Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




မာကု 4:41 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

41 ထိုအခါ သူရို့သည် အလွန်ကြောက်လန့်၍ “ဤလူကား ဇာပိုင်လူလဲ၊ လီနှင့်လှိုင်းတောင်မှ ဤလူ၏ အမိန့်ကို လိုက်နာကြ၏” ဟု အချင်းချင်း ပြောဆိုနိန်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




မာကု 4:41
17 ပူးပေါင်းရင်းမြစ်များ  

သူရို့နှစ်ယောက်သည် လောင်းထက်သို့ ရောက်သောအခါ လီသည်လည်း ငြိမ်လေ၏။


လူတိသည် အလွန်အံ့ဩကြသည်ဖြစ်၍ “ဤသူကား ဇာပိုင်လူလဲ၊ လီနှင့် လှိုင်းတိတောင် သူ့အမိန့်ကို နာခံကတ်တေကား” ဟု ပြောကြ၏။


ထို့နောက် ကိုယ်တော်သည် တပည့်တော်ရို့အား “ဇာတွက်နှင့် ဤမျှလောက် ကြောက်ကြသနည်း။ ဇာကြောင့် ယုံကြည်ခြင်း မဟိသနည်း” ဟု မိန့်တော်မူ၏။


ယေသျှုနှင့် တပည့်တော်ရို့သည် ဂါလိလဲအိုင် တစ်ဖက်ကမ်းဟိ ဂါရစဒေသသို့ ရောက်ကြ၏။


ထိုအမျိုးသမီးသည် မိမိ၌ မည်သို့ဖြစ်သည်ကို သိသောကြောင့် ကြောက်ရွံ့တုန်လှုပ်လျက်၊ ရှိ့တော်သို့ လာရောက်ပျပ်ဝပ်၍ ဖြစ်သမျှသော အကြောင်းအရာတိကို အဟုတ်အမှန် ကြားလျှောက်လေ၏။


ထိုအဖြစ်အပျက်၊ အကြောင်းအရာများကို ကြားရသောသူရို့သည် လွန်စွာအံ့သြကြလျက် “ကိုယ်တော်သည် ခပ်သိမ်းသော အမှုအရာများကို လျောက်ပတ်စွာ ပြုတော်မူယာ။ နားမကြားသော သူတိကို ကြားစီတော်မူပြီး၊ စကားအသော သူတိကိုလည်း စကားပြောနိုင်စီ၏” ဟု ပြောဆိုကြ၏။


လူအပေါင်းရို့သည် အံ့သြလျက် “ဤစကားက ဇာပိုင်မျိုးလဲ၊ ဤသူသည် ဝိညာဉ်ဆိုးတိကို ထွက်လားရန် တန်ခိုးအာဏာဖြင့် အမိန့်ပီး၍ သူရို့ ထွက်လားကြပါသည်တကား” ဟု အချင်းချင်း ပြောဆိုကြ၏။


ထို့နောက် ကိုယ်တော်က၊ “သင်ရို့ ယုံကြည်ခြင်းက ဇာမာလဲ” ဟု တပည့်တော်တိအား မိန်းတော်မူ၏။ သို့သော် သူရို့သည် ကြောက်ရွံ့အံ့သြလျက် “ဤသူကား ဇာပိုင်မျိုးလူလဲ၊ လေနှင့်လှိုင်းတိကိုပင် အမိန့်ပီးသောအခါ သူရို့သည် အမိန့်နာခံကြသည်တကား” ဟု အချင်းချင်း ပြောဆိုကြ၏။


ထို့ကြောင့် ငါရို့သည် မတုန်မလှုပ်နိုင်သော နိုင်ငံတော်ကို ရထားကြသည်ဖြစ်၍ ကျေးဇူးတော်ကို ချီးမွမ်းကြကုန်အံ့။ ထိုသို့ ကျေးဇူးတော်ချီးမွမ်းလျက် ကြောက်ရွံ့ရိုသီသောစိတ်ဖြင့် ဘုရားသခင် နှစ်သက်တော်မူသောဝတ်ပြုခြင်းကို ဆောင်ရွက်ကြကုန်အံ့။


အို ဘုရားသခင်၊ ကိုယ်တော်အား မကြောက်ရွံ့ မရိုသီ၊ မချီးမွမ်းဘဲ ဇာသူနိန်နိုင်ပါမည်နည်း။ ကိုယ်တော်တစ်ပါးတည်းသာလျှင် သန့်ယှင်းမြင့်မြတ်တော်မူပါ၏။ ကိုယ်တော်ပြုတော်မူသော အမှုများသည် ဖြောင့်မတ်မှန်ကန်ကြောင်း ပေါ်လွင်ထင်ရှားသဖြင့် လူမျိုးတကာရို့သည် ရှိ့တော်သို့ လာ၍ ပျပ်ဝပ်လျက် ချီးမွမ်းကိုးကွယ်ကြပါလိမ့်မည်” ဟူ၍ ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ