Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဗျာဒိတ်တော် 13:14 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

14 သူသည် ပထမသားရဲ၏ ရှိ့၌ ပြပိုင်ခွင့်ဟိသည့် နိမိတ်လက္ခဏာများကို ပြ၍ မြီကြီးသားရို့အား လှည့်ဖြားလေ၏။ ဒါးဒဏ်ရာကို ရဟိသော်လည်း အသက်ရှင်နိန်သူ ထိုသားရဲအား ရိုသီဂုဏ်ပြုသည့် အနိန်ဖြင့် သူ၏ရုပ်တုကို ပြုလုပ်ရန် မြီကြီးသားရို့အား စီခိုင်း၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဗျာဒိတ်တော် 13:14
29 ပူးပေါင်းရင်းမြစ်များ  

ထိုသူသည် ဘုရားဟု ခေါ်သော အရာ သို့မဟုတ် ဝတ်ပြုကိုးကွယ်သောအရာ မှန်သမျှကို ဆန့်ကျင်၍ ခပ်သိမ်းသောအရာထက်၌ မိမိကိုယ်ကို ချီးမြှောက်လိမ့်မည်။ သူသည် ဘုရားသခင်၏ ဗိမာန်တော်ထဲသို့ ဝင်၍ ထိုင်ကာ မိမိကိုယ်ကို ဘုရားဟု ကြေညာလိမ့်မည်။


မြီကြီးသားရို့အား လှည့်ဖြားသော နတ်မိစ္ဆာဟူ၍ လည်းကောင်း၊ စာတန်မာရ်နတ်ဟူ၍ လည်းကောင်း ခေါ်ဝေါ်ခြင်းကို ခံရသူ ရှိ့ဟောင်း မြွီနဂါးကြီးသည် မိမိ၏ ကောင်းကင်တမန်တိနှင့်အတူ မြီကြီးထက်သို့ ပစ်ချခြင်းကို ခံရလေ၏။


ထို့နောက် ပင်လယ်ထဲမှ ဦးဂြိုဆယ်ချောင်းနှင့် ဦးဂေါင်းခုနစ်လုံးဟိသော သားရဲတစ်ကောင် တက်လာသည်ကို ငါမြင်ရ၏။ သူ၏ ဦးဂြိုတစ်ချောင်းစီ၌ သရဖူဆောင်းထား၏။ သူ၏ ဦးဂေါင်းတစ်လုံးစီ၌လည်း ဘုရားသခင်၏ဘုန်းတော်ကို ယှုတ်ချသည့်အမည် ပါဟိ၏။


ဒုတိယ သားရဲသည် ထိုရုပ်တုအား စကားပြောနိုင်ရန် လည်းကောင်း၊ ထိုရုပ်တုအား မကိုးကွယ်သောသူ အပေါင်းရို့ကို သီစီနိုင်ရန် လည်းကောင်း၊ ရုပ်တု၌ အသက်ကို သွင်းပီးရသောအခွင့်ကို လည်းကောင်း ရ၏။


အသီသတ်ခြင်းကို ခံရသည့် သိုးသူငယ်တော်၏ အသက်စာစောင်တွင် လောကကို ဖန်ဆင်းတော်မမူခင်ကပင် စာရင်းဝင်သောသူရို့မှတစ်ပါး မြီကြီးသားအပေါင်းရို့သည် ထိုသားရဲအား ကိုးကွယ်ကြလိမ့်မည်။


ထို ညှည်းဆဲခြင်း၏ မီးခိုးသည် ထာဝရကာလပတ်လုံး အထက်သို့ တက်လျက်နိန်၏။ သားရဲနှင့် ၎င်း၏ရုပ်တုကို ကိုးကွယ်၍၊ ၎င်း၏နာမည် တံဆိပ်ခတ်နှိပ်ခြင်းကို ခံရသောသူ အပေါင်းရို့သည် နိ့ညမပြတ် သက်သာရာရလိမ့်မည် မဟုတ်” ဟု အသံကျယ်လောင်စွာ ကြွေးကြော်လေ၏။


ထို့နောက် တတိယ ကောင်းကင်တမန်သည် လာ၍ “သားရဲနှင့် ထိုသားရဲ၏ရုပ်တုကို ကိုးကွယ်ကာ ထိုသားရဲ၏ အမှတ်တံဆိပ်ကို နဖူး၌ ဖြစ်စီ၊ လက်၌ ဖြစ်စီ ရိုက်နှိပ်ထားသောသူသည်၊


ထို့နောက် မီးနှင့်ရောသည့် ဖန်ရီကန်နှင့်တူသော အရာတစ်ခုကို ငါမြင်ရ၏။ သားရဲနှင့် သူ၏ရုပ်တုအား လည်းကောင်း၊ ကိန်းဂဏန်း၏ နာမည်ကို ပိုင်ဆိုင်သူအား လည်းကောင်း အောင်နိုင်သောသူရို့ကို ငါမြင်ရ၏။ သူရို့သည် ဘုရားသခင် ပီးတော်မူသော စောင်းများကို ကိုင်လျက် ဖန်ရီကန်အနားတွင် ရပ်လျက်နိန်ကြ၏။


ထို့နောက် ဖားနှင့်တူသည့် ညစ်ညူးသော ဝိညာဉ်သုံးပါးကို ငါ မြင်၏။ သူရို့သည် နဂါး၊ သားရဲ၊ မိစ္ဆာပရောဖက်ရို့၏ ခံတွင်းအသီးသီးမှ ထွက်လာကြ၏။


ပထမကောင်းကင်တမန်သည် လား၍ မိမိ ခွက်ဖလားမှ အမျက်တော်ကို မြီကြီးထက်သို့ သွန်ချလိုက်၏။ ထိုအခါ သားရဲ၏ အမှတ်တံဆိပ်ခတ်နှိပ်ခြင်း ခံရသောသူရို့နှင့် သူ၏ ရုပ်တုကို ကိုးကွယ်ကြသော သူရို့တွင် အလွန်ဆိုးရွားသော အနာစိမ်းများ ပေါက်ကြလေ၏။


သင်သည် ဇာခါမျှ ဆီမီး၏ အလင်းရောင်ကို မြင်ရလိမ့်မည် မဟုတ်။ မင်္ဂလာဆောင်သတို့သားနှင့် သတို့သမီး၏ အသံကိုလည်း ဇာခါမျှ ကြားရလိမ့်မည် မဟုတ်။ အကြောင်းမူကား သင်၏ကုန်သည်ကြီးရို့ကား တစ်လောကလုံး၌ သြဇာအာဏာကြီးမားသော သူရို့ဖြစ်ကြ၏။ သင်သည် လူမျိုးတကာရို့ကို စုန်းအတတ်ဖြင့် ပြုစားကာ မှောက်မှားလမ်းလွဲ စီပြီးဖြစ်ယာ” ဟု ဆိုလေ၏။


သားရဲနှင့်တကွ သူ၏ရှိ့တွင် နိမိတ်လက္ခဏာများကိုပြသော မိစ္ဆာပရောဖက်သည် အဖမ်းခံရ၏။ ထိုမိစ္ဆာပရောဖက်သည်ကား သားရဲ၏အမှတ်တံဆိပ်ကို ခံယူ၍ သူ၏ရုပ်တုကို ရှိ့ခိုးသူရို့အား နိမိတ်လက္ခဏာများကို ပြခြင်းအားဖြင့် လိမ်လည်လှည့်ဖျားသောသူ ဖြစ်သတည်း။ ထိုသူနှစ်ယောက်စလုံးသည် အသက်ရှင်လျက်ပင် တောက်လောင်နိန်သော ကန့်နှင့်ရောသော မီးအိုင်ထဲသို့ ပစ်ချခြင်းကို ခံရကြ၏။


သင်ခံရမည့် ဆင်းရဲဒုက္ခများအတွက် မစိုးရိမ်ကေ့။ မာရ်နတ်သည် သင်ရို့ထဲမှ တချို့ကို ထောင်ထဲ၌ အကျဉ်းချထားခြင်းအားဖြင့် စစ်ဆီးလိမ့်မည်။ သင်သည် ဆယ်ရက်တိုင်တိုင် ဒုက္ခခံရလိမ့်မည်။ သီဆုံးသည်ထိတိုင်အောင် သစ္စာစောင့်လော့၊ သို့မှသာ သင့်အား အသက်သရဖူကို ငါပီးမည်။


ထို့နောက် သူရို့အား လမ်းလွဲစီသောသူ မာရ်နတ်သည်လည်း ကန့်နှင့်ရောသော မီးအိုင်ထဲသို့ ပစ်ချခြင်းကို ခံရလေ၏။ မှားယွင်းသော ပရောဖက်ရို့သည် သားရဲနှင့်တကွ ထိုအိုင်ထဲသို့ ပစ်ချခြင်းကို ခံရပြီးဖြစ်၏။ သူရို့သည် ကမ္ဘာအဆက်ဆက် နိ့ညမပြတ် ညှည်းပန်းနှိပ်စက်ခြင်းကို ခံရကြလတ္တံ့။


သင်သည် ငါမှာထားသည့်အတိုင်း စိတ်ရှည်သည်းခံလျက် နိန်ခ၏။ သို့ဖြစ်၍ လောကတစ်ခုလုံးကို စစ်ဆီးရန် ဒုက္ခဆင်းရဲ ကျရောက်လာချိန်၌ သင့်အား ငါ ကာကွယ်စောင့်ရှောက်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ