မာကု 16:16 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား16 ယုံကြည်၍ ဗတ္တိဇံမင်္ဂလာကို ခံယူသောသူတိုင်း ကယ်တင်တော်မူခြင်းကို ခံရမည်။ မယုံကြည်သောသူမူကား အပြစ်စီရင်ခြင်းကို ခံရမည်။ အခန်းကိုကြည့်ပါ။ |
ထိုအခါ ပေါလုနှင့် ဗာနဗ ရို့က “ငါရို့သည် သင်ရို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အဦးဆုံး ပြောပြလိုပါ၏။ သို့သော်လည်း သင်ရို့သည် ထာဝရအသက်ကို တန်ဖိုးမထားဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ငြင်းပယ်ကြသောကြောင့် ငါရို့သည် သင်ရို့ကို ထားခပြီးလျှင် အခြားလူမျိုးတိပါးသို့ ခရီးဆက်ကြရမည်ဟု ရဲရင့်ပြတ်သားစွာ ထုတ်ဖော်ပြောဆိုကြလေ၏။
ဤအရာသည် အဂု သင်ရို့ကို ကယ်တင်သော ဗတ္တိဇံမင်္ဂလာကို ပုံဆောင်ပေသည်။ ဗတ္တိဇံမင်္ဂလာ ခံယူခြင်းသည် ကိုယ်ကာယ အညစ်အကြေးများကို ဆီးကြောခြင်း မဟုတ်။ ကြည်လင်သောအသိစိတ်ဖြင့် ဘုရားသခင်၏ ရှိ့တော်၌ ကတိသစ္စာပြုခြင်း ဖြစ်ပေသည်။ ထိုဗတ္တိဇံတရားသည်ကား ယေသျှု ခရစ်တော်၏ ရှင်ပြန်ထမြောက်တော်မူခြင်းအားဖြင့် သင်ရို့အား ကယ်တင်ရာအကြောင်း ဖြစ်၏။