Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




မာကု 6:11 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

11 မြို့တစ်မြို့သို့ ဝင်သောအခါ ယင်းအရပ်မှ လူတိက သင်ရို့ကို လက်မခံ၊ ဟောပြောသမျှကို နားမထောင်လျှင်၊ ယင်းနီရာက ထွက်လာကြလော့။ ယင်းသို့ ထွက်လာသောခါ သူရို့တစ်ဖက်၌ သက်သီဖြစ်စီခြင်းငှာ သင်ရို့ခြီဖဝါးက မြီမှုန့်ကို ခါချပစ်ခလော့” ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




မာကု 6:11
20 ပူးပေါင်းရင်းမြစ်များ  

“သို့ရာတွင် သင်ရို့ကို ငါဆိုသည်ကား တရားစီရင်သည့်နိ့ရက်၌ လူတိုင်းသည် မိမိပြောသမျှသော အကျိုးမဟိသည့်စကားအတွက် ပီးဆပ်ကြရလိမ့်မည်။


ဇာမြို့၌မဆို သင်ရို့ကိုလက်ခံသော အိမ်တွင် ယင်းအရပ်မှ မထွက်ခွာသည်ထိတိုင်အောင် တည်းနိန်ကြလော့။


“သင်ရို့ကို လက်မခံသော လူတိကို သတိပီးသည့်အနိန်နန့် ထိုမြို့ကနိန် ထွက်လားသောအချိန်၌ သင့်ခြီဖဝါးမှ ခြီမှုန့်ကို ခါချပစ်ခလော့” ဟု မိန့်တော်မူ၏။


ယုဒလူမျိုးများက ပေါလုကို ကဲ့ရဲ့ပြောဆို၍ ဆန့်ကျင်ကြသောအခါ သူသည် မိမိ၏အဝတ်များမှ ဖုန်ကို ခါချလိုက်ပြီးလျှင် “သင်ရို့သည် ပျက်စီးခြင်းသို့ရောက်လျှင် သင်ရို့အပြစ်အတွက် သင်ရို့ကိုယ်တိုင် ခံယူကြရမည်၊ ငါ့မှာ တာဝန်မဟိယာ၊ ယခုမှစ၍ ငါသည် တခြားလူမျိုးတိ ပါးသို့ လားရဦးမည်” ဟု ဆိုလေ၏။


သို့ဖြစ်၍ ငါဟောပြောသော သတင်းကောင်းတရားသည်ကား ဘုရားသခင်သည် လူတိစိတ်နှလုံးထဲ၌ လျှို့ဝှက်ထားသမျှသောအကြံအစည်များကို ယေသျှုခရစ်တော်အားဖြင့် တရားစီရင်မည့်နိ့ရက်၌ ဇာပိုင်ဖြစ်လာမည်ကို ဟောပြောခြင်းဖြစ်၏။


သို့ရာတွင် သင်ရို့သည် စိတ်နှလုံးခိုင်မာကြပြီး နောင်တမရကြ၊ ဘုရားသခင်၏အမျက်တော်ခံရာနိ့ရက်၌ မိမိရို့၏အပြစ်ကို သာ၍ ကြီးလေးအောင် လုပ်နိန်ကြသောကြောင့် ကိုယ်တော်၏ဖြောင့်မတ်သော တရားစီရင်ခြင်းသည် ထင်ရှားလာလိမ့်မည်။


ဘုရားသခင်သည် သောဒုံနှင့် ဂေါမောရမြို့ကို မီးနှင့်ဖျက်ဆီးခြင်းအားဖြင့် အပြစ်ဒဏ်စီရင်တော်မူပြီး ဘုရားတရားမဲ့သောသူရို့အတွက် ဖြစ်ပျက်လာမည့် နမူနာကို ပြုတော်မူခ၏။


သို့ဖြစ်၍ သခင်ဘုရားသည် ဘုရားဝတ်၌ မွိ့ပျော်သောသူရို့အား စုံစမ်းနှောင့်ယှက်ခြင်းထဲမှ ကယ်နုတ်တော်မူရန် လည်းကောင်း၊ မဖြောင့်မတ်သောသူရို့ကို တရားစီရင်တော်မူရာနိ့၌ ပြစ်ဒဏ်စီရင်ရန် ထိန်းသိမ်းထားရမည်ကို လည်းကောင်း သိတော်မူ၏။


သို့သော်လည်း ဘုရားသခင်သည် အဂုဟိသော မိုးကောင်းကင်နှင့် မြီကြီးကို မီးအားဖြင့် ဖျက်ဆီးသည့် နိ့တိုင်အောင် ဘုရားသခင်၏ အမိန့်တော်အားဖြင့် ဆက်လက် တည်စီတော်မူပေ၏။ ဘုရားတရားမဲ့သော သူရို့အား တရားစီရင်၍ ဖျက်ဆီးခြင်းကို ခံရမည့်နိ့တိုင်အောင် ထိုအရာများကို ထိန်းသိမ်းလျက်ဟိ၏။


ချစ်ခြင်းမေတ္တာသည် ငါရို့၌ ပြည့်စုံစီခြင်းအားဖြင့် တရားစီရင်တော်မူရာနိ့၌ ငါရို့သည် ယုံကြည်စိတ်ချမှု ဟိကြလိမ့်မည်။ အကြောင်းမူကား လောက၌ ငါရို့သည် ခရစ်တော်နည်းတူ အသက်ရှင်ကြသောကြောင့် ဖြစ်၏။


သောဒုံမြို့၊ ဂေါမောရမြို့နှင့် ထိုမြို့များ၏ ပတ်ဝန်းကျင်၌ဟိသော မြို့များကို သတိရကြလော့။ ထိုမြို့များမှ မြို့သူမြို့သားရို့သည် အဆိုပါ ကောင်းကင်တမန်တိကဲ့သို့ ကာမဂုဏ်လိုက်စား၍ သဘာဝနှင့်ဆန့်ကျင်သည့် အပျော်အပါးကို လိုက်စားခကြ၏။ သူရို့အား ယှင်းလင်းပြတ်သားစွာ သတိပီးသည့်အနိန်ဖြင့် သူရို့အားလုံးသည် ထာဝရမီးထဲတွင် အပြစ်ဒဏ်ကို ခံရကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ