6 ယုံကြည်သူအချင်းချင်း မိတ်သဟာယဖွဲ့ခြင်းအားဖြင့် ခရစ်တော်နှင့် တစ်လုံးတစ်ဝတည်းဖြစ်လျက် ငါရို့ခံစားရသည့် ကောင်းကြီးမင်္ဂလာအပေါင်းကို သာ၍နက်နဲစွာ သိနားလည်နိုင်ကြရန် ငါဆုတောင်း၏။
ရွှီဒင်္ဂါး ၅,၀၀၀ ရသောသူသည် ချက်ချင်း ထွက်လား၍ မိမိ၏ဥစ္စာကို အရင်းအနှီးလုပ်သဖြင့် ၅,၀၀၀ ထက်ပိုသော ရွှီဒင်္ဂါးများကို ရ၏။
ထိုနည်းတူ လူတိုင်းသည် သင်ရို့ပြုသော ကောင်းသောအကျင့်တိကို မြင်၍ ကောင်းကင်ဘုံ၌ ဟိတော်မူသော သင်ရို့အဖကို ချီးမွမ်းစီခြင်းငှာ သင်ရို့၏အလင်းကို လူတိရှိ့မှာ လင်းကြလော့။
ထိုသူရို့၏ လျှို့ဝှက်သော စိတ်နှလုံးအကြံအစည်များသည် ထင်ရှားလာပြီး “ဘုရားသခင်သည် ဤအရပ်၌ သင်ရို့နှင့်အတူ ဧကန်အမှန် ဟိတော်မူပါသည်တကား” ဟု သူရို့သည် ထုတ်ဖော်ဝန်ခံလျက် ဘုရားသခင်အား ပျပ်ဝပ်ကိုးကွယ်ကြလိမ့်မည်။
ထိုမြို့၌ ငါ့ကို ဆန့်ကျင်ဖက်ပြုသောသူတိ ဟိသော်လည်း အကျိုးဟိသောအလုပ်ကို လုပ်ခြင်းငှာ ငါ့အဖို့ လွန်စွာကြီးသော တန်းခါးသည် ဖွင့်လျက်ဟိ၏။
ညီအစ်ကိုမောင်နှမရို့၊ နိဂုံးချုပ်ပြောရလျှင် သင်ရို့သည် မှန်ကန်သောအရာ၊ မွန်မြတ်သောအရာ၊ လျောက်ပတ်သောအရာ၊ ဖြူစင်သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ အသရေဟိသော အရာတည်းဟူသော ကောင်းမြတ်၍ ချီးမွမ်းဖွယ်သောအရာ ဟိသမျှရို့ကို နှလုံးသွင်းကြလော့။
ထို့ကြောင့် ငါရို့သည် သင်ရို့၏အကြောင်းကို ကြားရသောနိ့မှစ၍ သင်ရို့အတွက် အစဉ်အပြတ် ဆုတောင်းလျက်နိန်၏။ သင်ရို့သည် ဝိညာဉ်တော်ကပီးသည့် ဉာဏ်ပညာ၊ တတ်သိနားလည်မှုနှင့် ပြည့်စုံသဖြင့် ဘုရားသခင်၏ အလိုတော်ကို ကောင်းစွာသိကြစီရန် ငါရို့သည် ဘုရားသခင်ထံ၌ တောင်းလျှောက်လျက် ဟိကြ၏။
ဖန်ဆင်းတော်မူသောအသျှင်၏ ပုံသဏ္ဌာန်တော်နှင့်အညီ အသိပညာအားဖြင့် အသစ်ပျင်ဆင်ထားသော လူသစ်ကို ဝတ်ဆင်ထားသောသူ ဖြစ်ကြ၏။
ငါရို့၏လူများသည်လည်း အမှန်အကန် လိုအပ်မှုများကို ထောက်ပံ့ပီးရန်အတွက် မိမိရို့ကိုယ်တိုင် ကောင်းသောအမှု၌ ပါဝင်လုပ်ဆောင်ရန် သင်ယူကြရမည်။
ဘုရားသခင်သည် တရားမျှတမှုမဟိသော အသျှင်မဟုတ်ပေ။ သင်ရို့ဆောင်ရွက်ခသောအမှုကို လည်းကောင်း၊ အခြားသော ခရစ်ယာန်ညီအစ်ကိုများ ကူညီမစခြင်းအားဖြင့် ကိုယ်တော်သျှင်အား ပြသသော သင်ရို့၏ချစ်ခြင်းမေတ္တာကို လည်းကောင်း ဘုရားသခင်သည် မိ့လျော့လိမ့်မည် မဟုတ်ပေ။
ငါ့ညီအစ်ကို မောင်နှမရို့၊ တစ်စုံတစ်ယောက်သောသူက ငါ၌ ယုံကြည်ခြင်းဟိ၏ဟု ဆိုသော်လည်း အကျင့်မဟိလျှင် မည်သို့ အကျိုးဟိမည်နည်း။ ထိုသို့သော ယုံကြည်ခြင်းသည် ထိုသူကို ကယ်တင်နိုင်မည်လော။
ထို့ကြောင့် အကျင့်မပါသော ယုံကြည်ခြင်းသည် တစ်ခုတည်းဖြစ်သောကြောင့် အသီဖြစ်၏။
သာသနာပလူရို့သည် သင်ရို့အား မကောင်းမှုပြုကြသူများဟု ပြစ်တင်စွပ်စွဲလျက် နိန်ကြစဉ် သင်ရို့၏ ကောင်းသောအကျင့်များကို မြင်သဖြင့် သခင်ဘုရား ကြွလာတော်မူသောနိ့၌ ဘုရားသခင်အား ချီးမွမ်းကြစီရန် သင်ရို့သည် ထိုသူရို့ရှိ့တွင် တင့်တယ်လျောက်ပတ်စွာ ပြုမူလျက် နီထိုင်ကြလော့။
ထိုနည်းတူစွာ အိမ်ထောင်သျှင်မရို့၊ သင်ရို့ အိမ်ထောင်သျှင်၏ အုပ်စိုးခြင်းကို ဝန်ခံကြလော့။ ထို့သို့ပြုလျှင် သင်ရို့၌ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မယုံကြည်သော အိမ်ထောင်သျှင်တိ ဟိပါက သူရို့သည် သင်ရို့၏ အပြုအမူကိုထောက်၍ ယုံကြည်လာကြလိမ့်မည်။ ထိုသို့ပြုလျှင် သင်ရို့၏ နှုတ်အားဖြင့် ပြောရန်ပင် မလိုပေ။
သို့ရာတွင် နူးညံ့သိမ်မွိ့ပြီး ရိုသီစွာဖြင့် ထိုအရာများကို လုပ်ဆောင်ကြလော့။ သင်ရို့သည် မိမိကိုယ်ကိုသိသောစိတ် ကြည်လင်လျက် ဟိသောကြောင့် ခရစ်တော်၌ သင်ရို့၏ ကောင်းသော ကျင့်ကြံပြုမူပုံကို သင်ရို့အား ကြမ်းတမ်းစွာ စော်ကားပြောဆိုသော သူရို့သည် မြင်သောအခါ အရှက် ရကြလိမ့်မည်။
ထိုပါရမီများသည် သင်ရို့၌ ကြွယ်ဝစွာဟိနိန်လျှင် ငါရို့၏အသျှင် ယေသျှုခရစ်တော်ကို သိကျွမ်းခြင်း၌ သင်ရို့သည် အကျိုးမဟိ ဖြစ်ကြလိမ့်မည်မဟုတ်။