13 သူရို့သည် များစွာသောနတ်ဆိုးတိကို နှင်ထုတ်ပြီးလျှင်၊ ဖျားနာသောသူတိကို ဆီနှင့်လူး၍ ကျန်းမာစီကြ၏။
ယေသျှု၏သတင်းတော်သည် ယှုရိပြည် တစ်ဝှမ်းလုံးသို့ ပြန့်နှံ့လား၏။ လူတိက သွက်ရှာပါဒရောဂါသည်၊ ဝက်ရူးပြန်ရောဂါသည်၊ နတ်ဆိုးဝင်ပူးနိန်သည့်သူများနှင့် အနာရောဂါအမျိုးမျိုး ခံစားနိန်သူများကို ကိုယ်တော့်ထံပါးသို့ ခေါ်ဆောင်လာကြ၏။ ယေသျှုသည် ထိုသူအားလုံး၏ အနာရောဂါတိကို ပျောက်ကင်းစီတော်မူ၏။
ကိုယ်တော်သည် တပည့်တော် တစ်ဆယ့်နှစ်ပါးရို့အား အထံတော်သို့ ခေါ်ပြီးလျှင် နှစ်ယောက်စီတွဲ၍ စီလွှတ်ကာ သူရို့အား ဝိညာဉ်ဆိုးများကို နိုင်ရသောအခွင့်ကိုလည်း ပီးတော်မူ၏။
တပည့်တော် ၇၂ ဦးရို့သည် အလွန်ဝမ်းမြောက်စွာ ပြန်လာပြီးလျှင် “အသျှင်၊ ကိုယ်တော်၏ နာမတော်၌ နတ်ဆိုးတိပင် အကျွန်ရို့ကို နာခံကြပါ၏” ဟု လျှောက်ကြ၏။