Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဗျာဒိတ်တော် 1:6 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

6 မိမိ၏ခမည်းတော် ဘုရားသခင်၏ အမှုတော်ကို ဆောင်ရွက်နိုင်စီရန် ငါရို့အား နိုင်ငံတော်သားအရာ၌ လည်းကောင်း၊ ယဇ်ပုရောဟိတ်အရာ၌ လည်းကောင်း ခန့်ထားတော်မူသော ယေသျှုခရစ်တော်သည် ကမ္ဘာအဆက်ဆက် ဘုန်းတန်ခိုး ကြီးတော်မူပါစီသတည်း။ အာမင်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဗျာဒိတ်တော် 1:6
23 ပူးပေါင်းရင်းမြစ်များ  

အကျွန်ရို့၌ ပြင်းထန်သော စုံစမ်းသွီးဆောင်ခြင်းကို မရောက်ပါစီကေ့၊ မကောင်းသောအမှုမှ အကျွန်ရို့ကို ကယ်နုတ်တော်မူပါ။’


အကြောင်းမူကား လူရို့သည် ခမည်းတော်အား ရိုသီသည့်နည်းတူ သားတော်ကိုလည်း ရိုသီကြစီရန် ဖြစ်၏။ သားတော်အား မရိုသီသောသူ ဟိသမျှရို့သည် ထိုသားတော်အား စီရွှတ်တော်မူသော ခမည်းတော်ကိုလည်း မရိုသီသောသူ ဖြစ်၏။


အကြောင်းမူကား ခပ်သိမ်းသောအရာများသည် ကိုယ်တော့်ထံမှ ဖြစ်၏။ ခပ်သိမ်းသောအရာများသည် ကိုယ်တော်၏တန်ခိုးတော်အားဖြင့်သာ တည်ကြ၏။ ခပ်သိမ်းသောအရာများသည် ကိုယ်တော်အဖို့အလို့ငှာ ဖြစ်ကြ၏။ ဘုန်းတန်ခိုးတော်သည် ကိုယ်တော်၌ ထာဝရတည်ပါစီသောဝ်။ အာမင်။


အကြောင်းမူကား သင်ရို့သည် ငါရို့အသျှင် ယေသျှုခရစ်တော်၏ခမည်းတော် ဘုရားသခင်ကို စိတ်နှလုံးတညီတညွတ်တည်း၊ တစ်သံတည်းဖြင့် ဘုန်းတော်ကို ချီးမွမ်းနိုင်ခြင်းငှာ ဖြစ်၏။


ယေသျှုခရစ်တော်သည် အသျှင်သခင်ဖြစ်တော်မူသည်ဟု နှုတ်ဖြင့်ဝန်ခံ၍၊ ခမည်းတော်ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစီကြလိမ့်မည်။


ကိုယ်တော်သည် ထာဝရတည်ဟိတော်မူသောအသျှင် ဖြစ်တော်မူ၏။ ကိုယ်တော်သည် မည်သူတစ်ဦးတစ်ယောက်မျှ မချဉ်းကပ်နိုင်သော အလင်းထဲ၌ စိုးစံတော်မူ၏။ ကိုယ်တော့်ကို မည်သူမျှ မမြင်ဖူးကြ၊ မည်သူမျှ မမြင်နိုင်ကြ။ ထာဝရတန်ခိုးတော်နှင့် ဂုဏ်အသရေတော်သည် ကိုယ်တော်၌ တည်လျက် ဟိတော်မူ၏။ အာမင်။


မိမိ၏အလိုတော်ကို ဆောင်ရွက်နိုင်ကြစီရန် ကောင်းသောအမှုအမျိုးမျိုးဖြင့် သင်ရို့ကို ပြည့်စုံတော်မူပါစီသောဝ်။ ထို့အပြင် ကိုယ်တော်သည် မိမိ၏နှစ်သက်ဖွယ်သောအမှုကို ယေသျှုခရစ်တော်အားဖြင့် ငါရို့၌ လုပ်ဆောင်တော်မူပါစီသောဝ်။ ထိုခရစ်တော်၏ ဘုန်းတန်ခိုးတော်သည် ကမ္ဘာအဆက်ဆက် တည်ဟိပါစီသောဝ်။ အာမင်။


ဟောပြောသူသည် ဘုရားသခင်၏ ဗျာဒိတ်တော်ကို ဟောပြောစီ။ လုပ်ဆောင်သောသူသည် ဘုရားသခင်ပီးတော်မူသော အစွမ်းသတ္တိအတိုင်း လုပ်ဆောင်စီ။ သို့မှသာ ပြုလေသမျှသော အမှုများတွင် ယေသျှု ခရစ်အားဖြင့် ဘုရားသခင်၏ ဘုန်းတော်ကို ချီးမွမ်းကြလိမ့်မည်။ ထိုအသျှင်၏ ဘုန်းတန်ခိုးတော်သည် ကမ္ဘာအဆက်ဆက် ထွန်းတောက်တော်မူပါစီသတည်း။ အာမင်။


ထိုဘုရားသခင်သည် ကာလအစဉ်အဆက် တည်ဟိတော် မူပါစီသတည်း။ အာမင်။


သို့ရာတွင် သင်ရို့သည် ငါရို့၏အသျှင်နှင့် ကယ်တင်သျှင်ဖြစ်သော ယေသျှုခရစ်တော်၌ လည်းကောင်း၊ ကိုယ်တော်၏ ကျေးဇူးတော်နှင့် သိကျွမ်းခြင်း၌ လည်းကောင်း ကြီးထွားကြလော့။ အဂုမှစ၍ ထာဝရကာလတိုင်အောင် ထိုအသျှင်သည် ဘုန်းကြီးပါစီသတည်း။ အာမင်။


ငါရို့၏ ကယ်တင်သျှင်၊ တစ်ဆူတည်းသော ဘုရားသခင်၏ ဘုန်းတန်ခိုး၊ အာနုဘော်တော်၊ အစွမ်းသတ္တိနှင့် အာဏာစက်များသည် ငါရို့၏အသျှင် ယေသျှု ခရစ်တော်အားဖြင့် ရှီးကပ်ကာလမှစ၍ အဂုကာလနှင့် နောင်လာမည့် ကာလအစဉ်အဆက် တည်တော်မူစီသတည်း။ အာမင်။


ငါ ယောဟန်သည်ကား သင်ရို့၏ အစ်ကိုဖြစ်ပြီး ယေသျှု၏နောက်လိုက် တစ်ယောက်ဖြစ်သည့်နည်းတူ နိုင်ငံတော်နှင့် စပ်ဆိုင်သောကြောင့် ခံရသည့် ဒုက္ခဆင်းရဲကို သင်ရို့နှင့်အတူ သည်းခံနိန်ရသောသူလည်း ဖြစ်၏။ ငါသည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ယေသျှု ဖော်ပြသော သမ္မာတရားကို ဟောပြောကြေညာသည့်အတွက် ပတ်မုကျွန်းသို့ အပို့ခံရ၏။


ယင်းသို့ ပထမအကြိမ် ရှင်ပြန်ထမြောက်ခြင်းတွင် ပါဝင်သောသူရို့သည် မင်္ဂလာဟိသောသူ၊ သန့်ယှင်းသောသူများ ဖြစ်ကြ၏။ ဒုတိယသီခြင်းသည် သူရို့အား အစိုးမရနိုင်ယာ။ သူရို့သည် ဘုရားသခင်နှင့် ခရစ်တော်၏ ယဇ်ပုရောဟိတ်များဖြစ်၍ ခရစ်တော်နှင့်အတူ အနှစ်တစ်ထောင်တိုင်တိုင် အုပ်စိုးကြရလိမ့်မည်။


“အကျွန်ရို့၏အသျှင် ဘုရားသခင်၊ ကိုယ်တော်သည် ခပ်သိမ်းသောအရာတိကို ဖန်ဆင်းတော်မူ၏။ ထိုအရာခပ်သိမ်းရို့သည် ကိုယ်တော်၏ အလိုတော်အားဖြင့် ဖန်ဆင်းခြင်းကို ခံရပြီး တည်ဟိကြပါ၏။ ထို့ကြောင့် ကိုယ်တော်သည် ဘုန်းတော်၊ ဂုဏ်တော်၊ တန်ခိုးတော်တိကို ခံယူထိုက်တော်မူပါ၏” ဟု မြွက်ဆိုကြ၏။


ကိုယ်တော်သည် သူရို့အား အကျွန်ရို့ဘုရားသခင်၏ အမှုတော်ကို အစ်ီခံကြစီရန် နိုင်ငံတော်၏ ယဇ်ပုရောဟိတ်အရာကို ပီးအပ်တော်မူပြီး၊ ကမ္ဘာမြီကြီးတွင်လည်း စိုးစံရသောအခွင့်ကို ရဟိကြလိမ့်မည်” ဟု သီချင်းသစ်ကို သီဆိုကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ