24 ထို့နောက် သူရို့သည် ကိုယ်တော်အား လက်ဝါးကပ်တိုင်ထက်၌ ရိုက်ထားကြ၏။ အဝတ်တော်ကိုကား မဲနှိုက်၍ ခွဲဝီယူကြ၏။
ယေသျှုက “အိုအဖ၊ သူရို့၏ အပြစ်ကို ခွင့်ရွှတ်တော်မူပါ။ သူရို့သည် ကိုယ်ပြုနိန်သောအမှုကို မသိကတ်ပါ” ဟု မြွက်ဆိုတော်မူ၏။ ထိုသူရို့သည် ကိုယ်တော်၏အဝတ်တော်ကို မဲချ၍ ဝီယူကြ၏။
ဘုရားသခင်သည် ယေသျှုကို သင်ရို့လက်သို့ အပ်နှံလိမ့်မည်ဟု ဆုံးဖြတ်ထားသော မိမိ၏ အကြံအစည်တော်အတိုင်း သင်ရို့သည် မတရားသောသူရို့လက်သို့ အပ်နှံ၍ လက်ဝါးကပ်တိုင်၌ ထိုအသျှင်ကို တင်၍ ကွပ်မျက်ကြ၏။
ငါရို့အဖိုးအဖီးရို့၏ဘုရားသခင်သည် လက်ဝါးကပ်တိုင်ထက်၌ သံမှိုဖြင့်ရိုက်၍ သင်ရို့ သတ်ခသော ယေသျှုကို ရှင်ပြန်ထမြောက်စီတော်မူခယာ။
ခရစ်တော်သည် အပြစ်ကင်းသော်လည်း ဘုရားသခင်သည် ငါရို့အပြစ်အတွက်ကြောင့် ခရစ်တော်အား အပြစ်ဟိသောသူဟု မှတ်တော်မူ၏။ ဤသည်ကား ငါရို့သည် ထိုအသျှင်အားဖြင့် ဘုရားသခင်ရှိ့တော်၌ ဖြောင့်မတ်သောသူ ဖြစ်မည်အကြောင်းတည်း။
သို့ရာတွင် “သစ်တိုင် ထက်တွင် ဆွဲထားခြင်းကို ခံရသောသူသည် ဘုရားသခင်၏ ကျိန်ခြင်းခံရသူဖြစ်၏” ဟု ကျမ်းစာတော်မြတ်၌ လာသည်နှင့်အညီ ခရစ်တော်သည် ငါရို့အတွက်ကြောင့် ကျိန်ခြင်းကို ခံရသောသူဖြစ်ပြီး ငါရို့အား ပညတ်တရား၏ ကျိန်ခြင်းမှ ရွီးနုတ်တော်မူ၏။
ငါရို့သည် အပြစ်တရား၌ သီဆုံး၍ ဖြောင့်မတ်ခြင်းတရား၌ အသက်ရှင်စီမည်အကြောင်း ခရစ်တော်သည် ငါရို့၏ အပြစ်များကို မိမိ၏ကိုယ်ခန္ဓာ၌ ယူဆောင်ကာ ကိုယ်တော်တိုင် လက်ဝါးကပ်တိုင်ထက်၌ အသီခံတော်မူ၏။ သင်ရို့သည် ကိုယ်တော်၏ ဒဏ်ရာဒဏ်ချက်တော်အားဖြင့် အနာပျောက်ကင်းခြင်း အခွင့်ကို ရကြ၏။