20 ယေသျှုကလည်း၊ “ထိုသူကား တစ်ကျိပ်နှစ်ပါးရို့တွင် တစ်ယောက် အပါအဝင်ဖြစ်၏။ ထိုသူကား ငါနှင့်အတူ လောင်ပွန်း၌ လက်နှိုက်သောသူဖြစ်၏။
ယေသျှုက “ဤခွက်၌ ငါနှင့်အတူ လက်ဆုံကျသောသူသည် ငါ့ကို သစ္စာဖောက်မည့်သူ ဖြစ်၏။
ကိုယ်တော် စကားပြောနိန်စဉ်မှာပင်၊ တပည့်တော် တစ်ဆယ့်နှစ်ယောက်ထဲက တစ်ယောက်ဖြစ်သည့် ယုဒသျှကာရုဒ်သည် ယဇ်ပုရောဟိတ်အကြီးအကဲတိနှင့် လူ့အဖွဲ့အစည်းခေါင်းဆောင်တိက လွှတ်လိုက်သော တုတ်၊ ဓါး ကိုင်ဆောင်ထားသည့် လူအုပ်ကြီးနှင့်အတူ ရောက်လာကြ၏။
တပည့်တော်တိကလည်း စိတ်မကောင်းဖြစ်ကြပြီးလျှင် “ထိုသူကား အကျွန်လော” ဟု ကိုယ်တော်အား တစ်ယောက်ပြီးတစ်ယောက် မိန်းလျှောက်ကြ၏။
ကျမ်းစာလာသည်အတိုင်း၊ လူသားသည် အသီခံရမည်။ သို့ရာတွင် လူသားကို ရန်သူ့လက်ထဲသို့ အပ်သောသူကား အမင်္ဂလာဟိ၏။ ထိုသူသည် မွီးဖွားခြင်းကို မခံရလျှင်၊ သူ့အတွက် ပိုပြီး ကောင်းသိမ့်၏” ဟု မိန့်တော်မူ၏။
ယေသျှုသည် ထိုသို့ မိန့်တော်မူစဉ်တွင် တစ်ကျိပ်နှစ်ပါးအဝင်ဖြစ်သော ယုဒနှင့်အတူ လူရို့သည် တုတ်၊ ဓားကို ကိုင်ဆောင်၍ ရောက်လာကြ၏။ ထိုသူရို့သည် ယဇ်ပုရောဟိတ်အကြီးအကဲတိ၊ ကျမ်းတတ်ဆရာတိနှင့် ဘာသာရေးခေါင်းဆောင်တိက စီလွှတ်သောကြောင့် ရောက်လာကြ ခြင်းဖြစ်၏။
ထိုသို့ ယေသျှုသည် မိန့်တော်မူစဉ် တပည့်တော် တစ်ဆယ့်နှစ်ပါး အပါဝင်ဖြစ်သော ယုဒသျှကာရုတ်သည် လူထုကြီးကို ဦးဆောင်၍ ရောက်လာပြီး၊ ယေသျှုအား နမ်းခြင်းငှာ ချဉ်းကပ်လာ၏။
ယေသျှုက “ဤမုန့်တစ်ဖဲ့ကို အချဉ်ရည်၌ တို့၍ ငါပီးသောသူဖြစ်၏” ဟု မိန့်တော်မူ၏။ ထို့နောက် မုန့်တစ်ဖဲ့ကို အချဉ်ရည်ခွက်ထဲ၌ တို့ပြီးလျှင် သျှိမုန်သျှာကာရုတ်၏သား ယုဒကို ပီးလေ၏။
ကိုယ်တော်သည် သျှိမုန်သျှာကာရုတ်၏သား ယုဒကို ရည်မှတ်၍ ပြောဆိုခြင်းဖြစ်၏။ အကြောင်းမူကား ယုဒသည် တစ်ကျိပ်နှစ်ပါးသော တပည့်တော်တိ အဝင်ဖြစ်သော်လည်း မိမိအား ရန်သူ့လက်သို့ အပ်မည့်အကြောင်းကို သိတော်မူသောကြောင့်ဖြစ်၏။