15 လူ၏ပြင်ပမှ ဝင်သောအရာ တစ်စုံတစ်ခုမျှ လူကို မညစ်ညမ်းစီနိုင်။ လူ၏အတွင်းမှ ထွက်သောအရာကသာ လူကို ညစ်ညမ်းစီနိုင်၏။”
မြွီဆိုးအမျိုးရို့၊ သင်ရို့ကဲ့သို့ လူဆိုးလူယုတ်တိ၏နှုတ်ထဲက ကောင်းသောစကားတိ ဇာပိုင် ထွက်လာနိုင်ဖို့လဲ။ စိတ်နှလုံးထဲ၌ ပြည့်လျှံလာသောကြောင့် နှုတ်မှ ထွက်လာခြင်းဖြစ်၏။
ယေသျှုက “သင်ရို့သည် အခြားလူတိထက် သာလွန်သောဉာဏ်ပညာ မဟိကြသိမ့်ပါကား။
ထို့နောက် ကိုယ်တော်သည် လူပရိသတ်ရို့အား တဖန်ခေါ်တော်မူပြီးလျှင်၊ “သင်ရို့အားလုံး ငါ့စကားကို နာယူ၍ နားလည်သိမှတ်ကြလော့။
ပေတရုက ထိုသူရို့အား “ယုဒလူမျိုးတစ်ယောက်သည် သူ၏ ဘာသာရေးအရ တခြားလူမျိုးတိပါးသို့ လည်ပတ်ခြင်း၊ မိတ်ဖွဲ့ခြင်း ထုံးစံမဟိသည်ကို သင်ရို့ကိုယ်တိုင် ကောင်းကောင်း သိကြပါ၏။ သို့ရာတွင် ဇာသူ့ကိုမျှ ဘာသာရေးအရ မသန့်ယှင်း၊ မစင်ကြယ် ဟူ၍ မထင်မှတ်ရဟု ဘုရားသခင်က ငါ့ကို သင်ပြထားပြီးဖြစ်၏။
အကြောင်းမူကား ဘုရားသခင်၏ နိုင်ငံတော်သည် အစားအသောက်၌ မတည်။ ဖြောင့်မတ်ခြင်း၊ ငြိမ်သက်ခြင်း၊ သန့်ယှင်းသောဝိညာဉ်တော်ဖြင့် ဝမ်းမြောက်ခြင်း၌သာ တည်၏။
သင်ရို့၏ သြတ္တပ္ပစိတ်ကိုထောက်၍ ဈီး၌ရောင်းသမျှကို မစစ်ကြောမမိန်းမြန်းဘဲ ဝယ်၍ စားကြလော့။
စင်ကြယ်သောသူရို့အတွက် အရာခပ်သိမ်းသည် စင်ကြယ်၏။ သို့ရာတွင် ညစ်ညူးသောသူရို့နှင့် မယုံကြည်သောသူရို့အတွက် စင်ကြယ်သောအရာဟူ၍ မဟိ။ အကြောင်းမူကား သူရို့၏စိတ်နှလုံးနှင့် အသိစိတ်များသည် မစင်ကြယ်သောကြောင့် ဖြစ်ကြ၏။
အသစ်အဆန်းသော ဩဝါဒအမျိုးမျိုးနောက်သို့ မလိုက်ကတ်ကေ့။ အစားအစာနှင့် ပတ်သက်၍ စည်းမျဉ်းများကို လိုက်နာခြင်းအားဖြင့် မဟုတ်ဘဲ၊ ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် အတွင်းလူကို ခွန်အားနှင့် ပြည့်စုံစီခြင်းသည် ကောင်းမြတ်ပေ၏။ ထိုစည်းမျဉ်းများသည် လိုက်နာသောသူအား အထောက်အပံ့ မပြုနိုင်။
အကြောင်းမူကား ထိုအရာများသည် စားသောက်ဖွယ်ရာများနှင့် အမျိုးမျိုးသော သန့်ယှင်း စင်ကြယ်ခြင်းဝတ်နှင့်သာ ဆိုင်ကြ၏။ ဤအရာများသည် ပြင်ပလက္ခဏာများဆိုင်ရာ စည်းမျဉ်းများသာဖြစ်ကြ၏။ ဘုရားသခင်သည် အသစ်သော ပညတ်တော်ကို ချပီးသောအချိန်ကာလ ရောက်လာသည့်တိုင်အောင်အထိသာလျှင် ထိုအရာများသည် အထောက်အပံ့ပြုကြ၏။