36 ကိုယ်တော်သည် လူတိအား ဤအဖြစ်အပျက်ကို မည်သူ့ကိုမျှ မပြောကြားစီခြင်းငှာ တားမြစ်တော်မူ၏။ ထိုသို့ တားမြစ်သော်လည်း လူရို့သည် ထိုသတင်းတော်ကို သာ၍ ကြားပြောလေ၏။
ထို့နောက် ယေသျှုက “နားထောင်၊ သင်သည် ဤအကြောင်းကို တစ်ယောက်ကိုလေ့ မပြောလီကေ့၊ ယဇ်ပုရောဟိတ်ပါးသို့ လား၍ သင့်ကိုယ်ကို ပြလော့။ ထို့နောက် သင့်ရောဂါကို ပျောက်ကင်းစီသည့်အကြောင်း လူတိုင်းရှိ့မှာ သက်သီဖြစ်ခြင်းငှာ မောသျှေမိန့်မှာထားခသည့်အတိုင်း ပူဇော်သကာကို ဘုရားသျှင်အား ဆက်ကပ်လော့” ဟု ထိုသူအား မိန့်တော်မူ၏။
ကိုယ်တော်က မိမိသည် မည်သူဖြစ်ကြောင်းကို မည်သူ့ကိုမျှ ထုတ်ဖော်၍ မပြောစီခြင်းငှာ ဝိညာဉ်ဆိုးများအား တင်းကြပ်စွာ ပညတ်တော်မူ၏။
ကိုယ်တော်ကလည်း ထိုအမှုအရာကို မည်သူ့ကိုမျှ မပြောစီခြင်းငှာ ထိုသူရို့အား တင်းကြပ်စွာမိန့်တော်မှုပြီးလျှင် “ဤသူငယ်မသျှေကို စားစာရာ တစ်စုံတစ်ခု ကျွေးလော့” ဟု မိန့်တော်မူ၏။
ချက်ချင်းပင် ထိုသူ၏နားသည် ပွင့်၍၊ လျှာသည်လည်း သွက်လက်လာသဖြင့် ထိုသူသည် စကားပီသစွာ ပြောလေ၏။
ထိုအဖြစ်အပျက်၊ အကြောင်းအရာများကို ကြားရသောသူရို့သည် လွန်စွာအံ့သြကြလျက် “ကိုယ်တော်သည် ခပ်သိမ်းသော အမှုအရာများကို လျောက်ပတ်စွာ ပြုတော်မူယာ။ နားမကြားသော သူတိကို ကြားစီတော်မူပြီး၊ စကားအသော သူတိကိုလည်း စကားပြောနိုင်စီ၏” ဟု ပြောဆိုကြ၏။
ယေသျှုကလည်း “ရွာထဲသို့ ပြန်မဝင်ကေ့” ဟု ပညတ်တော်မူ၍ သူ၏အိမ်သို့ ရွှတ်လိုက်လေ၏။
ထို့နောက် ကိုယ်တော်နှင့် တပည့်တော်ရို့သည် တောင်ထက်မှ ဆင်းလာစဉ် ကိုယ်တော်က “သင်ရို့ တွိ့မြင်ခသော အမှုအရာများကို လူသားသည် သီခြင်းမှ မထမြောက်မီတိုင်အောင် ဇာသူ့ကိုမျှ မပြောကတ်ကေ့” ဟု တပည့်တော်ရို့အား ပညတ်တော်မူ၏။