Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဗျာဒိတ်တော် 11:3 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

3 ငါ၏ သက်သီခံနှစ်ပါးအား လျှော်တေအဝတ်ကို ဝတ်၍ ငါစီရွှတ်မည်။ သူရို့သည် ရက်ပေါင်း ၁,၂၆၀ တိုင်တိုင် ပရောဖက်ပြု၍ ဟောပြောကြလိမ့်မည်” ဟု ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဗျာဒိတ်တော် 11:3
43 ပူးပေါင်းရင်းမြစ်များ  

“အို၊ ခေါရာဇိန်မြို့၊ သင်သည် အမင်္ဂလာဟိ၏။ အို၊ ဗက်ဇဲဒမြို့ သင်သည် အမင်္ဂလာဟိ၏။ သင်ရို့အား ငါ ပြခသော နိမိတ်လက္ခဏာတိကို တုရုနှင့် ဇိဒုန်မြို့၌သာ ငါ ပြခလျှင် ထိုမြို့သူမြို့သားများသည် ထိုကာလ၌ လျှော်တေအဝတ်ကို ဝတ်ကာ ပြာမှာ လူးလျက် မိမိရို့အပြစ်မှ နောင်တရကြောင်းကို ဖော်ပြကြလိမ့်မည်။


သို့သော် သူက သင့်စကားကို နားမထောင်လျှင် သင်နှင့်အတူ လူတစ်ယောက် နှစ်ယောက်ကို ခေါ်၍ သူ့အား ပြောပြလော့။ အကြောင်းမူကား ကျမ်းစာလာသည့်အတိုင်း သင်၏စွပ်စွဲချက်များကို နှစ်ဦး သို့မဟုတ် နှစ်ဦးထက်ပိုသော သက်သီတိဖြင့် အတည်ပြုရန် ဖြစ်၏။


“အို၊ ခေါရာဇိန်မြို့၊ သင်သည် အမင်္ဂလာဟိ၏။ အို၊ ဗက်ဇဲဒမြို့၊ သင်သည်လည်း အမင်္ဂလာဟိ၏။ သင်ရို့ထံ၌ ပြုခသော အံ့ဖွယ်အမှုအရာတိကို တုရုမြို့နှင့် ဇိဒုန်မြို့၌သာ ပြုခပါမူ သူရို့သည် ရှီးပဝေသဏီကပင် လျှော်တေအဝတ်ကို ဝတ်ပြီး ပြာပုံ၌ ထိုင်၍ နောင်တရကြလိမ့်မည်။


သင်ရို့သည် ဤအကြောင်းအရာများ၏ သက်သီများ ဖြစ်ကြ၏။


ထို့အပြင် သင်ရို့သည်လည်း ငါ့အကြောင်းကို ပြောကြလိမ့်မည်၊ အကြောင်းမူကား သင်ရို့သည် အစကတည်းကပင် ငါနှင့်အတူ ဟိခဖူးသောကြောင့် ဖြစ်၏။


ယောဟန်ကလည်း “ဘုရားသခင် ပီးတော်မမူလျှင် လူသည် ဇာတစ်ခုကိုမျှ မခံမယူနိုင်။


သို့ရာတွင် သင်ရို့အထက်၌ သန့်ယှင်းသောဝိညာဉ်တော် ဆင်းသက်လာသောအခါ၊ သင်ရို့သည် တန်ခိုးဖြင့် ပြည့်ဝပြီးလျှင် ယေရုဆလင်မြို့မှစ၍ ယုဒပြည်တစ်ခုလုံး၊ ယှာမာရိပြည်နှင့် ကမ္ဘာမြီကြီးအစွန်းတိုင်အောင် ငါ၏သက်သီဖြစ်ကြလိမ့်မည်” ဟု သူရို့အား မိန့်တော်မူ၏။


ကိုယ်တော်သည် ဂါလိလဲပြည်မှ ယေရုဆလင်မြို့ထိတိုင် မိမိနှင့်အတူ ခရီးလားလာခသော သူတိကို နိ့ရက်များစွာ ကိုယ်ထင်ပြတော်မူခ၏။ ထိုသူရို့သည်ကား ယခုအခါ ဣသရေလလူမျိုးတိအတွက် ကိုယ်တော်၏မျက်မြင်သက်သီများ ဖြစ်ကြ၏။


ဘုရားသခင်က ထိုအသျှင်ယေသျှုအား သီခြင်းတရားမှ ထမြောက်စီတော်မူကြောင်းကို ငါရို့အားလုံးသည် ထိုအကြောင်းရင်း၏ သက်သီပင်ဖြစ်ကြ၏။


ထို့ကြောင့် အသက်ကို ပီးပိုင်သောသူကို ကွပ်မျက်လိုက်ကြ၏။ သို့သော် ဘုရားသခင်သည် ထိုသခင်ကို သီခြင်းတရားမှ ရှင်ပြန်ထမြောက်တော်၏။ ငါရို့သည် ထိုအကြောင်းအရာ၏ သက်သီဖြစ်ကြ၏။


ဘုရားသခင်သည် တမန်တော်တိကို ပထမအရာ၌ လည်းကောင်း၊ ပရောဖက်တိကို ဒုတိယအရာ၌ လည်းကောင်း၊ သွန်သင်ပီးသော ဆရာတိကို တတိယအရာ၌ လည်းကောင်း၊ ထို့နောက် နိမိတ်လက္ခဏာပြသော သူတိကို လည်းကောင်း၊ အနာရောဂါများကို ပျောက်ကင်းစီနိုင်သော တန်ခိုးကို ရဟိသောသူတိကို လည်းကောင်း၊ သူတစ်ပါးအား ကူညီသောသူတိကို လည်းကောင်း၊ စီစဉ်ညွှန်ကြားနိုင်စွမ်းဟိသောသူတိကို လည်းကောင်း၊ အမျိုးမျိုးသော ဘာသာ စကားများကို ပြောနိုင်သောသူတိကို လည်းကောင်း အသင်းတော်တွင် ခန့်ထားတော်မူ၏။


အဂု ငါသည် သင်ရို့ပါးသို့ တတိယအကြိမ် လာလည်အုံးမည်။ “အမှုကိစ္စမှန်သမျှကို သက်သီနှစ်ဦး သို့မဟုတ် သုံးဦး၏ ထွက်ဆိုချက်အရ မှန်ကန်ကြောင်း အတည်ပြု​ရမည်” ဟု ကျမ်းစာ၌ ဖော်ပြထား၏။


“ဆုကျေးဇူးများကို ချပီးတော်မူသော” သူသည် ကိုယ်တော်ပင်ဖြစ်၏။ ကိုယ်တော်သည် လူတချို့ကို တမန်တော်အရာ၌ လည်းကောင်း၊ တချို့ကို ပရောဖက်အရာ၌လည်းကောင်း၊ တချို့ကို ဧဝံဂေလိဆရာ အရာ၌လည်းကောင်း၊ တချို့ကို သင်းအုပ်ဆရာနှင့် သင်ကြားပီးသောဆရာ အရာ၌လည်းကောင်း ခန့်ထားတော်မူ၏။


သစ္စာဟိသော သက်သီခံ၊ သီခြင်းမှ ဦးစွာပထမ ရှင်ပြန်ထမြောက်တော်မူသော၊ လောကီသျှင်ဘုရင်တိကို အစိုးရတော်မူသော ယေသျှုခရစ်တော်ထံပါးမှ လည်းကောင်း၊ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်ရို့၌ ဟိပါစီသောဝ်။ ထိုသူသည် ငါရို့ကို ချစ်တော်မူ၍ မိမိ၏အသွီးတော်အားဖြင့် ငါရို့၏ အပြစ်တရားမှ ငါရို့အား လွတ်မြောက်စီတော်မူပြီးလျှင်၊


သို့ရာတွင် ဗိမာန်တော်ဝင်းကို မတိုင်းကေ့၊ အကြောင်းမူကား ထိုအရာကို အခြားလူမျိုးရို့အား ပီးထားသောကြောင့်ဖြစ်၏။ သူရို့သည် သန့်ယှင်းသောမြို့တော်ကို လေးဆယ့်နှစ်လတိုင်တိုင် ခြီဖြင့် နင်းကြလိမ့်မည်။


ထိုသူရို့သည် ဗျာဒိတ်တော်ကို ဟောပြောသည့် အချိန်ကာလအတွင်း မိုးမရွာစီရန် မိုးကောင်းကင်ကို ပိတ်နိုင်သော တန်ခိုးဟိကြ၏။ ရီကို သွီးအဖြစ်သို့ ပြောင်းလဲစီနိုင်သော တန်ခိုးလည်း ဟိကြ၏။ သူရို့သည် မိမိရို့ အလိုဟိသည့်အခါတိုင်း ကမ္ဘာမြီကြီးကို ဘေးဒဏ်အမျိုးမျိုး သင့်စီနိုင်ကြ၏။


မိန်းမသည် တောကန္တာရ၌ ဘုရားသခင် ပျင်ဆင်ထားတော်မူသော အရပ်သို့ ထွက်ဗြီးလေ၏။ ထိုအရပ်တွင် သူမသည် ရက်ပေါင်း ၁,၂၆၀ အထိ ပြုစုစောင့်ရှောက်ခြင်းကို ခံရ၏။


ထိုသားရဲသည် ကြွားဝါ၍ ဘုရားသခင်အား ပြစ်မှားပြောဆိုခွင့်ကို လည်းကောင်း၊ လေးဆယ့် နှစ်လပတ်လုံး အုပ်စိုးပိုင်သောအခွင့်ကို လည်းကောင်း ရဟိထား၏။


ထိုအခါ ငါသည် ထိုသူကို ကိုးကွယ်ခြင်းငှာ သူ၏ခြီရင်းတွင် ပျပ်ဝပ်၏။ သို့ရာတွင် ကောင်းကင်တမန်က “ဤသို့ မပြုကေ့၊ ငါသည် အသျှင်ယေသျှု၏အကြောင်းကို သက်သီခံသော သင်နှင့် သင်၏ညီအစ်ကိုမောင်နှမရို့နှင့်အတူ လုပ်ဆောင်သူ တစ်ဦးသာ ဖြစ်၏။ ဘုရားသခင်ကိုသာ ကိုးကွယ်လော့” ဟု ဆို၏။ အကြောင်းမူကား အသျှင်ယေသျှု ဖော်ပြတော်မူသော သမ္မာတရားသည် ပရောဖက်ရို့အား လှုံ့ဆော်သောအရာဖြစ်၏။


ထို့နောက် ငါသည် ပလ္လင်များကို မြင်ရ၏။ ယင်းပလ္လင်များထက်တွင် ထိုင်နိန်သူများမှာ တရားစီရင်ရန် အခွင့်အာဏာဟိသောသူများ ဖြစ်၏။ ထို့ပြင် ယေသျှု ဖော်ပြတော်မူသော သမ္မာတရားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဟောပြောကြေငြာခသည့်အတွက် ကွပ်မျက်ခြင်းကို ခံရကြသောသူရို့၏ ဝိညာဉ်များကိုလည်းကောင်း ငါမြင်ရ၏။ သူရို့သည် သားရဲနှင့် သားရဲ၏ ရုပ်တုကို ရှိ့မခိုးခကြ။ မိမိရို့၏နဖူးနှင့် လက်များတွင်လည်း သားရဲ၏အမှတ်တံဆိပ်ကို မခံယူခကြ။ သူရို့သည် အသက် ပြန်ရှင်လာကြပြီးလျှင် ခရစ်တော်နှင့်အတူ ဘုရင်များအဖြစ်ဖြင့် အနှစ်တစ်ထောင်အုပ်စိုးကြရ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ