Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဖိလိပ္ပိ 1:3 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

3 သင်ရို့အကြောင်းကို သတိရသည့်အခါတိုင်း ငါသည် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဖိလိပ္ပိ 1:3
10 ပူးပေါင်းရင်းမြစ်များ  

သင်ရို့သည် တစ်ချိန်က အပြစ်တရား၏ ကျွန်တိ ဖြစ်ခဖူးသော်လည်း ယခုတွင် ခံယူထားသော ဩဝါဒစကား၌ တွိ့ရသော သမ္မာတရားများကို စိတ်နှလုံးအကြွင်းမဲ့ လိုက်နာကြသည်ဖြစ်၍ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းပါ၏။


ငါသည် ခရစ်တော်ယေသျှုအားဖြင့် သင်ရို့ကို ဘုရားသခင် ပီးတော်မူသော ကျေးဇူးတော်ကို ထောက်၍ သင်ရို့အဖို့အလို့ငှာ ဘုရားသခင်၏ ကျေးဇူးတော်ကို အစဉ်ချီးမွမ်းပါ၏။


အဂုတွင် ငါရို့သည် သင်ရို့အတွက်ကြောင့် ငါရို့၏ဘုရားသခင်အား ကျေးဇူးတော်ကို ချီးမွမ်းနိုင်ကြ၏။ သင်ရို့အကြောင်းကြောင့် ငါရို့သည် ကိုယ်တော်၏ ရှိ့မှောက်၌ ဝမ်းမြောက်ရွှင်လန်းမှုကို ခံစားကြရသည့်အတွက် အသျှင်ဘုရားအား ကျေးဇူးတော်ကို ချီးမွမ်းကြ၏။


ညီအစ်ကိုမောင်နှမရို့၊ သင်ရို့ကို အကြောင်းပြု၍ ငါရို့သည် ဘုရားသခင်အား ကျေးဇူးတော်ကို အစဉ်မလတ် ချီးမွမ်းကြရ၏။ ထိုသို့ ကျေးဇူးတော်ချီးမွမ်းခြင်းသည် ငါရို့ အတွက် အလွန်သင့်မြတ်၏။ အကြောင်းမူကား သင်ရို့၏ ယုံကြည်ခြင်းသည် အလွန် ကြီးထွားလျက် သင်ရို့သည် အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ချစ်သော မေတ္တာသည်လည်း သာ၍ တိုးပွား လာသောကြောင့် ဖြစ်၏။


ငါ၏အဖိုး အဖီးရို့ ပြုခသည့်နည်းတူ ငါသည် စင်ကြယ်သောစိတ်နှင့် အမှုတော်မြတ်ကို ဆောင်ရွက်လျက် ဘုရားသခင်အား ကျေးဇူးတော်ကို ချီးမွမ်းပါ၏။ ငါသည် နိ့ညမပြတ် ဆုတောင်းရာ၌ သင့်ကို အမြဲတမ်း အောက်မိ့သတိရလျက် ကိုယ်တော်အား ကျေးဇူးတော်ကို ချီးမွမ်းလျက်ဟိ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ