Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




မာကု 6:6 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

6 ကိုယ်တော်သည် ထိုသူရို့၏ ယုံကြည်ခြင်းကင်းမဲ့သည်ကို အံ့သြတော်မူ၏။ ထို့နောက်၊ ယေသျှုသည် အနီးအနား၌ဟိသော ကျေးရွာများသို့ လား၍ ဟောပြောသွန်သင်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




မာကု 6:6
12 ပူးပေါင်းရင်းမြစ်များ  

ယေသျှုသည် ဂါလိလဲပြည်တစ်ခုလုံးသို့ ကြွတော်မူပြီးလျှင် တရားဇရပ်များ၌ ဘုရားသခင်၏နိုင်ငံတော်နှင့်ဆိုင်သော သတင်းကောင်းကို ဟောကြားတော်မူလျက်၊ မကျန်းမာသူများကို ကျန်းမာစီ၏။ ရောဂါအမျိုးမျိုးကို ခံစားနိန်ကြရသော လူတိကိုလည်း ရောဂါပျောက်ကင်းစီတော်မူ၏။


ယေသျှုသည် ထိုစကားကို ကြားသောအခါ လွန်စွာအံ့သြတော်မူ၍ ကိုယ်တော်၏နောက်သို့ လိုက်လာကြသောလူများကို ဤသို့ မိန့်တော်မူ၏။ “ငါဆိုသည်ကား၊ ဤသို့သောယုံကြည်ခြင်းကို ဣသရေလလူမျိုးထဲ၌ပင်လျှင် ငါ မတွိ့ဖူးသိမ့်။


ယေသျှုသည် အားလုံးသော မြို့များနှင့် ကျေးလက်တောရွာများကို လှည့်လည်၍ ကြွချီတော်မူ၏။ ကိုယ်တော်သည် တရားဇရပ်များ၌ ဆုံးဩဝါဒ ပီးတော်မူ၍ နိုင်ငံတော်နှင့်ဆိုင်သော သတင်းကောင်းကို ဟောကြားပြီးလျှင် မကျန်းမာသောသူတိနှင့် အနာရောဂါအမျိုးမျိုး ခံစားနိန်ရသောသူရို့ကို ကျန်းမာစီတော်မူ၏။


ကိုယ်တော်သည် ဂါလိလဲပြည် အရပ်ရပ်၌ဟိသော တရားဇရပ်များတွင် တရားဟောခြင်း၊ နတ်ဆိုးများကို မောင်းထုတ်ခြင်းတိကို ပြုတော်မူ၏။


ထို့နောက်၊ ယေသျှုသည် ထိုအရပ်မှ ထွက်ပြီးလျှင်၊ ယော်ဒန်မြစ်ကမ်းတစ်ဖက်သို့ ကူး၍ ယုဒနယ်သို့ ကြွတော်မူ၏။ လူအပေါင်းရို့သည် ကိုယ်တော်ထံ၌ တဖန် လာရောက်စုဝေးကြ၍ ကိုယ်တော်သည် ပြုလေ့ဟိသည့်အတိုင်း လူရို့ကို ဆုံးမသြဝါဒ ပီးတော်မူ၏။


ထို့နောက် ယေသျှုသည် မြို့ရွာများကို လှည့်လည်၍ လူအပေါင်းရို့အား ဟောပြောသွန်သင်တော်မူလျက် ယေရုဆလင်မြို့သို့ ကြွတော်မူ၏။


ထို့နောက် ယေသျှုသည် ဂါလိလဲပြည်၊ ကပေရေနောင်မြို့သို့ ရောက်သောအခါ ဥပုသ်နိ့၌ လူတိကို ဟောပြောသွန်သင်တော်မူ၏။


ထို့ကြောင့် ကိုယ်တော်သည် ယုဒပြည် တရားဇရပ်များတွင် လှည့်လည်၍ တရားဟောတော်မူ၏။


ထိုသူက၊ “သူသည် အကျွန့်မျက်စိကန်းနိန်သည်ကို ကုသခသောသူ ဖြစ်၏။ သို့သော်လည်း သင်ရို့က သူသည် ဇာကလာကြောင်းကို မသိသည်ကား အံ့သြဖို့ ကောင်းပါ၏။


နာဇရက်မြို့သား ယေသျှုအကြောင်းကို လည်းကောင်း၊ ဘုရားသခင်သည် သန့်ယှင်းသော ဝိညာဉ်တော်နှင့် တန်ခိုးတော်ကို ထိုအသျှင်အား ဘိသိက်ပီးတော်မူသည်ကို လည်းကောင်း သင်ရို့သည် သိကြ၏။ ဘုရားသခင်သည် ထိုအသျှင်နှင့်အတူ ဟိတော်မူသောကြောင့်၊ ထိုအသျှင်သည် မာရ်နတ်၏ တန်ခိုးအောက်မှာ ဟိနိန်ကြသောသူ အားလုံးကို ကျန်းမာ စီတော်မူလျက်၊ ကောင်းမြတ်သောအမှုတိကို လုပ်ဆောင်ကာ အရပ်ရပ်သို့ လှည့်လည်တော်မူခသည်ကို သင်ရို့သည် သိကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ