6 အကြောင်းမူကား တပည့်တော်ရို့သည် အလွန်ကြောက်ရွံ့သောကြောင့် ပေတရုသည် ထိုသို့ ယောင်းယမ်း၍ လျှောက်ထားခြင်းပင် ဖြစ်၏။
ထိုအခါ ပေတရုက ယေသျှုအား၊ “ဆရာ၊ ဤအရပ်၌ နီဖို့ကောင်းပါ၏။ ယင်းကြောင့် အသျှင်ဖို့ တဲတစ်ဆောင်၊ မောသျှေအဖို့ တဲတစ်ဆောင်နှင့် ဧလိယအဖို့ တဲတစ်ဆောင်၊ တဲသုံးဆောင်ကို အကျွန်ရို့ဆောက်ပါရစီ” ဟု လျှောက်လေ၏။
ထိုအခါ မိုးတိမ်တိုက်သည် ပေါ်လာပြီး သူရို့အား အုပ်မိုး၍ “ဤသူကား ငါ နှစ်သက်မြတ်နိုးရာ ငါ၏ချစ်သားဖြစ်ပေ၏ — သူ၏စကားကို နားထောင်ကြလော့” ဟု မိုးတိမ်တိုက်မှ အသံတော် ထွက်ပေါ်လာ၏။
ထိုသူနှစ်ဦးရို့သည် ယေသျှုထံမှ ထွက်ခွါလားကြစဉ် ပေတရုက “သခင်၊ ဤနီရာ၌ နီစရာကောင်းပါ၏။ ကိုယ်တော်အတွက် တဲတစ်ဆောင်၊ မောသျှေအတွက် တဲတစ်ဆောင်၊ ဧလိယအတွက် တဲတစ်ဆောင်၊ တဲသုံးဆောင်ကို အကျွန်ရို့ ဆောက်ပီးပါမည်။” ဟု (ပြောမိပြောရာ ပြောသည်) လျှောက်ထား၏။
ထိုသူကို တွိ့သောအခါ ငါသည် သူ၏ခြီတော်ရင်း၌ လဲကျလားပြီး လူသီကဲ့သို့ ဖြစ်လေ၏။ ထိုသူသည် ငါ့အထက်၌ လက်ယာလက်တော်ကို တင်တော်မူပြီးလျှင် “မကြောက်ကေ့၊ ငါသည် အစနှင့် အဆုံးဖြစ်၏။