Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဗျာဒိတ်တော် 11:15 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

15 ထို့နောက် သတ္တမကောင်းကင်တမန်သည် မိမိ၏တံပိုးခရာကို မှုတ်လိုက်သောအခါ “အဂုတွင် လောကကို အုပ်စိုးမည့် အာဏာသည် ငါရို့၏ သခင်ဘုရားနှင့် ကိုယ်တော်၏ မေသျှိယလက်ထဲသို့ ရောက်လာယာ။ ထိုသူသည် ကမ္ဘာအဆက်ဆက်စိုးစံတော် မူလိမ့်မည်” ဟု ကောင်းကင်မှ ကျယ်လောင်စွာပြောသော အသံများကို ကြားရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဗျာဒိတ်တော် 11:15
54 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် လူသားသည် ကျယ်လောင်သော တံပိုးမှုတ်သံဖြင့် သူ၏ကောင်းကင်တမန်များကို စီရွှတ်လိမ့်မည်၊ ထိုအခါ ကောင်းကင်တမန်များသည် မိမိရွီးကောက်ထားသောသူတိကို ကောင်းကင်တစ်ဖက်စွန်းမှ အခြားတစ်ဖက်စွန်းတိုင်အောင် အရပ်လေးမျက်နှာမှ စုသိမ်းကြလိမ့်မည်။


အကျွန်ရို့၌ ပြင်းထန်သော စုံစမ်းသွီးဆောင်ခြင်းကို မရောက်ပါစီကေ့၊ မကောင်းသောအမှုမှ အကျွန်ရို့ကို ကယ်နုတ်တော်မူပါ။’


ထိုသူသည် ယာကုပ်၏အမျိုးအနွယ်ရို့ကို အစဉ်အမြဲအုပ်စိုးပြီးလျှင် သူ၏ နိုင်ငံတော်လည်း အဆုံး ဟိလိမ့်မည်မဟုတ်” ဟု ဆို၏။


ယင်းနည်းတူ အပြစ်သားတစ်ယောက် နောင်တရခြင်းသည် ဘုရားသခင်၏ ကောင်းကင်တမန်ရို့ရှိ့၌ ဝမ်းမြောက်ရွှင်လန်းစရာဖြစ်၏ဟု သင်ရို့ကို ငါဆိုသတည်း” ဟု မိန့်တော်မူ၏။


သူသည် အိမ်သို့ ပြန်ရောက်သောအခါ မိမိ၏အဆွီခင်ပွန်းတိနှင့် အိမ်နီးချင်းတိကို ခေါ်၍ ‘ငါသည် ပျောက်လားခသောသိုးကို ပြန်တွိ့သည်ဖြစ်၍ ငါနန့်အတူ ဝမ်းမြောက်ပျော်ရွှင်ကြလော့’ ဟု ဆိုလိမ့်မည်။


လောကီသျှင်ဘုရင်ရို့သည် အသင့်ပျင်ဆင်ပြီး အုပ်ချုပ်သူတိနှင့် စုဝေးကြကာ သခင်ဘုရားနှင့် ကိုယ်တော်၏ မေသျှိယကို ဆန့်ကျင်ကြ၏’ ဟူ၍ ဖြစ်၏။


သို့သော်လည်း သားတော်အကြောင်းနှင့်ပတ်သတ်၍ မိန့်တော်မူသည်မှာ၊ “အို ဘုရားသခင် ကိုယ်တော်၏ နိုင်ငံတော်သည် အစဉ်ထာဝရ တည်လိမ့်မည်။ ကိုယ်တော်သည် မိမိ၏ လူတိကို တရားမျှတစွာ အုပ်စိုးတော်မူ၏။


သို့ရာတွင် ဘုရားသခင်သည် မိမိ၏အစီခံ ပရောဖက်ရို့အား ဗျာဒိတ်ပီးတော်မူခသည်နှင့်အညီ၊ သတ္တမကောင်းကင်တမန်သည် မိမိ၏ တံပိုးခရာကို မှုတ်သောအခါ ကိုယ်တော်သည် မိမိ၏နက်နဲသော အကြံအစည်တော်များကို ပြီးမြောက်စီတော်မူမည်” ဟု ဆိုလေသည်။


ထို့နောက် ငါသည် ကောင်းကင်မှ ကျယ်လောင်သောအသံကို ကြားရသည်ကား၊ “ယခုအခါ ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် တန်ခိုးတော်သည် သက်ရောက်လာလေယာ။ မေသျှိယသည်လည်း မိမိ၏အခွင့်အာဏာကို ပြတော်မူယာ။ ဇာကြောင့်ဆိုသော် ယုံကြည်သောသူရို့အား နိ့ညမပြတ် ငါရို့၏ဘုရားသခင် ရှိ့တော်၌ ပြစ်တင်စွပ်စွဲလျက် နိန်သောသူကို ကောင်းကင်ဘုံမှ နှင်ချလိုက်ပြီဖြစ်သောကြောင့်တည်း။


အို ဘုရားသခင်၊ ကိုယ်တော်အား မကြောက်ရွံ့ မရိုသီ၊ မချီးမွမ်းဘဲ ဇာသူနိန်နိုင်ပါမည်နည်း။ ကိုယ်တော်တစ်ပါးတည်းသာလျှင် သန့်ယှင်းမြင့်မြတ်တော်မူပါ၏။ ကိုယ်တော်ပြုတော်မူသော အမှုများသည် ဖြောင့်မတ်မှန်ကန်ကြောင်း ပေါ်လွင်ထင်ရှားသဖြင့် လူမျိုးတကာရို့သည် ရှိ့တော်သို့ လာ၍ ပျပ်ဝပ်လျက် ချီးမွမ်းကိုးကွယ်ကြပါလိမ့်မည်” ဟူ၍ ဖြစ်၏။


သတ္တမကောင်းကင်တမန်သည် မိမိခွက်ဖလားကို လီထဲသို့ သွန်ချလိုက်၏။ ထိုအခါ ဗိမာန်တော်၏ အတွင်း၌ဟိသော ပလ္လင်တော်မှ “အမှု ပြီးယာ” ဟု ကျယ်လောင်သော အသံထွက်ပေါ်လာ၏။


သူရို့သည် သိုးသူငယ်တော်ကို စစ်တိုက်ကြလိမ့်မည်။ ထိုသူသည် အသျှင်တကာရို့၏ အသျှင်၊ ဘုရင်တကာရို့၏ ဘုရင်ဖြစ်တော်မူသောကြောင့် သူရို့ကို နှိမ်နင်းတော်မူလိမ့်မည်။ ကိုယ်တော်နှင့်အတူ ဟိသောသူရို့သည်လည်း ခေါ်ယူတော်မူခြင်း ခံရသောသူ၊ ရွီးကောက်ခြင်း ခံရတော်မူသောသူ၊ သစ္စာဟိသောသူရို့ ဖြစ်ကြ၏” ဟု ဆို၏။


ထို့နောက် ကောင်းကင်၌ များစွာသောလူအုပ်ကြီး၏ အသံနှင့်တူသည့်အသံကို ငါ ကြားရ၏။ ထိုသူရို့က “ဘုရားသခင်၏ ဂုဏ်တော်ကိုချီးမွမ်းကြလော့။ ငါရို့ဘုရားသခင်သည် ကယ်တင်ခြင်း၊ ဘုန်းတော်၊ တန်ခိုးတော်နှင့် ပြည့်စုံတော်မူသော အသျှင်ဖြစ်တော်မူပါ၏။


ထို့နောက် လူပရိသတ်ကြီး၏ အသံကဲ့သို့ လည်းကောင်း၊ အဟုန်ဖြင့် စီးသောရီသံကဲ့သို့ လည်းကောင်း၊ မိုးခြိမ်းသံကဲ့သို့ လည်းကောင်း ထွက်ပေါ်လာသော အသံကို ငါကြားရ၏။ ထိုအသံကြီးက “ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းကြလော့။ အနန္တတန်ခိုးသျှင် ငါရို့၏ဘုရားသခင်သည် အုပ်စိုးတော်မူယာ။


ထို့နောက် ငါသည် ပလ္လင်များကို မြင်ရ၏။ ယင်းပလ္လင်များထက်တွင် ထိုင်နိန်သူများမှာ တရားစီရင်ရန် အခွင့်အာဏာဟိသောသူများ ဖြစ်၏။ ထို့ပြင် ယေသျှု ဖော်ပြတော်မူသော သမ္မာတရားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဟောပြောကြေငြာခသည့်အတွက် ကွပ်မျက်ခြင်းကို ခံရကြသောသူရို့၏ ဝိညာဉ်များကိုလည်းကောင်း ငါမြင်ရ၏။ သူရို့သည် သားရဲနှင့် သားရဲ၏ ရုပ်တုကို ရှိ့မခိုးခကြ။ မိမိရို့၏နဖူးနှင့် လက်များတွင်လည်း သားရဲ၏အမှတ်တံဆိပ်ကို မခံယူခကြ။ သူရို့သည် အသက် ပြန်ရှင်လာကြပြီးလျှင် ခရစ်တော်နှင့်အတူ ဘုရင်များအဖြစ်ဖြင့် အနှစ်တစ်ထောင်အုပ်စိုးကြရ၏။


စတုတ္ထကောင်းကင်တမန်သည် မိမိကိုင်ထားသော တံပိုးခရာကို မှုတ်လိုက်သောအခါ နီ၏ သုံးပုံတစ်ပုံ၊ လ၏ သုံးပုံတစ်ပုံ၊ ကြယ်တာယာများ၏ သုံးပုံတစ်ပုံသည် ကြတ်၍ ၎င်းရို့၏ အလင်းသည် သုံးပုံတစ်ပုံ မိုက်လားလေ၏။ နိ့၏ သုံးပုံတစ်ပုံ၊ ည၏ သုံးပုံတစ်ပုံသည်လည်း အလင်း မရကြ။


ထို့နောက် ပဉ္စမကောင်းကင်တမန်သည် မိမိကိုင်ထားသော တံပိုးခရာကို မှုတ်လိုက်သောအခါ ကောင်းကင်မှ မြီကြီးထက်သို့ ကြယ်တစ်လုံးကြွီကျလာသည်ကို ငါမြင်ရ၏။ ထိုပဉ္စမကောင်းကင်တမန်သည် အနက်ဆုံးသောတွင်း၏ သော့ကို ထိုကြယ်အား ပီးအပ်လေ၏။


ထို့နောက် ဆဋ္ဌမကောင်းကင်တမန်သည် မိမိ၏တံပိုးခရာကို မှုတ်လိုက်သောအခါ ဘုရားသခင်၏ရှိ့တော်၌ ဟိသော ရွှီယဇ်ပလ္လင်၏ ထောင့်လေးထောင့်မှ ထွက်လာသောအသံကို ငါသည် ကြားရ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ