မာကု 6:34 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား34 ကိုယ်တော်သည် လောင်းမှ တက်လာတော်မူသောအခါ လူထုကြီးကို မြင်လျှင်၊ ထိုသူရို့သည် ထိန်းသူမဟိသော သိုးများကဲ့သို့ ဖြစ်သောကြောင့် သူရို့ကို သနားတော်မူသဖြင့် များစွာသောတရားစကားကို ဟောပြောသွန်သင်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ယေသျှုသည် တပည့်တော်တိကို မိမိထံပါးသို့ ခေါ်ပြီးလျှင် “ငါသည် ဤလူတိကို သနားမိပါ၏၊ ဇာကြောင့်လဲဆိုကေ ဤသူရို့သည် သုံးရက်ကြာ ငါနှင့် အတူနီထိုင်ကြပြီးပြီဖြစ်၍ ဂုအချိန်၌ သူရို့မှာ စားစရာတစ်ခုလေ့ မဟိကတ်ယာ။ ငါသည် သူရို့ကို တစ်ခုလည်း မကျွေးဘဲ ပြန်မရွှတ်ချင်၊ သူရို့သည် လမ်းခရီး၌ အားပြတ်ကြလိမ့်မည်” ဟု မိန့်တော်မူ၏။
ငါရို့၏ယဇ်ပုရောဟိတ်မင်းသည် ငါရို့၏အားနည်းချက်များကြောင့် ငါရို့ကို သနားကြင်နာစိတ် မဟိနိုင်သောသူ မဟုတ်ပေ။ တစ်နည်းဆိုသော် ငါရို့ ခံရသည့်နည်းတူ အမျိုးမျိုးသော စုံစမ်းနှောင့်ယှက်ခြင်းကို ခံယူတော်မူသော ယဇ်ပုရောဟိတ်မင်း တစ်ပါးသည် ငါရို့၌ ဟိတော်မူ၏။ သို့ရာတွင် ထိုအသျှင်သည် ဒုစရိုက်အပြစ်နှင့် ကင်းလွတ်တော်မူ၏။