15 သူ၏ခြီသည် မီးဖြင့် ချွတ်ထားသည့် တောက်ပသော ကြီးဝါနှင့် တူ၏။ သူ၏အသံမှာ ကြီးမားသော ရီတံခွန်၏ အသံနှင့် တူ၏။
ထို့နောက် ခွန်အားကြီးသော ကောင်းကင်တမန်တစ်ပါးသည် ကောင်းကင်မှ ဆင်းသက်လာသည်ကို ငါမြင်ရ၏။ သူသည် မိုးတိမ်ကို ဝတ်ဆင်၍ သူ၏ဦးဂေါင်းပတ်လည်တွင် သက်တန့်တစ်ခု ဟိ၏။ သူ၏မျက်နှာသည် နီနှင့်တူ၏။ သူ၏ခြီထောက်သည် မီးတိုင်များ နှင့်တူ၏။
ကောင်းကင်မှ သမုဒ္ဒရာဟုန်းသံနှင့် မိုးကြိမ်းသံကဲ့သို့သော အသံကို ငါကြားရ၏။ ထိုအသံသည် စောင်းသမားရို့တီးသည့် စောင်းသံနှင့်တူ၏။
ထို့နောက် လူပရိသတ်ကြီး၏ အသံကဲ့သို့ လည်းကောင်း၊ အဟုန်ဖြင့် စီးသောရီသံကဲ့သို့ လည်းကောင်း၊ မိုးခြိမ်းသံကဲ့သို့ လည်းကောင်း ထွက်ပေါ်လာသော အသံကို ငါကြားရ၏။ ထိုအသံကြီးက “ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းကြလော့။ အနန္တတန်ခိုးသျှင် ငါရို့၏ဘုရားသခင်သည် အုပ်စိုးတော်မူယာ။
“သွာတိရမြို့အသင်းတော်၏ ကောင်းကင်တမန်ပါးသို့ ဤသို့ စာရီးလိုက်လော့။ “ဤသတင်းစကားသည် ဘုရားသခင်၏ သားတော်ထံမှ ဖြစ်၏။ ထိုအသျှင်၏ မျက်စိများသည် မီးလျှံကဲ့သို့ တောက်ပလျက်၊ ခြီတော်သည်လည်း တောက်ပြောင်သော ကြီးဝါကဲ့သို့ ဖြစ်၏။