ဗျာဒိတ်တော် 13:4 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား4 နဂါးသည် မိမိ၏အာဏာကို သားရဲအား အပ်နှင်းပီးသူဖြစ်သဖြင့် လူရို့သည် နဂါးကို ကိုးကွယ်ကြ၏။ လူရို့က “ဤသားရဲနှင့် ဇာသူတူပါသနည်း။ သူ့အား ဇာသူ ဆိုင်ပြိုင်တိုက်ခိုက်နိုင်ပါသနည်း” ဟု ဆိုလျက် သားရဲကိုလည်း ကိုးကွယ်ကြ၏။ အခန်းကိုကြည့်ပါ။ |
ဤဘေးဒဏ်ဖြင့် မသီဘဲ ကျန်ဟိနိန်သော သူရို့သည် မိမိရို့၏ ဆိုးညစ်သော အကျင့်များမှ နောင်တရရန်နှင့် ဘုရားသခင်ထံသို့ ပြန်လှည့်ရန် ငြင်းပယ်ကြ၏။ ထိုသူရို့သည် နတ်မိစ္ဆာများကို လည်းကောင်း၊ မျက်စိမမြင်၊ နားမကြား၊ မလှုပ်မယှားနိုင်သော ရွှီ၊ ငွီ၊ ကြေး၊ ကျောက်၊ သစ်သားစသည်ဖြင့် ပြုလုပ်ထားသော ရုပ်တုများကို လည်းကောင်း ကိုးကွယ်လျက်ပင် ဟိနိန်ကြသိမ့်၏။