26 ယင်းအခါ လူသားသည် ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်နှင့် မိုးတိမ်ထဲက ကြွလာသည်ကို မြင်ရကြလိမ့်မည်။
ယေသျှုကလည်း “ယောန၏သား၊ သျှိမုန် သင်သည် မင်္ဂလာဟိ၏။ အကြောင်းမူကား ဤအမှန်တရားသည် လူအားဖြင့်မဟုတ်၊ ကောင်းကင်ဘုံ၌ဟိတော်မူသော ငါ၏အဖသည် သင့်အား တိုက်ရိုက် ဖော်ပြတော်မူခြင်းဖြစ်၏။”
အကြောင်းမူကား၊ လူသားသည် မိမိအဖ၏ဘုန်းတန်ခိုးတော်ဖြင့် ကောင်းကင်တမန်များနှင့် အတူ ကြွလာလိမ့်မည်၊ ထိုအခါ လူတစ်ယောက်စီတိုင်းအား မိမိရို့ ပြုသည့်အတိုင်း ခံစားစီလိမ့်မည်။
သင်ရို့ကို ငါ အမှန်ဆိုသည်ကား လူသားသည် သျှင်ဘုရင်အဖြစ်ဖြင့် ကြွလာတော်မူသည်ကို မြင်ကြရသည့်တိုင်အောင် ဤအရပ်၌ ဟိနိန်ကြသော လူတချို့သည် မသီကြရသိမ့်” ဟု မိန့်တော်မူ၏။
ထို့နောက် လူသား၏နိမိတ်လက္ခဏာသည် အာကာပြင်၌ ပေါ်ထွန်းလာလိမ့်မည်။ ကောင်းကင်တိမ်တိုက်များထက်တွင် ကြီးမြတ်သောဘုန်းတန်ခိုးတော်နှင့် ကြွလာတော်မူသော လူသားကို မြင်ကြသောအခါ မြီကြီးထက်၌ဟိသော လူမျိုးနွယ်စုအားလုံးသည် ဝမ်းနည်းကြီကွဲကြလိမ့်မည်။
“လူသားသည် ကောင်းကင်တမန်အားလုံးနှင့်အတူ မိမိ၏ဘုန်းတန်ခိုးတော်ဖြင့် ကြွလာတော်မူသောအခါ၊ မိမိ၏ ဘုန်းတော်နှင့်ပြည့်စုံတော်မူသော ပလ္လင်တော်ထက်၌ စိုးစံတော်မူလိမ့်မည်။
ယေသျှု ကလည်း “မှန်ပေ၏။ သင် ပြောသည့်အတိုင်း ငါ ဖြစ်၏။ လူသားသည် အနန္တတန်ခိုးသျှင်၏ လက်ယာဖက်၌ ထိုင်လျက်၊ မိုးတိမ်ကို စီးလျက် ကြွလာသည်ကို သင်ရို့သည် မြင်ရကြလိမ့်မည်” ဟု မိန့်တော်မူ၏။
ဖောက်ပြန်၍၊ ဒုစရိုက်တိနှင့် ပြည့်နိန်သော ဤလောက၌ အကြင်သူသည် ငါနှင့် ငါ၏သြဝါဒကို ရှက်လျှင်၊ လူသားသည်လည်း အဖခမည်းတော်၏ ဘုန်းတန်ခိုးတော်ကို ဆောင်၍ သန့်ယှင်းသော ကောင်းကင်တမန်ရို့နှင့် ကြွလာသောအခါ ထိုသူကို ရှက်လိမ့်မည်” ဟု မိန့်တော်မူ၏။
ထို့နောက် ကိုယ်တော်က “သင်ရို့ကို ငါ အမှန်ဆိုသည်ကား ဘုရားသခင်၏ နိုင်ငံတော်သည် တန်ခိုးအာဏာနှင့်တကွ တည်သည်ကို ဤအရပ်၌ဟိသော လူတချို့သည် မမြင်ရဘဲ၊ မသီဆုံးရကြ” ဟု မိန့်တော်မူ၏။
ထိုအချိန်၌ လူသားသည် တိမ်ကိုစီးပြီး ကြီးစွာသော ဘုန်းတန်ခိုးကိုဆောင်၍ ကြွလာတော်မူသည်ကို သူရို့သည် မြင်ကြလိမ့်မည်။
“ဂါလိလဲပြည်သားရို့၊ ဇာဖြစ်လို့ ရပ်လျက် အာကာပြင်ကို ကြည့်နိန်ကြသနည်း။ ယေသျှုသည် သင်ရို့ထံမှ ကောင်းကင်ဘုံသို့ ချီဆောင်ခြင်းကို ခံတော်မူသည်ကို သင်ရို့ မြင်ရသည့်နည်းတူ ကောင်းကင်မှ တဖန် ကြွလာတော်မူလိမ့်မည်” ဟု ဆိုကြ၏။
အကြောင်းမူကား ကြွေးကြော်ခြင်းနှင့်တကွ ကောင်းကင်တမန်မင်း၏ အသံ၊ ဘုရားသခင်၏ တံပိုးမှုတ်သံတိကို ကြားရသောအခါ သခင်ဘုရားကိုယ်တော်တိုင် ကောင်းကင်ဘုံမှ ဆင်းသက် ကြွလာတော်မူလိမ့်မည်။ ခရစ်တော်ကို ယုံကြည်၍ သီလွန်ပြီးသောသူများသည် ဦးစွာ ထမြောက်ကြလိမ့်မည်။
ငါရို့၏အသျှင် ယေသျှုခရစ်တော်သည် တန်ခိုးတော်နှင့် ကြွလာတော်မူခြင်းကို သင်ရို့အား ဖော်ပြရာ၌ ငါရို့သည် ပရိယာယ်နှင့် ပျင်ဆင်ထားသော ပုံပြင်များကို ပြောကြားနိန်ခြင်း မဟုတ်။ ငါရို့ကိုယ်တိုင် ထိုအသျှင်၏ ကြီးမြတ်သောဘုန်းတန်ခိုးတော်ကို ဖူးမြင်ရကြသောသူများ ဖြစ်ကြ၏။
ကြည့်ရှုလော့။ ကိုယ်တော်သည် မိုးတိမ်စီး၍ ကြွလာတော်မူလိမ့်မည်။ ကိုယ်တော်အား လှံဖြင့် ထိုးခသော သူတိပါမကျန် လူအပေါင်းရို့သည် ကိုယ်တော့်ကို မြင်ကြရလိမ့်မည်။ မြီကြီး၌ ဟိသော လူအပေါင်းရို့သည် ကိုယ်တော်ကြောင့် ရင်စည်တီးလျက် ငိုကြွီးကြလိမ့်မည်။ ထိုသို့ ဖြစ်ပါစီသောဝ်၊ အာမင်။