Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဗျာဒိတ်တော် 13:13 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

13 ဒုတိယသားရဲသည် အံ့သြဖွယ်သော နိမိတ်လက္ခဏာများကို ပြ၏။ လူအပေါင်းရို့၏ မျက်မှောက်၌ ကောင်းကင်မှ မြီကြီးထက်သို့ မီးများကျလာစီ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဗျာဒိတ်တော် 13:13
20 ပူးပေါင်းရင်းမြစ်များ  

ယေသျှုထံပါးသို့ ရောက်လာကြသော ဖာရိယှဲနှင့် ဇဒ္ဒုကဲအချို့သည် ကိုယ်တော့်ကို စုံစမ်းလိုစိတ်ဟိကြ၏။ ထို့ကြောင့် ဘုရားသခင်သည် ကိုယ်တော်ဖက်မှာဟိကြောင်း ထင်ရှားစီခြင်းငှာ နိမိတ်လက္ခဏာ တစ်ခုကို သူရို့အားလားပြရန် တောင်းဆိုကြ၏။


အကြောင်းမူကား မေသျှိယအယောင်ဆောင်တိ၊ ပရောဖက်အယောင်ဆောင်တိ ပေါ်လာ၍ ဖြစ်နိုင်လျှင် ရွီးကောက်ထားသောသူတိကိုပင် လှည့်ဖျားနိုင်ခြင်းငှာ အံ့ဩဖွယ်ရာများ၊ ကြီးမားသောနိမိတ်လက္ခဏာများကို ပြကတ်လိမ့်မည်။


အကြောင်းမှုကား၊ မေသျှိယ အကွန်ဆောင်နှင့် မိစ္ဆာပရောဖက်များသည် ပေါ်လာကြလိမ့်မည်။ သူရို့သည် ဖြစ်နိုင်လျှင် ဘုရားသခင် ရွီးချယ်ထားသော သူရို့ကိုပင် လှည့်စားနိုင်ခြင်းငှာ အံ့ဖွယ်သော အမှုအရာတိနှင့် နိမိတ်လက္ခဏာတိကို ပြကြလိမ့်မည်။


ယန္နေနှင့် ယံဗြေရို့သည် မောသျှေကို ဆန့်ကျင်ခကြသည့်နည်းတူ ဤသူရို့သည်လည်း သမ္မာတရားကို ဆန့်ကျင်လျက်ဟိကြ၏။ သူရို့၏စိတ်နှလုံးသည် ပျက်စီးယိုယွင်းလျက် ဟိသောကြောင့် ယုံကြည်ခြင်းတရားကို ငြင်းပယ်ကြ၏။


တစ်စုံတစ်ယောက်သောသူက ထိုသက်သီခံနှစ်ပါးအား အန္တရာယ်ပြုလျှင် သူရို့၏ခံတွင်းမှ မီးလျှံများထွက်၍ ထိုရန်ပြုသောသူကို ကျွမ်းလောင်စီလေ၏။ သူရို့အား အန္တရာယ်ပြုရန် ကြိုးစားသူ မှန်သမျှသည် ဤနည်းအတိုင်း သီကြရလိမ့်မည်။


သူရို့သည် နိမိတ်လက္ခဏာများကို ပြနိုင်သော နတ်မိစ္ဆာများ၏ ဝိညာဉ်များဖြစ်ကြ၏။ အနန္တတန်ခိုးသျှင် ဘုရားသခင်၏ နိ့ရက်ကြီး၌ စစ်ပွဲဝင်ရန် တစ်လောကလုံးတွင်ဟိသော သျှင်ဘုရင်တိကို စုရုံးခြင်းငှာ သူရို့သည် ထွက်လားကြ၏။


သားရဲနှင့်တကွ သူ၏ရှိ့တွင် နိမိတ်လက္ခဏာများကိုပြသော မိစ္ဆာပရောဖက်သည် အဖမ်းခံရ၏။ ထိုမိစ္ဆာပရောဖက်သည်ကား သားရဲ၏အမှတ်တံဆိပ်ကို ခံယူ၍ သူ၏ရုပ်တုကို ရှိ့ခိုးသူရို့အား နိမိတ်လက္ခဏာများကို ပြခြင်းအားဖြင့် လိမ်လည်လှည့်ဖျားသောသူ ဖြစ်သတည်း။ ထိုသူနှစ်ယောက်စလုံးသည် အသက်ရှင်လျက်ပင် တောက်လောင်နိန်သော ကန့်နှင့်ရောသော မီးအိုင်ထဲသို့ ပစ်ချခြင်းကို ခံရကြ၏။


သူရို့သည် မြီကြီးမျက်နှာပြင်သို့ တက်လာပြီးလျှင် ဘုရားသခင်လူရို့၏တပ်စခန်းနှင့် ကိုယ်တော် နှစ်သက်တော်မူသော မြို့ကို ဝိုင်းထားကြ၏။ သို့ရာတွင် ကောင်းကင်မှ မီးကျသဖြင့် သူရို့ကို လောင်ကျွမ်းလေ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ