3 ယဇ်ပုရောဟိတ်အကြီးအကဲရို့သည် ယေသျှုကို အမျိုးမျိုး ပြစ်တင်စွပ်စွဲကြ၏။
ယဇ်ပုရောဟိတ်မင်းတိနှင့် လူအကြီးအကဲရို့၏ စွပ်စွဲမိန်းမြန်းချက်များကိုမူကား ကိုယ်တော်သည် လုံးဝ ပြန်ပြောတော်မမူ။
ပိလတ်မင်းက “သင်သည် ယုဒသျှင်ဘုရင်ဆိုသည်မှာ မှန်သလော” ဟု ကိုယ်တော်အား မိန်းလေ၏။ ယေသျှုက “မင်းကြီးပြောသည့်အတိုင်း အမှန်ပင်ဖြစ်၏” ဟု မိန့်တော်မူ၏။
ထို့ကြောင့် ပိလတ်မင်းသည် ကိုယ်တော်အား “သင်သည် တစ်ခွန်းမျှမဖြေဘဲ နိန်ပါသည်တကား။ သင့်ကို ဇာလောက် အပြစ်တင်စွပ်စွဲ နိန်ကြသည်ကို ကြည့်ပါ” ဟု ဆို၏။
ယေသျှုသည် စကားတစ်ခွန်းကိုမျှ ပြန်၍ ဖြေတော်မမူသဖြင့် ပိလတ်မင်းသည် အံ့သြလေ၏။
ဤစကားကို ပိလတ်ကြားသောခါ၊ သူသည် ယေသျှုကို ပြန်လွှတ်ရန် ကြိုးစားပြန်၏။ သို့ရာတွင် ယုဒလူမျိုး အပေါင်းရို့က “ထိုသူအား လွှတ်ပီးလိုက်လျှင် မင်းကြီးသည် ဧကရာဇ်မင်း၏ မိတ်ဆွီ မဟုတ်ယာ၊ မိမိကိုယ်ကို ဘုရင်ဟု ဆိုသူသည် ဧကရာဇ်မင်း၏ ရန်သူသာ ဖြစ်ပါ၏” ဟု အော်ဟစ်ပြောဆိုကြ၏။