20 ထို့ကြောင့် ထိုသူသည် ထွက်လား၍၊ ယေသျှုသည် မိမိ၌ ဇာမျှလောက် ကျေးဇူးပြုတော်မူကြောင်းကို၊ မြို့ဆယ်မြို့ဟိသော ဒေကာပေါလိပြည် တစ်လျှောက်လုံးတွင် အနှံ့အပြား ပြောကြားရာ ကြားရသောသူရို့သည် အံ့ဩကြ၏။
ဂါလိလဲပြည်၊ ဒေကပေါလိပြည်၊ ယေရုဆလင်မြို့၊ ယုဒပြည်နှင့် ယော်ဒန်မြစ်တစ်ဘက်ကမ်းမှ လူအပေါင်းရို့သည်လည်း ကိုယ်တော်၏နောက်တော်သို့ လိုက်လာကြ၏။
ယေသျှုသည် ထိုစကားကို ကြားသောအခါ လွန်စွာအံ့သြတော်မူ၍ ကိုယ်တော်၏နောက်သို့ လိုက်လာကြသောလူများကို ဤသို့ မိန့်တော်မူ၏။ “ငါဆိုသည်ကား၊ ဤသို့သောယုံကြည်ခြင်းကို ဣသရေလလူမျိုးထဲ၌ပင်လျှင် ငါ မတွိ့ဖူးသိမ့်။
တုရုဒေသမှ အပြန်တွင် ယေသျှုသည် ဇိဒုန်မြို့ကို လည်းကောင်း၊ ဒေကာပေါလိပြည် အလယ်ပိုင်းကို လည်းကောင်း ဖြတ်၍ ဂါလိလဲအိုင်သို့ ကြွတော်မူ၏။