Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဗျာဒိတ်တော် 1:16 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

16 သူသည် လက်ယာလက်ဖြင့် ကြယ်ခုနစ်လုံးကို ကိုင်ထား၏။ သူ၏ခံတွင်းမှ ပြတ်သောသန်လျက် ထွက်လာ၏။ သူ၏မျက်နှာသည်လည်း တန်ခိုးနှင့် ထွန်းတောက်သည့် မွန်းတည့်နီ၏ အလင်းကဲ့သို့ ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဗျာဒိတ်တော် 1:16
26 ပူးပေါင်းရင်းမြစ်များ  

ထိုအရပ်၌ တပည့်တော်ရို့ ရှိ့တွင် ယေသျှုသည် အဆင်းသဏ္ဌာန်ပြောင်းလဲလာ၏၊ ကိုယ်တော်၏မျက်နှာတော်သည် နီကဲ့သို့ ထွန်းလင်းနိန်ပြီး၊ ဝတ်ရုံတော်သည် ငွီရောင်ကဲ့သို့ လင်းလက်တောက်ပနိန်၏။


အသျှင်မင်းကြီး၊ ထိုလမ်းမထက်တွင် မွန်းတည့်အချိန်၌ အာကာမှ နီလုံးထက် ထွန်းတောက်သည့် အလင်းတန်းသည် အကျွန်မှစ၍ အကျွန်နှင့်အတူ ခရီးလားနိန်ကြသောသူရို့ ပတ်လည်တွင် ထွန်းတောက်သည်ကို အကျွန် မြင်ရပါ၏။


ကယ်တင်ခြင်းတည်းဟူသော သံခမောက်ကို လည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်တည်းဟူသော ဝိညာဉ်တော်၏ ဒါးကိုလည်းကောင်း ယူဆောင်ကြလော့။


ဘုရားသခင်၏နှုတ်ကပတ်တော်သည် အသက်ရှင်၍ လှုပ်ယှားလျက်ဟိ၏။ ထိုနှုတ်ကပတ်တော်သည် အသွားနှစ်ဖက်ပါသော သံလျက်ဒါးထက် ပြတ်၏။ ထိုနှုတ်ကပတ်တော်သည် အသက်နှင့် ဝိညာဉ်ကို လည်းကောင်း၊ အရိုးအဆစ်နှင့် ခြင်ဆီများကိုလည်းကောင်း ထိုးထွင်းပိုင်းခြားတတ်၏။ ထိုနှုတ်ကပတ်တော်သည် စိတ်နှလုံးအကြံအစည်နှင့် တပ်မက်မှုကို ခွဲခြားသိမြင်တတ်၏။


ငါ၏ လက်ယာလက်တော်တွင် သင် မြင်တွိ့ရသည့် ကြယ်ခုနစ်လုံးနှင့် ရွှီမီးခွက် ခုနစ်လုံး၏ လျှို့ဝှက်သည့် အနက်အဓိပ္ပာယ်မှာ မီးခွက် ခုနစ်လုံးသည် အသင်းတော် ခုနစ်ပါး ဖြစ်၍၊ ကြယ်ခုနစ်လုံးသည် ထိုအသင်းတော် ခုနစ်ပါး၏ ကောင်းကင်တမန်တိ ဖြစ်သတည်း” ဟု မိန့်တော်မူ၏။


ထို့နောက် ခွန်အားကြီးသော ကောင်းကင်တမန်တစ်ပါးသည် ကောင်းကင်မှ ဆင်းသက်လာသည်ကို ငါမြင်ရ၏။ သူသည် မိုးတိမ်ကို ဝတ်ဆင်၍ သူ၏ဦးဂေါင်းပတ်လည်တွင် သက်တန့်တစ်ခု ဟိ၏။ သူ၏မျက်နှာသည် နီနှင့်တူ၏။ သူ၏ခြီထောက်သည် မီးတိုင်များ နှင့်တူ၏။


ထို့နောက် ကောင်းကင်တွင် အတိတ်နိမိတ်ကြီးတစ်ရပ် ပေါ်လာသည်ကို ငါမြင်ရ၏။ မိန်းမတစ်ယောက်သည် နီကို ဝတ်ကာ၊ လကို ခြီဖြင့်နင်းလျက် ကြယ်တစ်ဆယ့်နှစ်လုံးပါသည့် သရဖူကို ဆောင်းထား၏။


လူအမျိုးမျိုးရို့ကို နှိမ်နင်းရန်အတွက် ကိုယ်တော်၏ ခံတွင်းမှ ထက်သောသန်လျက် ထွက်တော်မူ၏။ ကိုယ်တော်သည် ထိုသူရို့ကို သံလှံတံဖြင့် အုပ်စိုးတော်မူလိမ့်မည်။ သူသည်အနန္တတန်ခိုးသျှင် ဘုရားသခင်၏ ပြင်းစွာသော အမျက်တော်တည်းဟူသော စပျစ်သီးနယ်ရာကျင်းကို နင်းတော်မူလိမ့်မည်။


ကျန်ကြွင်းသောသူရို့သည်ကား မြင်းဖြူကို စီးတော်မူသော အသျှင်၏ခံတွင်းမှ ထွက်လာသော သန်လျက်ဖြင့် ကွပ်မျက်ခြင်းကို ခံရကြ၏။ ငှက်အပေါင်းရို့သည် သူရို့၏အသားကို ဝစွာ စားကြ၏။


“ဧဖက်မြို့၌ ဟိသောအသင်းတော်၏ ကောင်းကင်တမန်ပါးသို့ ဤသို့ စာရီးပီးလိုက်လော့။ “ဤသတင်းစကားသည် ကြယ်ခုနစ်လုံးကို လက်ယာလက်ဖြင့် ကိုင်ကာ ရွှီမီးခွက်ခုနစ်ခွက်အကြားတွင် လားလာနိန်သော သူ၏ထံမှ ဖြစ်၏။


“ပေရဂံမြို့အသင်းတော်၏ ကောင်းကင်တမန်ပါးသို့ ဤသို့ စာရီးလိုက်လော့။ “ဤသတင်းစကားသည် အသွားနှစ်ဖက်ဟိသည့် ပြတ်သောသန်လျက်ကို ဆောင်ထားသော သူထံမှ ဖြစ်၏။


ထို့ကြောင့် နောင်တရလော့။ နောင်တ မရလျှင် မကြာခင် ငါလာ၍ ထိုသူရို့အား ငါ၏ ခံတွင်းမှ ထွက်သောသန်လျက်နှင့် တိုက်ခိုက်မည်။


“သာဒိမြို့အသင်းတော်၏ ကောင်းကင်တမန်ပါးသို့ ဤသို့ စာရီးပီးလိုက်လော့။ “ဤသတင်းစကားသည် ဘုရားသခင်၏ ဝိညာဉ်ခုနစ်ပါးနှင့် ကြယ်ခုနစ်လုံးဟိသော သူထံမှ ဖြစ်၏။ သင်ပြုသောအမှုကို ငါသိ၏။ သင်သည် အသက်ရှင်ဟန် ဟိသော်လည်း သီလျက်နိန်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ