ဗျာဒိတ်တော် 1:1 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား1 ဤစာအုပ်သည် ယေသျှုခရစ်တော် ဖွင့်ပြတော်မူသည့်အကြောင်းကို မှတ်တမ်းတင်ထားသောစာအုပ် ဖြစ်၏။ မကြာခင် ဖြစ်ပျက်ရမည့် အမှုအရာများကို မိမိ၏အခိုင်းအစီရို့အား သိစီခြင်းငှာ ဘုရားသခင်သည် ကိုယ်တော်အား ဤဗျာဒိတ်တော်ကို ပီးရခြင်း ဖြစ်ပေ၏။ ခရစ်တော်သည် မိမိ၏ အခိုင်းအစီဖြစ်သော ယောဟန်ပါးသို့ မိမိ၏ကောင်းကင်တမန်ကို စီရွှတ်၍ ဤဗျာဒိတ်တော်ကို ဖွင့်ပြတော်မူ၏။ အခန်းကိုကြည့်ပါ။ |
ဘုရားသခင်၏ဘုန်းတန်ခိုးတော်ကို ငါရို့ ထောမနာပြုကြကုန်အံ့။ အကြောင်းမူကား ငါရို့ ဟောပြောသော ယေသျှုခရစ်တော်၏ သတင်းကောင်းအားဖြင့် လည်းကောင်း၊ လွန်ခသော အချိန်ကာလများစွာကပင် ကွယ်ဝှက်ထားခသည့် နက်နဲသော သမ္မာတရားကို ဖွင့်ပြခြင်းအားဖြင့် လည်းကောင်း ကိုယ်တော်သည် သင်ရို့အား မိမိရို့၏ယုံကြည်ခြင်း၌ ခိုင်မြဲစွာ ရပ်တည်ခြင်းငှာ မစနိုင်တော်မူ၏။
ယေသျှုခရစ်၏ တမန်တော်တစ်ယောက် ဖြစ်သည့်အပြင် ဘုရားသခင်၏ အစီခံတစ်ယောက်ဖြစ်သော ငါ ပေါလုထံမှ စာရီးလိုက်ပါ၏။ ဘုရားသခင် ရွီးချယ်ထားသော သူရို့၏ယုံကြည်ခြင်းကို ပြုစုခြင်းငှာ လည်းကောင်း၊ ဘုရားဝတ်၌ မွိ့ပျော်ခြင်းကို ဖြစ်စီတတ်သော သမ္မာတရားကို သိစီခြင်းငှာ လည်းကောင်း ဘုရားသခင်သည် ငါ့အား ရွီးချယ်၍ စီရွှတ်လိုက်ခြင်းဖြစ်၏။
ထိုအခါ ငါသည် ထိုသူကို ကိုးကွယ်ခြင်းငှာ သူ၏ခြီရင်းတွင် ပျပ်ဝပ်၏။ သို့ရာတွင် ကောင်းကင်တမန်က “ဤသို့ မပြုကေ့၊ ငါသည် အသျှင်ယေသျှု၏အကြောင်းကို သက်သီခံသော သင်နှင့် သင်၏ညီအစ်ကိုမောင်နှမရို့နှင့်အတူ လုပ်ဆောင်သူ တစ်ဦးသာ ဖြစ်၏။ ဘုရားသခင်ကိုသာ ကိုးကွယ်လော့” ဟု ဆို၏။ အကြောင်းမူကား အသျှင်ယေသျှု ဖော်ပြတော်မူသော သမ္မာတရားသည် ပရောဖက်ရို့အား လှုံ့ဆော်သောအရာဖြစ်၏။