3 ယေသျှုသည် ထိုသူအား “ရှိ့သို့လာ၍ ရပ်လော့” ဟု မိန့်တော်မူ၏။
ထိုနီရာ၌ လက်တစ်ဖက်သီနိန်သော လူတစ်ယောက်ဟိ၏။ ယေသျှုကို အမှားရှာ၍ အပြစ်တင်စွပ်စွဲလိုသော လူအချို့သည်လည်း ထိုနီရာ၌ ဟိနိန်ကြ၏၊ ထို့ကြောင့် ထိုသူရို့က “ဥပုသ်နိ့မှာ အနာရောဂါပျောက်စီခြင်းသည် ငါရို့၏ ပညတ်တရားကို ဆန့်ကျင်သည်မဟုတ်ပါလား” ဟု မိန်းကြ၏။
ထိုအရပ်၌ ဟိသောလူအချို့သည် ကိုယ်တော်အား ပြစ်တင်စွပ်စွဲခွင့် ရခြင်းငှာ ဥပုသ်နိ့၌၊ ထိုသူ၏ရောဂါကို ကိုယ်တော်သည် ပျောက်ကင်းစီတော်မူမည်၊ မမူမည်ကို အနီးကပ် စောင့်ကြည့်နိန်ကြ၏။
ထို့နောက် ကိုယ်တော်က လူရို့အား “ငါရို့ပညတ်ကျမ်းအရ ဥပုသ်နိ့၌ ကောင်းသောအရာကို ပြုသင့်သလော၊ သို့မဟုတ် ဆိုးသောအရာကို ပြုသင့်သလော။ လူ့အသက်ကို ကယ်သင့်သလော၊ သို့မဟုတ် သတ်သင့်သလော” ဟု မိန်းတော်မူလျှင်၊ လူရို့သည် တိန်းနိန်ကြ၏။
သို့သော် ယေသျှုသည် ထိုသူရို့၏ အကြံအစည်ကို သိသောအခါ လက်သီသောသူအား “ထလာပြီးလျှင် ရှိ့တွင်လာရပ်ပါ” ဟု မိန့်တော်မူသည်အတိုင်း ထိုသူသည် ထ၍ မတ်တပ်ရပ် နိန်၏။
ငါ့ကို စီရွှတ်တော်မူသော အသျှင်၏ အမှုတော်မြတ်ကို နိ့အချိန်ဟိစဉ် ငါရို့ လုပ်ဆောင်ရမည်။ တစ်ယောက်လည်း မလုပ်နိုင်သော ညဉ့်အချိန် ရောက်လာလိမ့်မည်။
ထို့ကြောင့် ချစ်သောညီအစ်ကို မောင်နှမရို့၊ သင်ရို့၏ယုံကြည်ခြင်း၌ တည်တံ့ခိုင်ခန့်စွာ ရပ်ကြလော။ သခင်ဘုရား၏ အမှုတော်ကို ဆောင်ရွက်ခြင်းသည် မည်သည့်အခါမျှ အချည်းနှီးမဖြစ်ကြောင်းကို သိမှတ်ကာ အမှုတော်ကို အစဉ်အမြဲ ဆောင်ရွက်ကြလော့။
သို့ဖြစ်၍ ငါရို့သည် အားမလျော့စိတ်မပျက်ဘဲ ကောင်းသောအကျင့်ကို ကျင့်ကြကုန်အံ့။ ထိုသို့ပြုလျှင် ငါရို့သည် အချိန်တန်သောအခါ အသီးအနှံကို ရိတ်သိမ်းရလိမ့်မည်။
ဤသို့ ငါအကျဉ်းခံရခြင်းကြောင့် ယုံကြည်သူအများပင် သခင်ဘုရား၌ ပို၍ ယုံကြည်စိတ်ချလာကြ၏။ သို့ဖြစ်၍ သူရို့သည် မကြောက်မရွံ့ဘဲ သတင်းကောင်းတရားတော်ကို ပိုမို၍ ဟောပြောဝံ့ကြပေ၏။
ခရစ်တော်သည် ကိုယ်ကာယ၌ ဝေဒနာကို ခံတော်မူခသည်ဖြစ်၍ သင်ရို့သည်လည်း ထိုသို့သော သဘောကို ခံယူကြရမည်။ အကြောင်းမူကား ကိုယ်ကာယ၌ ဝေဒနာကို ခံပြီးသောသူသည် ဒုစရိုက်အပြစ်နှင့် ပြတ်စဲပြီ ဖြစ်သောကြောင့်ဖြစ်၏။