည်။
သူရို့၏ သက်သီခံဟောပြောသည့်အလုပ် ပြီးစီးသောအခါ၌ တွင်းနက်ကြီးထဲမှ သားရဲသည် တက်လာ၍ သူရို့အား တိုက်ခိုက်လိမ့်မည်။ ထို့နောက် သူသည် ထိုသူရို့ကို အောင်နိုင်၍ အသီသတ်လိမ့်မည်။
ထိုမိန်းမသည် တောကန္တာရဟိသော မိမိအရပ်သို့ ပျံလားနိုင်ရန် လင်းယုန်ကြီးတစ်ကောင်၏ အတောင် နှစ်ခုကို ရဟိထား၏။ သူမသည် ထိုအရပ်တွင် သုံးနှစ်ခွဲတိုင်တိုင် နဂါး၏ ဘေးအန္တရာယ်မှ လွတ်ကင်းလျက် ပြုစုစောင့်ရှောက်ခြင်းကို ခံရလိမ့်မည်ဖြစ်၏။
မိန်းမသည် တောကန္တာရ၌ ဘုရားသခင် ပျင်ဆင်ထားတော်မူသော အရပ်သို့ ထွက်ဗြီးလေ၏။ ထိုအရပ်တွင် သူမသည် ရက်ပေါင်း ၁,၂၆၀ အထိ ပြုစုစောင့်ရှောက်ခြင်းကို ခံရ၏။
သူသည် ဘုရားသခင်၏လူရို့အား တိုက်ခိုက်၍ အနိုင်ရသောအခွင့်နှင့် တိုင်းနိုင်ငံအသီးသီး၌ဟိသော ဘာသာစကားအမျိုးမျိုးကို ပြောဆိုသော လူအမျိုးအနွယ်ခပ်သိမ်းအား အုပ်စိုးပိုင်သောအခွင့်ကိုလည်း ရဟိထား၏။